backup og meta

အသည်းရောဂါရဲ့ အစောပိုင်း လက္ခဏာတွေ က ဘာတွေများလဲ.......

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Aye Thi Mon မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အသည်းရောဂါရဲ့ အစောပိုင်း လက္ခဏာတွေ က ဘာတွေများလဲ.......

    ခန္ဓာကိုယ်ကြီး ကျန်းမာနေစေဖို့ဆိုရင် ကိုယ်တွင်းက အစိတ်အပိုင်းလေးတွေ တစ်ခုချင်းဆီက သူတို့ရဲ့ တာဝန်ကို ကျေပွန်ဖို့ လိုပါမယ်။ ဒီလိုကျေပွန်တဲ့အထဲမှာ ခန္ဓာကိုယ် ကျန်းမာဖို့ အဓိက အခန်းကဏ္ဍကနေ လည်ပတ်နေတဲ့ အသည်းလေးကလည်း သူရဲ့ တာဝန်ကို ကျေပွန်ဖို့ လိုပါမယ်။ အသည်းထိခိုက်ပျက်စီးမယ်၊ အသည်းက အရင်လို လုပ်ငန်းဆောင်တာတွေကို ကောင်းကောင်း မလုပ်နိုင်တော့ဘူးဆိုရင် နေ့စဉ်ဘဝရဲ့ လုပ်ငန်းဆောင်တာတွေကို ကောင်းကောင်းလုပ်ဆောင်နိုင်ဖို့ ခက်သွားမှာပါ။ ဒီတော့ အသည်းလေး မကျန်းမာဘူးဆိုရင် ကြိုတင် ဂရုစိုက်နိုင်စေဖို့အတွက် သိထားဖို့လိုမယ့် အသည်းရောဂါရဲ့ အစောပိုင်း လက္ခဏာတွေ ကို ပြောပြပေးသွားပါမယ်။

    အသည်းဆိုတာ

    အသည်းဆိုတာ ဝမ်းဗိုက်ရဲ့  ညာဘက်အထက်ပိုင်းနားမှာရှိတဲ့ နီညိုရောင် ခပ်ခုံးခုံး အစိတ်အပိုင်းလေးပါ။ ကျန်းမာတဲ့ အသည်းဟာ အလေးချိန်အားဖြင့် ၃ ပေါင် ဝန်းကျင် ရှိပါတယ်။ ခန္ဓာကိုယ်အတွက် မနားမနေ လုပ်ဆောင်နေတဲ့ အစိတ်အပိုင်း တစ်ရပ်ပါ။

    ညဘက်ကိုယ်က နှစ်နှစ်ခြိုက်ခြိုက်အိပ်နေချိန်မှာလည်း မနားမနေအလုပ်လုပ်နေတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းလေးတစ်ခုပါ။ တိတ်တိတ်လေးအလုပ်လုပ်နေပမယ့် ခန္ဓာကိုယ်ကျန်းမာဖို့အတွက် အရေးပါတဲ့ အလုပ်တွေကိုလုပ်နေတာပါ။

    ခန္ဓာကိုယ်ထဲမှာ လှည့်ပတ်နေတဲ့သွေးတွေထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး စားသုံးလိုက်တဲ့ထဲမှာပါတဲ့ အဆီတွေကို သိမ်းဆည်းထားပေးပါတယ်။ အစာခြေဖို့လိုအပ်တဲ့ သည်းခြေရည်တွေကိုထုတ်ပေးပါတယ်။

    ခန္ဓာကိုယ်ရဲ့ ကိုယ်တွင်းအင်္ဂါတွေထဲမှာ အကြီးဆုံးဖြစ်ပြီး အလုပ်လည်းများတဲ့ အသည်းလေးကျန်းမာနေမှ နေ့စဉ်ကျန်းမာပျော်ရွှင်တဲ့ ဘဝနေထိုင်မှုပုံစံကို ပိုင်ဆိုင်နိုင်မှာပါ။

    အသည်းမှာ ဘာတွေ ခံစားရနိုင်လဲ……

    အသည်းက မျိုးရိုးလိုက်ရောဂါတွေကြောင့် ထိခိုက်မှုတွေ ခံစားရနိုင်သလို ဘက်တီးရီးယားတွေကြောင့်လည်း ထိခိုက်နိုင်ပါတယ်။ စားသောက်နေထိုင်မှုကြောင့်လည်း ထိခိုက်သလို ဆေးဝါးတွေကြောင့်လည်း ပျက်စီးနိုင်ပါတယ်။

  • အသည်းရောင် အသားဝါရောဂါ (အသည်းရောင် အသားဝါ A ပိုး၊ B ပိုး၊ C ပိုးတွေကြောင့် ခံစားရနိုင်ပါတယ်)
  • အသည်းခြောက်ခြင်း
  • အသည်းရွတ်နာ
  • အသည်းရောင်ခြင်း
  • အသည်း အဆီဖုံးခြင်း
  • မျိုးရိုးကြောင့် ဖြစ်နိုင်တဲ့ [ မွေးရာပါ သံဓာတ်များခြင်း (hemochromatosis) နဲ့  ကော့ပါးများခြင်း Wilson disease]
  • အသည်းကင်ဆာတို့ ခံစားရနိုင်ပါတယ်။
  • အသည်းရောဂါရဲ့ အစောပိုင်း လက္ခဏာတွေ က ဘာတွေများလဲ…….

    အသည်းရောဂါက အမျိုးအစားကို လိုက်ပြီး ခံစားရတဲ့ လက္ခဏာတွေ ကွာခြားနိုင်ပါတယ်။အခုပြောပြမယ့် လက္ခဏာတွေ ခံစားနေရပြီဆိုရင်တော့ အသည်းကို လိုအပ်တဲ့ စစ်ဆေးကုသမှုတွေ ခံယူဖို့ အကြံပြုပါရစေ။

    အသည်းရောဂါရဲ့ အစောပိုင်း လက္ခဏာတွေ

    အသည်းရောဂါရဲ့ အစောပိုင်း လက္ခဏာတွေ အနေနဲ့

    • နေထိုင်မကောင်း ဖြစ်မယ်
    • တစ်ချိန်လုံး ပင်ပန်းနေမယ်
    • အစား စားချင်စိတ် မရှိဖြစ်မယ်
    • ကိုယ်အလေးချိန်ကျမယ်
    • ကြွက်သားထု ကျလာမယ်
    • ဖျားနာမယ် ( မအီမသာဖြစ်မယ်)
    • အော့အန်မယ်
    • အသည်းရှိတဲ့နေရာတဝိုက်က နာမယ်၊ အောင့်မယ် (ဝမ်းဗိုက် ညာဘက် နံကြား)
    • ခါးတဝိုက်မှာ ပင့်ကူမျှင်လိုမျိုး ဆံချည်မျှင် သွေးကြောလေးတွေ ဖြစ်မယ်
    • လက်ဖဝါးတွေမှာ သွေးခြည်ဥသလို နီရဲမယ်
    • အိပ်မပျော်တာမျိုး ဖြစ်မယ်။

    အသည်းက ကောင်းကောင်း အလုပ်မလုပ်နိုင်တော့တဲ့အခါ 

    အသည်းက ကောင်းကောင်း အလုပ်မလုပ်နိုင်တော့တဲ့အခါ အခုလို လက္ခဏာတွေ ခံစားလာရနိုင်ပါတယ်။

  • အသားတွေ ယားမယ်
  • မျက်လုံး အဖြူသားနဲ့ အသားတွေ ဝါမယ်
  • လက်သည်းတွေ ဖြူလာမယ်
  • လက်သည်းတွေ ထူလာမယ်၊ ခုံးလာမယ်
  • ဆံပင်တွေ ကျွတ်လာမယ်
  • ခြေဆစ် လက်ဆစ်တွေရောင်မယ်
  • ဗိုက်ကြီး ပူနေမယ် (ရေဖျဉ်းလို ဖြစ်မယ်)
  • ဆီးတွေ နောက်မယ်
  • ဝမ်းမည်းမည်းတွေ သွားမယ်
  • မကြာခဏ နှာခေါင်းသွေးလျှံမယ်
  • သွားဖုံးသွေးယိုမယ်
  • သွေးထွက်လွယ်မယ်
  • သွေးမတိတ်ဖြစ်မယ်
  • သွေးအန်မယ်
  • ညာဘက် ပခုံး နာမယ်
  • မကြာခဏ ကြွက်တက်မယ်
  • အမျိုးသားတွေမှာ ရင်သားကြီးလာမယ်
  • အမျိုးသမီးတွေမှာ ရာသီသွေး မမှန်တာ၊ ထိမ်တာတွေ ဖြစ်လာမယ်
  • လိင်စိတ်ဆန္ဒ လျော့ကျလာမယ်
  • အသက်ရှူတာ ပြတ်တောင်း ပြတ်တောင်း ဖြစ်လာမယ်
  • နှလုံးခုန် မြန်လာမယ်
  • အဖျားတက်မယ်
  • မေ့တတ်လာမယ်
  • လက်တွေ တုန်ယင်မယ် စတဲ့ လက္ခဏာတွေ ခံစားရနိုင်ပါတယ်။
  • ဒီလက္ခဏာတွေထဲက ၂ ခု ၃ ခုလောက်ခံစားရမယ်ဆိုရင်တောင် တတ်သိနားလည်သူနဲ့ အမြန်ဆုံး ပြသဖို့ အကြံပြုပါရစေ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Aye Thi Mon မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement