backup og meta

နှလုံးကျန်းမာဖို့ လေ့ကျင့်ခန်းလုပ်စို့

Written by Dr. Phio Thiha · သားဖွားပညာ · Phyo Clinic (Pazundaung)


04/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နှလုံးကျန်းမာဖို့ လေ့ကျင့်ခန်းလုပ်စို့

    သင့်နှလုံးကျန်းမာရေးအတွက် အလုပ်သင့်ဆုံးဟာ လေ့ကျင့်ခန်း ဖြစ်ပါတယ်။ တခြားသော ကြွက်သားတွေလိုပဲ သင့်နှလုံးဟာလည်း လေ့ကျင့်ခန်းမှန်မှန်လုပ်မယ်ဆိုရင် ပိုပြီးသန်စွမ်းလာနိုင်ပါတယ်။

    လေ့ကျင့်ခန်းမှန်မှန်လုပ်ခြင်းအားဖြင့်

    • သင့်နှလုံး သန်စွမ်းလာမယ်

    • သွေးပေါင်ချိန်ကျလာမယ်

    • ကိုယ်အလေးချိန်ကျမယ်

    • စိတ်ဖိစီးမှုတွေ ပြေပျော်ကမယ်

    • ကိုယ့်ကိုယ်ကိုယ်လေးစားမှုတွေ ရလာပြီး စိတ်ခံစားမှုတွေ ကြည်လင်မယ်

    • အိပ်လို့ပျော်မယ်

    တကယ်ဆို သင့်ဆရာဝန်က လေ့ကျင့်ခန်းကို ဘယ်လိုလုပ်သင့်ကြောင်း ပြောပြပြီးသား ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ တကယ်လို့ မပြောပြရသေးရင်တော့ ဒါတွေမေးကြည့်ပါ

    • တစ်နေ့ကို လေ့ကျင့်ခန်း ဘယ်လောက်လုပ်လို့ရသလဲ

    • တစ်ပတ်ဘယ်နှကြိမ် လုပ်သင့်သလဲ

    • ဘယ်လိုလေ့ကျင့်ခန်းမျိုး လု ပ်သင့်ပြီး ဘယ်လိုလေ့ကျင့်ခန်းမျိုးကို ရှောင်သင့်သလဲ

    • လေ့ကျင့်ခန်းလုပ်ချိန်တစ်ဝိုက်မှာ ဆေးသောက်လို့ရသလား

    • လေ့ကျင့်ခန်းလုပ်နေတုန်း ဘယ်လိုလက္ခဏာမျိုးတွေ သတိထားစောင့်ကြည့်သင့်သလဲ။

    လုပ်လို့ရတဲ့ လေ့ကျင့်ခန်းများ

    အဓိကအားဖြင့် (၂)မျိုးရှိပါတယ်။

    ၁။ အေရိုးဗစ် သို့မဟုတ် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း

    သင့်ရဲ့နှလုံးကို အားကောင်းစေတဲ့ ပုံစံဖြစ်ပါတယ်။ လမ်းလျှောက်ခြင်း၊ ကြိုးခုန်ခြင်း၊ စက်ဘီးစီးခြင်း၊ စကိတ်စီးခြင်းနဲ့ ကခုန်ခြင်းတို့ပါဝင်ပါတယ်။ အဲဒီလိုလုပ်ခြင်းအားဖြင့် သင့်နှလုံးခုန်မှုတွေ ပိုကောင်းလာပြီး သွေးပေါင်လည်း ကျလာပါလိမ့်မယ်။

    ၂။ ကြွက်သားတည်ဆောက်တဲ့ လေ့ကျင့်ခန်း

    ဒီလေ့ကျင့်ခန်းကတော့ နှလုံးအပါအဝင် သင့်ကြွက်သားတွေ တောင့်တင်းသန်မာလာစေပါတယ်။ စစချင်းမှာ ဝိတ်တုံးသေးသေးကို ခဏခဏမပါ။ လက်နဲ့မလို့ရတဲ့ ဝိတ်တုံးတွေ၊ အားကစားခန်းမမှာ သွားကစားတာ၊ ဒါမှမဟုတ် အိမ်မှာပဲ ဒိုက်ထိုးတာတွေ လုပ်လို့ရပါတယ်။ ကိုယ့်ကို ထိခိုက်စေတဲ့အထိ အလွန်အကျွံ မလုပ်ဖို့တော့ လိုပါတယ်။ ကြားထဲမှာလည်း တစ်ရက်နှစ်ရက်လောက် နားနားပေးရင် ပိုကောင်းပါမယ်။

    အခုမှ လေ့ကျင့်ခန်းစလုပ်မယ်ဆိုရင်

    ဖြည်းဖြည်းချင်းစပါ – လေ့ကျင့်ခန်းလုပ်ပြီဆိုတာနဲ့ကို သင့်ကျန်းမာရေး ကောင်းလာမယ်ဆိုတာ သတိရပါ။ စစချင်းမှာ ဖြည်းဖြည်းပဲလုပ်ပြီး နောက်ပိုင်းမှာတော့ နေ့စဉ်မှန်မှန်လုပ်သွားမယ်ဆိုရင် အင်မတန်အကျိုးများပါလိမ့်မယ်။

    ကြွက်သားတည်ဆောက်တဲ့ လေ့ကျင့်ခန်းတွေကို စိတ်ရှည်ပါ – အဲဒီလိုလေ့ကျင့်ခန်းတွေကို တစ်နေ့တည်းမှာ ပြင်းပြင်းထန်ထန် လုပ်ပစ်ခြင်းက သင့်ကျန်းမာရေးကို ထိခိုက်စေပါတယ်။ တဖြည်းဖြည်းချင်း တိုးတိုးပြီး လုပ်သွားတာ အကောင်းဆုံးပါပဲ။

    အသစ်တွေ ပြောင်းလုပ်ပါ – တစ်မျိုးတည်းလုပ်ရတာ ပျင်းနေရင် ပြောင်းပြောင်းပြီး လေ့ကျင့်ခန်းလုပ်ပါ။ နေရာ၊ အချိန် စသဖြင့် ပြောင်းလဲလိုက်ခြင်းက သင့်စိတ်ကို လန်းဆန်းစေပါတယ်။ ဒါပေမယ့် ပျင်းလို့ လေ့ကျင့်ခန်းမလုပ်တော့တာမျိုးတော့ မဖြစ်ပါစေနဲ့။

    လုပ်နေရင်းနဲ့ ဒီလိုလက္ခဏာတွေ ပေါ်လာရင်တော့ လေ့ကျင့်ခန်းလုပ်တာကို ရပ်လိုက်ပြီး ဆေးခန်းပြပါ။

    • ရင်ဘတ်အောင့်ခြင်း

    • မူးဝေခြင်း

    • အားနည်းခြင်း

    • မေး၊ လည်ပင်း၊ ပခုံး၊ လက်မောင်းနဲ့ ရင်ဘတ်တို့မှာ နာကျင်ခြင်း၊ သို့မဟုတ် တင်းကြပ်လာခြင်း

    ဟယ်လိုဒေါက်တာ သည် မည်သည့်ကျန်းမာရေးဝန်ဆောင်မှုကိုမျှ မပေးပါ။ အကယ်၍ မိမိကျန်းမာရေးနှင့် ပတ်သက်ပြီး မူမမှန်မှုတစ်ခုခုရှိသည်ထင်ပါက ဆရာဝန်၊ ဆရာမနှင့် တိုင်ပင်ဆွေးနွေးပါ။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    Written by

    Dr. Phio Thiha

    သားဖွားပညာ · Phyo Clinic (Pazundaung)


    04/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement