backup og meta

ရာသီလာချိန်မှာဖြစ်တဲ့ ဝက်ခြံတွေကို ဘယ်လိုဖြေရှင်းမလဲ

ရာသီလာချိန်မှာဖြစ်တဲ့ ဝက်ခြံတွေကို ဘယ်လိုဖြေရှင်းမလဲ

အမျိုးသမီးတွေဟာ တစ်လမှာတစ်ကြိမ် ရာသီသွေးဆင်းလေ့ရှိကြပြီး ရာသီသွေးဆင်းချိန်မှာ စိတ်မကြည်မသာဖြစ်တာ၊ ခန္ဓာကိုယ်နာကျင်ကိုက်ခဲတာနဲ့ လေပွတာမျိုးတွေဖြစ်နိုင်ပါတယ်။ နောက်ထပ်တွေ့ရနိုင်တဲ့ ပြဿနာက မျက်နှာပါ်မှာ ဝက်ခြံတွေထွက်တာပါပဲ။ အမျိုးသမီးတိုင်း ဖြစ်တတ်တာတော့မဟုတ်ပါဘူး။ အခုတစ်ခါတော့ ရာသီလာချိန်မှာဖြစ်တဲ့ ဝက်ခြံတွေကို ဘယ်လိုဖြေရှင်းမလဲ ဆိုတာကိုပြောပြပေးချင်ပါတယ်။

ရာသီလာချိန်မှာဖြစ်တဲ့ ဝက်ခြံတွေကို ဘယ်လိုဖြေရှင်းမလဲ

လေ့လာမှုတွေအရတော့ ဝက်ခြံထွက်လေ့ရှိတဲ့ အမျိုးသမီး ၆၃ ရာခိုင်နှုန်းက ရာသီမလာခင်နဲ့ ရာသီလာချိန်တွေမှာ ဝက်ခြံထွက်တတ်ကြတယ်လို့ ဆိုပါတယ်။ ရာသီမလာခင် တစ်ပတ် ဒါမှမဟုတ် ၁၀ ရက်လောက်ကြိုပြီး ဝက်ခြံထွက်တတ်ကြပြီး ရာသီလာချိန်မှာ ဟော်မုန်းအပြောင်းအလဲကြောင့်ဖြစ်တဲ့ ဝက်ခြံဆိုရင်တော့ ရာသီလာချိန်မှာ တဖြည်းဖြည်းချင်းသက်သာသွားလေ့ရှိပါတယ်။

ရာသီလာချိန်မှာ ဘာကြောင့်ဝက်ခြံပေါက်ရတာလဲ

ပျမ်းမျှအားဖြင့်ကတော့ ၂၈ ရက်တစ်ခါလောက်မှာ ရာသီသွေးပေါ်တတ်ပြီး ရာသီစက်ဝန်းရဲ့ ရက်တိုင်းမှာလည်း ခန္ဓာကိုယ်ရဲ့ ဟော်မုန်းက တစ်ရက်နဲ့ တစ်ရက်မတူကြပါဘူး။ ရာသီစက်ဝန်းရဲ့ အစောပိုင်းရက်တွေမှာ ခန္ဓာကိုယ်ထဲမှာ estrogenဟော်မုန်းတွေ များနေတတ်ပြီး နောက်ပိုင်းရက်တွေမှာတော့ progesterone က များလာပါတယ်။

Progesterone ပမာဏ များလာလေလေ အရေပြားရောင်ရမ်းမှုနဲ့ ချွေးပေါက်ပိတ်ဆို့မှုက ဆိုးလာလေလေပါ။ အရေပြားမှာ အဆီတွေ ပိတ်ဆို့မှုများလာတဲ့အခါ မျက်နှာမှာ ဝက်ခြံတွေဖြစ်လာပါတော့တယ်။ ရာသီလာနေချိန်မှာ testosteroneဟော်မုန်းပမာဏကလည်း ပုံမှန်ထက် ပိုများနေပြီး အဆီဂလင်းတွေက အဆီထုတ်လုပ်မှုကလည်း ပုံမှန်အခြေအနေထက် ပိုများနေတတ်ပါတယ်။ ဒါကြောင့်  အရေပြားက ချွေးပေါက်တွေမှာ အဆီတွေ ပိတ်ဆို့ရာကနေ ဝက်ခြံတွေထွက်လာရတာပဲ ဖြစ်ပါတယ်။

ရာသီသွေးဆင်းချိန်မှာ ဟော်မုန်းပြောင်းလဲမှုကြောင့်ဖြစ်တဲ့ ဝက်ခြံတွေကို သက်သာအောင် လုပ်လို့ရပါတယ်။ ရာသီသွေးပေါ်ချိန်မှာ ထွက်တဲ့ ဝက်ခြံက တစ်ကိုယ်ရည်သန့်ရှင်းမှုအားနည်းတာကြောင့် မဟုတ်ပါဘူး။ ခန္ဓာကိုယ်အတွင်းပိုင်းက ဟော်မုန်းတွေ ပြောင်းလဲမှုကြောင့်ပဲ ဖြစ်ပါတယ်။ ဟော်မုန်းပြောင်းလဲမှုကြောင့် ဝက်ခြံပေါက်တာပဲ ဂရုစိုက်စရာမလိုဘူးလို့တော့ ထားလို့မရပါဘူး။ ဒီဝက်ခြံတွေက ဂရုမစိုက်ဘဲထားမယ်ဆိုရင် ပိုဆိုးလာနိုင်ပါတယ်။ ဒါကြောင့် ဘယ်လိုဂရုစိုက်ရမလဲဆိုတာကို ဆက်ကြည့်လိုက်ရအောင်နော် လေဒီတို့။

ရာသီလာချိန်မှာ ဖြစ်တဲ့ဝက်ခြံသက်သာအောင် ဘယ်လိုလုပ်မလဲ

ရာသီလာချိန်မှာဖြစ်တဲ့ ဝက်ခြံတွေကို ဘယ်လိုဖြေရှင်းမလဲ ဆိုတော့

(၁) မျက်နှာကို လက်နဲ့မထိပါနဲ့

တစ်နေ့တာ လှုပ်ရှားမှုတွေလုပ်နေရင်း မျက်နှာကို အမှုမဲ့အမှတ်တဲ့ လက်နဲ့ထိတွေ့မိတာ၊ မျက်လုံးကိုပွတ်တာမျိုးတွေ လုပ်မိနိုင်ပါတယ်။ လက်က နေရာတိုင်းကို ထိတွေ့မိတာကြောင့် ဘက်တီးရီးယားတွေ အများကြီးကပ်ညှိနေနိုင်ပါတယ်။ ဒါကြောင့် မျက်နှာကို လက်နဲ့ကုတ်ဖဲ့တာ၊ ခဏခဏကိုင်တွယ်ထိတွေ့တာတွေမလုပ်ပါနဲ့။ မျက်နှာကို မကိုင်တွယ်ခင်နဲ့ မျက်နှာမှာ တစ်ခုခုမလိမ်းခင်မှာ လက်ကို အရင်စင်ကြယ်အောင်ဆေးကြောပါ။

(၂) ရေများများသောက်ပေးပါ

ခန္ဓာကိုယ်က ရေဓာတ်ပြည့်ဝနေဖို့လိုပါမယ်။ ခန္ဓာကိုယ်လှုပ်ရှားနိုင်စေဖို့နဲ့ ကျန်းမာစေဖို့အတွက် ရေလုံလောက်အောင်သောက်ပေးဖို့ လိုပါမယ်။ ရေကခန္ဓာကိုယ်ကျန်းမာဖို့အတွက် အခြေခံအကျဆုံးအရာပါ။ အသားအရေစိုပြည်ကြည်လင်စေဖို့အတွက် တစ်နေ့ကို ရေ ၈ ခွက်လောက်သောက်သုံးပေးပါ။ ရာသီသွေးပေါ်နေချိန်မှာ ခန္ဓာကိုယ်ပင်ပန်းနွမ်းနယ်တာမျိုး မဖြစ်စေဖို့အတွက်လည်း ရေလုံလောက်အောင်သောက်ဖို့ လိုပါမယ်။

(၃) ဟော်မုန်းဆေးသောက်ပေးပါ

ဟော်မုန်းဆေး အထူးသဖြင့် estrogen နဲ့ progesterone တွေက ဝက်ခြံတွေကို သက်သာစေနိုင်ပါတယ်။ ဒီနှစ်မျိုးလုံး ပါတဲ့ဆေးက သန္ဓေတားဆေးနဲ့ တူပါတယ်။ ဒါပေမယ့် doseတော့ ကွာပါတယ်။ ဆရာဝန်ညွှန်ကြားချက်နဲ့ သောက်နိုင်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် အာနိသင်ပြပုံချင်းကတော့ မတူပါဘူး။ တချို့က ဝက်ခြံတွေ လုံးဝမထွက်လာတော့ပါဘူး။ တချို့က အရင်ကထက်စာရင် သက်သာသွားပါတယ်။

(၄) ဖုန်းကို သန့်ရှင်းအောင်ထားပေးပါ

အခုခေတ်မှာ ဖုန်းကနေ့စဉ်ဘဝမှာမရှိမဖြစ်တဲ့ ပစ္စည်းတစ်ခုလိုတောင် ဖြစ်လာနေပါပြီ။ ခန္ဓာကိုယ်က ဟော်မုန်းမညီမျှတဲ့အချိန်မှာ ဝက်ခြံက အဖြစ်လွယ်နေပြီး ညစ်ပေနေတဲ့ဖုန်းမျက်နှာပြင်က ဘက်တီးရီးယားတွေက ဝက်ခြံတွေကို ပိုဆိုးလာစေနိုင်ပါတယ်။ ဒါကြောင့် လက်ကိုင်ဖုန်းတွေကိုလည်း သန့်သန့်ရှင်းရှင်းထားပေးဖို့လိုပါမယ်။

(၅) လေ့ကျင့်ခန်းလုပ်ပြီးရင် ရေချိုးပေးပါ

တကယ်လို့ သင့်က ကိုယ်လက်လှုပ်ရှားလုပ်တတ်တဲ့သူ ဖြစ်မယ်ဆိုရင်တော့ လေ့ကျင့်ခန်းလုပ်ပြီးတဲ့အခါ ချွေးတိတ်အောင်စောင့်ပြီး ရေချိုးသန့်စင်လိုက်ပါ။လေ့ကျင့်ခန်းလုပ်ချိန်မှာ ထွက်လာတဲ့ချွေး၊ အဆီတွေနဲ့ အရေပြားမှာ ကပ်ညှိနေတဲ့ ဘက်တီးရီးယားတွေက မျက်နှာ၊ ရင်ဘတ်နဲ့ ကျောဘက်တွေမှာ ဝက်ခြံတွေဖြစ်စေနိုင်ပါတယ်။ ရာသီလာချိန်မှာဖြစ်တဲ့ ဝက်ခြံတွေကိုလည် ပိုဆိုးစေနိုင်ပါတယ်။

(၆) အာဟာရပြည့်ဝအောင် စားသုံးပေးပါ

ရာသီသွေးဆင်းနေချိန်မှာ အာဟာရပြည့်ဝအောင်စားသုံးပေးတာကလည်း ဝက်ခြံမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဇင့်၊ အမိုင်နိုအက်ဆစ်တို့ ပါဝင်တဲ့အစားအသောက်တွေက ရာသီသွေးဆင်းချိန်မှာဖြစ်တဲ့ ဝက်ခြံတွေကို သက်သာစေနိုင်သလို အသားအရေကိုလည်း ကြည်လင်လှပစေနိုင်ပါတယ်။

အခုပြောပြခဲ့တဲ့ အချက်တွေအတိုင်း လုပ်ဆောင်ကြည့်ပြီး ရာသီလာချိန်မှာ စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ ဝက်ခြံတွေကို နှိမ်နှင်းလိုက်ကြပါစို့လား လေဒီတို့ရေ

[embed-health-tool-ovulation]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.webmd.com/skin-problems-and-treatments/acne/features/period#2

https://www.womenshealthmag.com/beauty/how-to-treat-hormonal-acne

https://www.livestrong.com/article/537655-can-taking-vitamins-cause-irregular-menstrual-bleeding/

ယခုပုံစံ

26/01/2023

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဝက်ခြံကို ပိုဆိုးစေနိုင်မယ့် အလေ့အထ ၈ ခု

အမျိုးသမီးတစ်ယောက်ရာသီလာစဉ်တွင် ကိုယ်ဝန်ရနိုင်သလား


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Aye Thi Mon မှ ရေးသားသည်။ · 26/01/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement