သိုင်းရွိုက်အလုပ်လုပ်အားနည်းခြင်းအတွက် သဘာဝကုထုံးများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

သိုင်းရွိုက်ဂလင်း ကောင်းစွာ အလုပ်မလုပ်ခြင်းအတွက် အဓိကကုထုံးကတော့ သိုင်းရွိုက်ဟော်မုန်းများ အစားထိုးကုသခြင်း ဖြစ်ပါတယ်။ ဆေးဝါးကုထုံးဖြစ်တဲ့အားလျော်စွာ ဘေးထွက်ဆိုးကျိုးများ ရှိခြင်း၊ ဆေးသောက်ဖို့ပျက်ကွက်ရင် ရောဂါလက္ခဏာ ပိုဆိုးလာခြင်း စတာတွေ ကြုံနိုင်ပါတယ်။ တခါတရံမှာ သဘာဝကုထုံးများဟာ ဘေးထွက်ဆိုးကျိုးနည်းပြီး အကျိုးလည်း ရှိတာကို တွေ့နိုင်ပါတယ်။

သဘာဝကုထုံးများရဲ့ ရည်ရွယ်ချက်ကတော့ သိုင်းရွိုက်ပြဿနာနဲ့ရင်းမြစ်ကို ထိန်းချုပ်နိုင်ဖို့ ဖြစ်ပါတယ်။ များသောအားဖြင့် စားသောက်ပုံမမှန်ခြင်း၊ စိတ်ဖိစီးခြင်း၊ အာဟာရမပြည့်ဝခြင်း စတဲ့ပြဿနာတွေကြောင့် ဖြစ်တတ်ပါတယ်။ ယခုဆက်လက်ဖော်ပြမယ့် အကြောင်းအရာကတော့ သိုင်းရွိုက်ကောင်းစွာ အလုပ်မလုပ်ခြင်းအတွက် သဘာဝကုထုံးနည်းလမ်းများပဲ ဖြစ်ပါတယ်။

၁။ ဆီလီနီယံ

ဆီလီနီယံဟာ သိုင်းရွိုက်ဟော်မုန်း ဇီဝဖြစ်စဉ်မှာ အရေးပါပါတယ်။ ဆီလီနီယံကြွယ်ဝတဲ့ အားအစာတွေကတော့

– တူနာငါး

– ကြက်ဆင်သား

– Brazil nut

– အမဲသား စတာတွေ ဖြစ်ပါတယ်။

ဟာရှီမိုတို သိုင်းရွိုက်ရောဂါမှာ ကိုယ်ခံအားစနစ်ဟာ သိုင်းရွိုက်ကိုတိုက်ခိုက်ပြီး ကိုယ်ခန္ဓာရဲ့ဆီလီနီယံ ရရှိမှုကို လျော့ကျစေပါတယ်။ ဒါကြောင့် ဆီလီနီယံကို ဖြည့်စွက်စားသုံးပေးခြင်းဟာ thyroxine (T4) ဟော်မုန်းကို ဟန်ချက်ညီအောင် ကူညီပေးပါတယ်။ သုံးစွဲရမယ့် ဆီလီနီယံပမာဏကိုတော့ နားလည်တတ်ကျွမ်းသူတွေဆီမှာ မေးမြန်းတိုင်ပင်သင့်ပါတယ်။

၂။ သကြားမပါသော စားသောက်ပုံ

သကြားများတဲ့၊ စားကောင်းစေဖို့ အဆင့်ဆင့်ပြုပြင်ထားတဲ့ အစားအစာများဟာ ခန္ဓာကိုယ်ထဲမှာ ရောင်ရမ်းမှုကို ပိုမိုဆိုးရွားစေပြီး T4 ဟော်မုန်းကနေ T3 အဖြစ်ပြောင်းလဲဖို့ နှေးကွေးသွားစေပါတယ်။ အဲဒီအခါ သိုင်းရွိုက်ရောဂါလက္ခဏာတွေ ပိုမိုဆိုးရွားလာပါတယ်။ စားနေကြ အစားအသောက်ထဲကနေ သကြားဓာတ်ကို ဖယ်ထုတ်ခြင်းဟာ ဖိစီးမှုပမာဏနဲ့ အရေပြားအတွက်လည်း အကျိုးရှိပါတယ်။ နေ့စဉ် စားနေကြ အစားအစာကနေ သကြားကို ဖယ်ထုတ်ဖို့ရာ မလွယ်ပါဘူး။ ဒါပေမယ့် သိုင်းရွိုက်ရောဂါအတွက် အကျိုးရှိတာမို့ ကြိုးစားသင့်ပါတယ်။

၃။ ဗီတာမင် ဘီ

ဗီတာမင် ဖြည့်စွက်စာတချို့ကို စားသုံးပေးခြင်းဟာ သိုင်းရွိုက်ကို အကျိုးဖြစ်စေပါတယ်။ သိုင်းရွိုက်ဟော်မုန်း နည်းပါးခြင်းဟာ ကိုယ်ခန္ဓာရဲ့ ဗီတာမင် B12 ပမာဏအပေါ် သက်ရောက်မှု ရှိပါတယ်။ ဗီတာမင် B12 သုံးစွဲပေးခြင်းဟာ သိုင်းရွိုက်ဂလင်း အလုပ်ကောင်းကောင်းမလုပ်ခြင်းကြောင့် ဖြစ်တတ်တဲ့ ထိခိုက်မှုအချို့ကို ပြုပြင်ပေးနိုင်ပါတယ်။

ဗီတာမင် B12 ဟာ သိုင်းရွိုက်ပြဿနာကြောင့်ဖြစ်တတ်တဲ့ မောပန်းနွမ်းနယ်ခြင်းကိုလည်း သက်သာစေနိုင်ပါတယ်။ သိုင်းရွိုက်ပြဿနာဟာ ဗီတာမင် B1 ပမာဏကိုလည်း ထိခိုက်စေပါတယ်။ ဒါကြောင့် ဗီတာမင် B အုပ်စုကြွယ်ဝတဲ့ အစားအစာတွေဖြစ်တဲ့

– ပဲအမျိုးမျိုး

– ကညွတ်

– နှမ်းစေ့

– တူနာငါး

– ချိစ်

– နို့

– ဥအမျိုးမျိုး စတာတွေကို စားသုံးပေးသင့်ပါတယ်။

များသောအားဖြင့် ဗီတာမင် B12 ဟာ လူတိုင်းလိုလိုနဲ့ တည့်ပါတယ်။ ဘယ်လောက်သုံးစွဲသင့်တယ် ဆိုတာကိုတော့ နားလည်တတ်ကျွမ်းသူတွေနဲ့ တိုင်ပင်သင့်ပါတယ်။

၄။ ခန္ဓာကိုယ် အကျိုးပြုဘက်တီးရီးယားများ

သိုင်းရွိုက်အလုပ်လုပ်နည်းခြင်းနဲ့ အူသိမ်ပြဿနာတွေအကြား ဆက်စပ်မှု ရှိပါတယ်။ အစာအိမ်အူလမ်းကြောင်း လှုပ်ရှားမှုပြောင်းလဲတတ်ခြင်းကို သိုင်းရွိုက်အလုပ်လုပ်နည်းခြင်းမှာ တွေ့ရတတ်ပါတယ်။ အူလမ်းကြောင်းဘက်တီးရီးယား ပိုမိုပေါက်ပွားခြင်းကို ဖြစ်ပေါ်စေပြီး နာတာရှည်အူလမ်းကြောင်းပြဿနာတွေ (ဥပမာ ဝမ်းပျက်ခြင်း) ကို ဖြစ်ပေါ်စေပါတယ်။

ခန္ဓာကိုယ်အကျိုးပြုဘက်တီးရီးယားတွေ ပါဝင်တဲ့ Probiotic ဓာတ်စာများဟာ အစာအိမ်အူလမ်းကြောင်းထဲမှာ အကျိုးပြုဘက်တီးရီးယားတွေကို များပြားလာစေပြီး အူလမ်းကြောင်းကို အကျိုးပြုပါတယ်။ ဒါ့အပြင် ဒိန်ခဲ၊ ဒိန်ချဉ် စတာတွေကိုလည်း စားသုံးနိုင်ပါတယ်။

၅။ ဂလူတန်မပါသော အစားအစာများ

ဂလူတန်ဟာ ပရိုတိန်းတမျိုး ဖြစ်ပါတယ်။ သိုင်းရွိုက်ရောဂါရှိသူအများစုမှာ Celiac ရောဂါပါရှိတတ်ကြပြီး အဆိုပါရောဂါဟာ အစာခြေလမ်းကြောင်းပြဿနာဖြစ်ပြီး ဂလူတန်ကနေ ကိုယ်ခံစွမ်းအားကို နှိုးဆွလို့ ဖြစ်ပေါ်ရခြင်း ဖြစ်ပါတယ်။ ဟာရှီမိုတိုသိုင်းရွိုက်ရောဂါနဲ့ သိုင်းရွိုက်အလုပ်လုပ်အားနည်းခြင်း ပြဿနာ ရှိသူတွေမှာ ဂျုံနဲ့ ဂလူတန်ပါတဲ့ တခြားအစားအစာတွေကို ရှောင်လိုက်ရင် သက်သာတာကို တွေ့ရပါတယ်။ ဒါပေမယ့် ဒီအချက်ကို ပိုမိုခိုင်မာစေဖို့ သုတေသနတွေ လိုအပ်ပါသေးတယ်။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အရသာရှိရှိ ဆေးဘဲဥသုပ် စားကြရာဝယ်

ဆေးဘဲဥလို့ ပြောလိုက်ရင် လူတိုင်း မြင်ဖူး စားဖူးကြမှာပါ။ အပေါ်က ထုံးလိုအရာတွေ မံထားပြီး ဒါတွေကို ထုခွဲလိုက်ရင် အတွင်းက ဘဲဥအလုံးလိုက်လေး ထွက်လာပါမယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ပန်ကရိယလေး ကျန်းမာစေဖို့ လိုက်နာသင့်တဲ့ အလေ့အထများ

ပန်ကရိယ ကောင်းကောင်း အလုပ်မလုပ်တဲ့အခါ အင်ဆူလင် ဟော်မုန်းကို မထုတ်နိုင်တော့ဘဲ သွေးတွင်းသကြားဓာတ် မြင့်တက်ရာကနေတဆင့် သွေးချိုဆီးချို ဖြစ်လာပါတော့တယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ဆယ်လ်မွန်ငါး ဘာကြောင့်စားသင့်သလဲ

ဆယ်လ်မွန်ငါးဟာ အာဟာရပြည့်ဝတဲ့ စားသောက်ဖွယ်ရာတမျိုးဖြစ်ပြီး ရောဂါအချို့ကို ဖြစ်နိုင်ခြေ လျော့နည်းစေပါတယ်။ လူအများက နှစ်ခြိုက်စွာ စားသုံးလာကြပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin

ဆီလီနီယံချို့တဲ့ခြင်းအကြောင်း

ဆီလီနီယံဟာ ကိုယ်ခန္ဓာအတွက် အရေးကြီးတဲ့ သတ္တုဓာတ်တမျိုးဖြစ်ပြီး ဒီအန်အေဖွဲ့စည်းခြင်း ရောဂါပိုးကူးစက်ခြင်းမှ ကာကွယ်ခြင်း စတာတွေအတွက် အရေးပါပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin

သင့်အတွက် ရွေးချယ်ထားသည်

အချဉ်တွေစားရင် ကျန်းမာတယ် ဆိုတာ မှန်ရဲ့လား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 20, 2020 . 2 mins read
သိုင်းရွိုက်ဂလင်းခွဲစိတ်ခြင်းအကြောင်း

သိုင်းရွိုက်ဂလင်းခွဲစိတ်ခြင်းအကြောင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 20, 2020 . 2 mins read
အဆုတ်ကင်ဆာ ကာကွယ်ပါ

အဆုတ်ကင်ဆာ ကာကွယ်ပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 6, 2020 . 2 mins read
အဆုတ်ကင်ဆာ

အဆုတ်ကင်ဆာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 5, 2020 . 2 mins read