အသားအရေကို အလွှာတစ်ထပ်အနေနဲ့ ကာကွယ်ပေးတယ်
Toner ကချွေးပေါက်တွေကို ကျဉ်းစေပြီး ဆဲလ်တွေကို တင်းရင်းစေနိုင်တာကြောင့် အရေပြားအတွင်းပိုင်းကို ဖုန်မှုန့်နဲ့ အညစ်အကြေးတွေဝင်ရောက်တာမျိုးမရှိအောင် အကောင်းဆုံး ကာကွယ်ပေးပါတယ်။ ဒါတွေတင်မကဘဲ မျက်နှာသစ်တဲ့ရေမှာပါတဲ့ သာမန်မျက်စိနဲ့ မမြင်နိုင်တဲ့ အညစ်အကြေးတွေကိုလည်း အထိရောက်ဆုံးဖယ်ရှားပေးနိုင်ပါတယ်။
အစိုဓာတ်ထိန်းပေးနိုင်တယ်
Toner အများစုက အရေပြားပေါ်က ဖုန်မှုန့်တွေကိုဖယ်ရှားပေးပြီး အသားအရေကို အစိုဓာတ်ထိန်းပေးနိုင်ပါတယ်။
အသားအရေကို လန်းဆန်းစေတယ်
မျက်နှာသစ်လိုက်တဲ့အခါ အဆီတွေ နဲ့ အညစ်အကြေးတွေပါသွားတာမှန်ပေမယ့် အသားအရေကို ကြည်လင်လန်းဆန်းသွားစေတာတော့မဟုတ်သေးပါဘူး။ ဒါကြောင့် အသားလေးက လန်းလန်းဆန်းဆန်းနဲ့ ကြည်ကြည်လင်လင်လေးလှချင်ရင်တော့ Toner သုံးဖို့လိုပါမယ်။
အတွင်းပြန်ပေါက်တဲ့အမွှေးတွေ မဖြစ်အောင်ကာကွယ်ပေးနိုင်တယ်
Toner မှာ ပါတတ်တဲ့ အက်ဆစ်တွေက အရေပြားအတွင်းပြန်ပေါက်တဲ့အမွှေးတွေမဖြစ်အောင် အထိရောက်ဆုံးကာကွယ်ပေးနိုင်ပါသေးတယ်။ မွှေးညှင်းပေါက်လေးတွေ သန့်စင်ကျန်းမာဖို့ဆိုရင် Toner သုံးတာက အဆင်ပြေစေမှာပါ။
အသားအရေလေးက ကျန်းမာပြီး ကြည်လင်လှပနေစေဖို့ဆိုရင် မျက်နှာသစ်ပြီးတိုင်း Toner လေးကို အသုံးပြုပေးတာက အထိရောက်ဆုံး အသားအရေထိန်းသိမ်းမှုတစ်ရပ်ပါ။
Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။