backup og meta

နနွင်း ကပေးတဲ့ အသားအရေ လှပမှု

နနွင်း ကပေးတဲ့ အသားအရေ လှပမှု

ဟင်းချက်တဲ့အခါ ထည့်သုံးတတ်ကြတဲ့ နနွင်းမှုန့်က ကျန်းမာရေးကို တော်တော်လေး အထောက်အကူပြုတာပါ။ အရောင် လှလှလေးနဲ့ အနံ့မွှေးမွှေးလေးရှိတဲ့ နနွင်းမှုန့်က ကျန်းမာရေးအပြင် အသားအရေကိုလည်း အထောက်အကူပြု ပေးပါသတဲ့။ ဒီ ဟင်းချက်ရာမှာ သုံးတဲ့ နနွင်းမှုန့်လေးက အသားအရေကို ဘယ်လိုများ အထောက်အပံ့ပေးသလဲ……….

နနွင်း ကပေးတဲ့ အသားအရေ လှပမှု

အရောင်လှလှ နနွင်းလေးက

နနွင်းက အရောင်ကျစေနိုင်တဲ့ အာနိသင်ရှိသလို ဘက်တီးရီးယားတွေကိုလည်း အထိရောက်ဆုံး တိုက်ဖျက်ပေးနိုင်ပါတယ်။ နနွင်းက အရေပြားမှာဖြစ်တဲ့ နီမြန်းရောင်ရမ်းတာတွေကို သိသိသာသာ သက်သာစေနိုင်ပြီး နှင်းခူ၊ နှင်းခူအစိုလိုမျိုး အရေပြား ပြဿနာကြောင့် အသားအရေ ထိခိုက်မှုတွေကို အထိရောက်ဆုံး သက်သာစေနိုင်ပါတယ်။

လူတော်တော်များများ ကြုံရတဲ့ အရေပြား ပြဿနာဖြစ်တဲ့ ဝက်ခြံ သက်သာစေဖို့အတွက်လည်း နနွင်းကို သုံးလို့ရပါတယ်။ နနွင်းက သဘာဝ ပိုးသတ်ဆေးတစ်မျိုးပါ။  ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးပါတယ်။

ဝက်ခြံသက်သာစေဖို့ဆိုရင် နနွင်းစစ်စစ်ကို အရည်ဖျော်လို့ ဝက်ခြံလေးတွေပေါ်မှာ တို့လိမ်းရုံပါ။

နနွင်းက အရောင်ကျစေနိုင်သလို အမည်းစက်တွေကို ပါးစေနိုင်တဲ့ အာနိသင်လည်းရှိပါတယ်။ အသားအရေ အတွက် ပုံမှန် အသုံးပြုပေးမယ်ဆိုရင် အရေပြားပေါ်က အမည်းစက်တွေကို သိသိသာသာ သက်သာစေမှာပါ။

အမည်းစက်တွေအတွက်တင်မဟုတ်ဘဲ နနွင်းကို သွေးလည်ပတ်မှု မကောင်းတာ​ကြောင့် မျက်ကွင်းညိုတာ၊ မျက်အိတ်တွဲတာ တွေကို သက်သာစေဖို့အတွက်လည်း နနွင်းကို အသုံးပြုပေးလို့ရပါတယ်။

နေလောင်တာကြောင့် အသားအရေထိခိုက် ပျက်စီးတာကို သက်သာစေဖို့ဆိုရင် နနွင်းကို အသုံးပြုပေးလို့ရပါတယ်။ နနွင်းကို အသားအရေအတွက် အသုံးပြုပေးတာ နေလောင်တာကို သက်သာစေနိုင်သလို နေလောင်တာ​ကြောင့် အရေပြားမှာ အမည်းစက်တွေဖြစ်တာ အသားအရောင်မညီတာတွေကိုလည်း သက်သာစေနိုင်ပါတယ်။

နေရောင်ကြောင့် အရေးအကြောင်းဖြစ်တာတွေကို သိသိသာသာ သက်သာစေနိုင်ပါတယ်။ နေရောင်ကြောင့် အသားအရေ ထိခိုက်မှု သက်သာစေဖို့ဆိုရင် နနွင်းကို အားကိုးလို့ရပါတယ်။

နနွင်း ကဓာတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝပြီး အရေပြားဆဲလ်တွေကို လုပ်ဆောင်မှုကောင်းစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးပါတယ်။ အရေပြားပေါ်မှာဖြစ်တဲ့ အကြောပြတ်ရာတွေ သက်သာစေဖို့ဆိုရင် နနွင်း လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာကို သံလွင်ဆီ လက်ဖက်ရည်ဇွန်း တစ်ဇွန်းနဲ့ရောပြီး သံပုရာရည် နည်းနည်း ညှစ်ပေးပါ။ ပြီးရင် အကြောပြတ်တဲ့နေရာကို တစ်နေ့ နှစ်ကြိမ်လိမ်းပေးရုံပါ။

နနွင်းက အသားအရေအတွင်းပိုင်းအထိ ရေဓာတ်ဖြည့်ပေးနိုင်ပါတယ်။ ဒါ​ကြောင့် အသားအရေ ခြောက်သွေ့နေတယ်ဆိုရင် နနွင်းကို အရေပြားပေါ်မှာ လိမ်းပေးရုံပါ။ ဒီလိုလိမ်းပေးတာက အပေါ်ယံအရေပြားလွှာက ဆဲလ်သေတွေကို အထိရောက်ဆုံး ဖယ်ရှားပေးပြီး အသားအရေကို နူးညံ့ကျန်းမာစေနိုင်မှာပါ။ အရေပြား ထိခိုက်ပျက်စီးမှုကိုလည်း လျှော့ချပေးနိုင်မှာပါ။

ဝက်ခြံတွေ သက်သာသွားပေမယ့် ဝက်ခြံအမာရွတ်​တွေ ကျန်နေခဲ့လို့ စိတ်ညစ်နေပြီလား။ ဒါဆိုရင်တော့ နနွင်းစစ်စစ်လေး သုံးလို့ မျက်နှာ ပေါင်းတင်ကြည့်ပါလို့ ပြောပါရစေ။

နနွင်းက အမာရွတ်တွေကို ပါးစေနိုင်သလို ဝက်ခြံကြောင့်ဖြစ်တဲ့ အမာရွတ်တွေကို သိသိသာသာသက်သာစေနိုင်ပါတယ်။

နနွင်းမှာပါတဲ့ curcumin က အနာကျက်စေနိုင်သလို ဓာတ်တိုးပစ္စည်းတွေကြောင့် အသားအရေ ထိခိုက်တာမျိုး မဖြစ်အောင် အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။ ပြတ်ရှဒဏ်ရာတွေ သက်သာစေဖို့ အသုံးပြုပေးလို့ရပါတယ်။

လေ့လာမှုတွေအရ နနွင်းက အရေပြား တစ်ရှူးတွေကို ကျန်းမာစေနိုင်သလို ကော်လာဂျင်ထွက်ရှိစေဖို့ လှုံ့ဆော်ပေးပါတယ်။ အရေပြားမှာဖြစ်တဲ့ မီးလောင်၊ ဆီပူလောင်တာကလွဲလို့ ပြတ်ရှတာ၊ ထိခိုက်မိတာတွေကို သက်သာစေဖို့ နနွင်းကို အသုံးပြုပေးလို့ရပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Turmeric for Skin: Benefits and Risks https://www.healthline.com/health/turmeric-for-skin Accessed Date 5 May 2020

Six amazing skin benefits of turmeric https://www.standardmedia.co.ke/evewoman/article/2001299126/six-amazing-skin-benefits-of-turmeric Accessed Date 5 May 2020

ယခုပုံစံ

06/07/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကြက်သွန်ဖြူ ကပေးတဲ့ အသားအရေလှပမှု

စံပယ်ပန်း လှလှလေး ကပေးတဲ့ အသားအရေလှပမှု


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 06/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement