backup og meta

ဆီးကျိတ်ကြီးခြင်း ပြဿနာ။

ဆီးကျိတ်ကြီးခြင်း ဆိုတာဟာ အမျိုးသားတွေရဲ့ ဆီးကို စွန့်ထုတ်ပေးတဲ့ ဆီးပြွန်ရဲ့ဘေးပတ်ပတ်လည်မှာရှိနေတဲ့ ဆီးကျိတ်လေးတွေ ပုံမှန်ထက်ပို ကြီးလာတဲ့ ကင်ဆာမဟုတ်တဲ့ အခြေအနေမျိုးကို ခေါ်ပါတယ်။ အသက်၄၀ ကျော်လာတဲ့ အခါ အမျိုးသားတွေရဲ့ ဆီးကျိတ်လေးဟာ တစ်နှစ်ကို 2.4 cm လောက် ထုထည် ပိုပို ကြီးလာကြပါတယ်။ ဒါ့ကြောင့်လည်း ဒီဆီးကျိတ်ကြီးခြင်းဟာ အသက်အရွယ်ကြီးတဲ့ အမျိုးသားတွေမှာ အဖြစ်များတဲ့ ရောဂါတစ်ခု ဖြစ်နေရတာပါ။

ဒါ့အပြင် အသက် ၈၀ နဲ့ အထက် အမျိုးသားတွေရဲ့ ထက်ဝက်ကျော်လောက်ဟာ ဆီးကျိတ်ကြီးခြင်း ပြဿနာကို ခံစားနေကြရပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ဒီလို ဆီးကျိတ်ကြီးတဲ့ ပြဿနာနဲ့ ပတ်သတ်ပြီး ဘယ်လို ရောဂါ လက္ခဏာတွေ ခံစားရနိုင်တယ်၊ သက်သာအောင် ဘယ်လို ပြုမူနေထိုင်သင့်တယ် ဆိုတဲ့ အချက်လေးတွေကို အဓိကထားပြီး မျှဝေပေးသွားချင်ပါတယ်။

ဆီးကျိတ်ကြီးခြင်း ရဲ့ ရောဂါလက္ခဏာများ။

၁။ ပထမဆုံး ပြသနာကတော့ ဆီးသွားရခက်ခဲခြင်းပဲဖြစ်ပါတယ်။

ဆီးပြွန်ပတ်ပတ်လည်မှာရှိတဲ့ ဆီးကျိတ်လေးတွေက ကြီးလာပြီး ဆီးပြွန်လေးကို ပိမိတဲ့အတွက် ဆီးသွားရခက်လာစေပါတယ်။

၂။ ဆီးသွားရခက်ခဲတဲ့အတွက် ဆီးလုံးသေးခြင်း၊ ဆီးသွားရာတွင် အားစိုက်ရခြင်း၊ ဆီးသွားပြီးပေမယ့် ဆီးကျန်သေးတယ်လို့ ခံစားနေရခြင်း စတဲ့ လက္ခဏာတွေ လည်း ခံစားရနိုင်ပါတယ်။

အခြား လက္ခဏာတွေ အနေနဲ့

၃။ ဆီးမကြာခဏ သွားခြင်း။

၄။ ဆီးမအောင့်နိုင်ခြင်း၊ မထိန်းနိုင်ခြင်း။

၅။ ညဘက်တွေမှာ မကြာခဏ ဆီးထသွားရခြင်း။

၆။ ဆီးသွားပြီးတဲ့အခါမှာလည်း တစ်စက်တစ်စက် ထပ်ကျနေခြင်း။

၇။ ဆီးသွားပြီး မကြာခင်မှာပဲ ထပ်သွားချင်လာခြင်း။

၈။ ဆီးသွားတဲ့အခါ နာကျင်ခြင်း။

စတဲ့ ပြသနာတွေလည်း ဖြစ်လာစေတဲ့အတွက် အရမ်းကို စိတ်အနှောက်ယှက်ဖြစ်စေနိုင်တဲ့ ရောဂါတစ်ခုပါ။

ဒါ့ကြောင့် ဖော်ပြပါ လက္ခဏာတွေ ဖြစ်လာပြီဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပြီး ကုသမှုခံယူတာက အကောင်းဆုံးဖြစ်မှာပါ။ ဆရာဝန်က ဆီးကျိတ်ကြီးခြင်း ပမာဏ နဲ့ အခြေအနေပေါ်မူတည်ပြီး သောက်ဆေးဖြင့်ကုသခြင်း (သို့) အသေးစားခွဲစိတ်မှုတစ်ခုခုနဲ့ သက်သာအောင် ဆောင်ရွက်ပေးနိုင်ပါတယ်။ တကယ်လို့ ဆရာဝန်နဲ့ မပြသဘဲ ပေါ့ဆမိမယ်ဆိုရင်တော့ နောက်ဆက်တွဲ အနေနဲ့

စတဲ့ အန္တရာယ်ရှိတဲ့ ဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။

ဆီးကျိတ်ကြီးခြင်းကို သက်သာလာအောင် ကူညီပေးနိုင်တဲ့ နေထိုင်မှုပုံစံများ

၁။ ညဘက်ကို ရေ နဲ့ အခြား အချိုရည်တွေသောက်တာကို ရှောင်ပါ။

၂။ ရေကို တစ်ခါတည်း အများကြီးမသောက်ဘဲ နည်းနည်းစီခွဲပြီး သောက်ပါ။

၃။ အရက်နဲ့ Caffeine ဓာတ်ပါတာတွေကို ရှောင်ပါ။

၄။ စိတ်ဖိစီးမှုတွေကို တတ်နိုင်သမျှ လျှော့ချပြီး နေထိုင်ပါ။

၅။ နေ့တိုင်း လေ့ကျင့်ခန်းပုံမှန်လုပ်ပေးပါ။

၆။ ဆီးသွားတဲ့အခါ စိတ်ရှည်ရှည်နဲ့ တစ်ခါသွားပြီးတိုင်း ခဏစောင့်ပြီး နောက်တစ်ခါ ဖြည်းဖြည်းချင်း ထပ်သွားကြည့်ပါ။

ဒီလို အဖြစ်များတဲ့ ဆီးကျိတ်ကြီးခြင်း ပြဿနာကို ကာကွယ်နိုင်မယ့် ကုထုံး အတိအကျ မရှိသေးပေမယ့် ဒီနည်းလမ်းလေးတွေကတော့ သင့်ကို အနှောက်အယှက်ဖြစ်စေနိုင်တဲ့ ရောဂါလက္ခဏာတွေကိုတော့ အနည်းနဲ့ အများ သက်သာအောင် ကူညီပေးနိုင်မှာပါ။

ကျန်းမာကြပါစေ။

ရေးသားသူ- Khine Phoo Ngon

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ယခုပုံစံ

25/07/2022

Dr. Htet Htet Zaw Win မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

Benign Prostatic Hyperplasia (BPH) (ဆီးကျိတ်ကြီးခြင်း)

Enlarged Prostate (ဆီးကျိတ်ကြီးခြင်း)


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 25/07/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement