backup og meta

ဟော်မုန်း မညီမျှမှုက အမျိုးသမီး စိတ်ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်နေသလဲ။

ဟော်မုန်း မညီမျှမှုက အမျိုးသမီး စိတ်ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်နေသလဲ။

စိတ်ကျန်းမာရေးက နေ့စဉ်ဘဝမှာ ကျန်းမာပျော်ရွှင်စွာ ဖြတ်သန်းစေနိုင်ဖို့အတွက် အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ စိတ်ပိုင်းဆိုင်ရာ ကျန်းမာမှ စိတ်ခံစားမှု ကောင်းမှာ ဖြစ်သလို ရုပ်ပိုင်းဆိုင်ရာလည်း ကျန်းမာမှာ ဖြစ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအပေါ်မှာ သက်ရောက်နေတဲ့ လူတွေ သိပ်မသိတဲ့ အချက်လေး တစ်ခု ရှိပါတယ်။ ဒါကတော့ ဟော်မုန်းတွေပါ။ ဟော်မုန်း မညီမျှမှုက စိတ်ကျန်းမာရေးကို ပြင်းပြင်းထန်ထန် ရိုက်ခတ်စေနိုင်ပါတယ်။

ဒီတော့ ဟော်မုန်း မညီမျှမှုက စိတ်ကျန်းမာရေးအပေါ် တိုက်ရိုက်အားဖြင့်ရော သွယ်ဝိုက်တဲ့ အားဖြင့်ရော ဘယ်လို သက်ရောက်နေလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။

ဒီဆောင်းပါးလေးထဲမှာ အဓိက ပြောပြပေးသွားမယ့် အကြောင်းအရာလေးတွေကတော့

ဒီဆောင်းပါးလေးထဲမှာ အဓိက ပြောပြပေးသွားမယ့် အကြောင်းအရာလေးတွေကတော့
  • ဟော်မုန်းတွေက စိတ်ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်နေလဲ။
  • ဘာတွေက ဟော်မုန်း မညီမျှမှုကို ဖြစ်စေတာလဲ။
  • ဟော်မုန်း မမျှတတဲ့အခါ စိတ်ခံစားမှု ပြောင်းလဲတဲ့ လက္ခဏာတွေအနေနဲ့ ဘာတွေ တွေ့ရနိုင်လဲ။

ဟော်မုန်း မညီမျှမှု နဲ့ စိတ်ကျန်းမာရေးက အပြန်အလှန် ဆက်စပ်နေပါတယ်။

စိတ်ကျန်းမာရေးဆိုင်ရာ အခြေအနေတွေက ဟော်မုန်း မညီမျှမှုက အခြေခံလာတာပါ။ နားရှင်းအောင် ပြောပြရမယ်ဆိုရင် ဟော်မုန်း မညီမျှမှုဖြစ်တာကြောင့် စိတ်ဓာတ်ကျတာလိုမျိုး စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာတွေကို ခံစားရတာပါ။ တစ်ခါတလေမှာတော့ ဟော်မုန်းဆိုင်ရာ ကုထုံးတွေရဲ့ ဘေးထွက်ဆိုးကျိုး အနေနဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေ ဖြစ်ပေါ်လာတာပါ။

Norepinephrinedopamine နဲ့ serotonin တွေက စိတ်ခံစားမှုအပေါ် အဓိက လွှမ်းမိုးနေတဲ့ ဟော်မုန်း (၃) မျိုးပါ။ ဒီဟော်မုန်း (၃) မျိုး မျှတမှလည်း စိတ်ခံစားမှု ကောင်းစေပြီး နေ့စဉ်ဘဝမှာ တက်ကြွလန်းဆန်းစွာ ကျော်ဖြတ်နိုင်မှာပါ။

ဒီဟော်မုန်းတွေ မမျှတဘူးဆိုရင် စိတ်ဖိစီးတာ၊ စိတ်ဓာတ်ကျတာ အပါအဝင် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး အားနည်းတာမျိုး ဖြစ်စေနိုင်ပါတယ်။

ကိုယ်တွင်းက ဟော်မုန်း အမျိုးအစားများ

စိတ်ရော ကိုယ်ပါကျန်းမာစေဖို့ လုပ်ဆောင်ပေးနေတဲ့ ကိုယ်တွင်းက ဟော်မုန်းတွေက

အက်စထရိုဂျင်

အက်စထရိုဂျင် (E1၊ E2 နဲ့ E3) တွေက စိတ်ကျန်းမာရေး၊ အရိုးကျန်းမာရေး၊ စိတ်ခံစားမှု ကောင်းမွန်စေရေးနဲ့ လေဒီလေးတွေ မိန်းမဆန်ဆန် လှပေစေမှုအတွက် အရေးပါပါတယ်။

ကိုယ်တွင်းမှာ အီစထရိုဂျင် ဟော်မုန်း မျှတမှ စိတ်ခံစားမှုကောင်းမွန်မှာပါ။ ကိုယ်တွင်းမှာ အီစထရိုဂျင် ဟော်မုန်း နည်းမယ်ဆိုရင် ဆီရိုတိုနင် ဟော်မုန်းပမာဏ တက်လာပြီး စိတ်ခံစားမှု အပြောင်းအလဲ မြန်တာ၊ စိတ်ဓာတ်ကျတာ၊ အာရုံစူးစိုက်ရခက်တာ၊ မောပန်းနွမ်းနယ်တာ၊ မအီမသာဖြစ်တာတွေကို ခံစားရနိုင်ပါတယ်။

ကိုယ်တွင်းမှာ အီစထရိုဂျင် ဟော်မုန်း နည်းလွန်းတာက ပရိုဂျက်စတုန်းဟော်မုန်း မြင့်တက်စေပြီး စိတ်ဓာတ်ကျတာ၊ မအီမသာဖြစ်တာ၊ မောပန်းလွယ်တာ၊ မှတ်ဉာဏ် အားနည်းတာ၊ စိတ်ပူပန်မှု များတာတွေ ခံစားရနိုင်ပါတယ်။

ပရိုဂျက်စတုန်း ဟော်မုန်း

ပရိုဂျက်စတုန်း ဟော်မုန်း များလွန်းတာက စိုးရိမ်စိတ် များစေပြီး၊ စိတ်ဓာတ်ကျတာ၊ အိပ်မပျော်တာလိုမျိုး၊ စိတ်ခံစားမှု အပြောင်းအလဲ မြန်တာလိုမျိုး စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေ ခံစားရနိုင်ပါတယ်။

Androgens DHEA နဲ့ DHEA-S

Dehydroepiandrosterone (DHEA) နဲ့ DHEA-S တို့ကလည်း စိတ်ပိုင်းဆိုင်ရာ ကျန်းမာစေဖို့ အရေးပါပါတယ်။ တက်စထရိုစတုန်း၊ အီစထရိုဂျင် နဲ့ DHEA တို့က စိတ်ပိုင်းဆိုင်ရာ ကျန်းမာစေဖို့ အရေးပါပါတယ်။

Androgens DHEA နဲ့ DHEA-S တို့ ကျဆင်းမှုက စိတ်ဓာတ်ကျတာကို ဖြစ်စေနိုင်ပါတယ်။ ဒါတွေအပြင် အိပ်မပျော်တာနဲ့ ပုံမှန်မဟုတ်တဲ့ စိတ်အခြေအနေ ဖြစ်ပေါ်တာတွေကို ခံစားရစေနိုင်ပါတယ်။

သိုင်းရွိုက် ဟော်မုန်း T3 (Triiodothyronine)နဲ့ T4 (Thyroxine)

သိုင်းရွိုက်က ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေအတွက် အရေးပါပါတယ်။ ခန္ဓာကိုယ်ကို အင်အားဖြစ်စေနိုင်ပြီး စိတ်ခံစားမှု ကောင်းမွန်စေပါတယ်။ သိုင်းရွိုက် ဟော်မုန်း ကျဆင်းနေတာက စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။

ကော်တီစော ဟော်မုန်း

စိတ်ဖိစီးမှုကို ဖြစ်စေတဲ့ ဟော်မုန်းလို့ လူသိများပါတယ်။ အရေးပါတဲ့ ဟော်မုန်း တစ်ရပ်ပါ။ အဖြစ်အပျက်တွေအပေါ် တုံ့ပြန်မှုမှာ အရေးပါပါတယ်။ အက်ဒရီနယ်လင်ဂလင်းတွေက ကော်တီစော ဟော်မုန်းတွေကို ထုတ်လုပ်ပါတယ်။

ကော်တီစော ဟော်မုန်းတွေ အရမ်းများတာက နာတာရှည် စိတ်ဖိစီးတာ၊ စိတ်ဓာတ်ကျတာ၊ စိုးရိမ်ပူပန်မှု ကြီးတာတွေကို ဖြစ်စေနိုင်ပါတယ်။

ဟော်မုန်း မညီမျှမှုက  စိတ်ကျန်းမာရေးအပေါ် ဘယ်လို သွယ်ဝိုက် သက်ရောက်မှုရှိနေလဲ။

ဟော်မုန်း မညီမျှမှုက ကိုယ်အလေးချိန် တက်စေတာ၊ ဆံပင်ပါးတာ၊ အကြီးထွားလွန်တာ၊ မျက်နှာမှာ ဝက်ခြံတွေ ပေါက်တာ၊ ရာသီမမှန်တာ၊ အခြားသော ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေ ဖြစ်ပေါ်စေတာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။  ဒါတွေအပြင် စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။

ဘာတွေက ဟော်မုန်း မညီမျှမှုကို ဖြစ်စေတာလဲ။

ဟော်မုန်း မညီမျှမှုက စိတ်ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်နေသလဲ။

ဒီအချက်တွေက ဟော်မုန်း မညီမျှမှုကို ဖြစ်စေနိုင်ပါတယ်။

  • သားဥအိမ်အရည်အိတ်တည်ခြင်း ရောဂါစု
  • သားအိမ်တစ်ရှူးနေရာမှားတဲ့ ရောဂါ
  • Premenstrual Dysphoric Disorder (PMDD) လို့ခေါ်တဲ့ ရာသီမလာခင်မှာ ဖြစ်တတ်တဲ့ ဟော်မုန်းအပြောင်းအလဲတွေ
  • Thyroid disorders (သိုင်းရွိုက်ပြဿနာရှိတာ)
  • သွေးဆုံးတာ
  • သွေးဆုံးမတိုင်မီ ကာလ
  • သွေးဆုံးပြီးချိန် စတဲ့အခြေအနေတွေက ဟော်မုန်း မမျှတတာကို ဖြစ်စေနိုင်ပါတယ်။

ဟော်မုန်း မမျှတတဲ့အခါ စိတ်ခံစားမှု ပြောင်းလဲတဲ့ လက္ခဏာတွေအနေနဲ့ ဘာတွေ တွေ့ရနိုင်လဲ။

အရွယ်ရောက်ပြီးသူ ၄ ဦးမှာ ၁ ဦးက စိတ်ကျန်းမာရေး ပြဿနာကို ခံစားရပါတယ်။ ဒီလိုခံစားရတဲ့အခါ လက္ခဏာတွေအနေနဲ့

  • စိုးရိမ်စိတ် များတာ
  • မအီမသာဖြစ်တာ
  • စိတ်ဓာတ်ကျတာ
  • အိပ်မပျော်တာ
  • အိပ်စက်မှုဆိုင်ရာ ပြဿနာ
  • စိတ်အတက်အကျမြန်တာ ( ဒေါသဖြစ်လွယ်တာ)
  • အာရုံစိုက်ဖို့ ခက်တာ
  • မေ့လွယ်တာ
  • ထက်မြက်မှု ကျဆင်းလာတာ
  • ကိုယ်အလေးချိန် ပြဿနာ ခံစားရတာ
  • အစာ စားချင်စိတ် ပြဿနာ
  • စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာ
  • မျှော်လင့်ချက်မဲ့သလို ခံစားရတာ
  • သတ်သေချင်စိတ် ပေါက်တာ
  • စိတ်ရှုပ်ထွေးတာမျိုးတွေ ခံစားရနိုင်ပါတယ်။

ဟော်မုန်း မညီမျှမှုက စိတ်ကျန်းမာရေးအပေါ် အခုလိုတွေ သက်ရောက်နေပါတယ်။

[embed-health-tool-ovulation]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

How hormone imbalances impact your mental health https://www.pollie.co/blog/hormones-and-mental-health Accessed Date 23 February 2022

How hormones affect your mental health https://www.cuahealth.com.au/guide/how-hormones-affect-your-mental-health Accessed Date 23 February 2022

ယခုပုံစံ

05/07/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

Endocrine System (ဟော်မုန်းစနစ်) ကျန်းမာစေဖို့ ဘာတွေ စားရပါ့

သိုင်းရွိုက်ဟော်မုန်းများသူတွေ သတိထားသင့်တဲ့ အရေးပေါ်အခြေအနေ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 05/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement