နေ့စဉ် မျက်နှာသစ်သင့်ပြီး တစ်ပတ်မှာ နှစ်ကြိမ် မှ သုံးကြိမ်အထိ exfoliate ပြုလုပ်ပြီး ချွေးပေါက်ပိတ်ခြင်းကို ကာကွယ်သင့်ပါတယ်။ အထူးသဖြင့် မိတ်ကပ်မဖျက်ပဲ မအိပ်သင့်ပါဘူး။
- နေပူခံလိမ်းဆေးကို လိမ်းပါ။
အင်္ကျီရှည်၊ အနားသတ်ကြီးတဲ့ ဦးထုတ်၊ နေပူခံလိမ်းဆေးတွေကို နေပူထဲသွားတိုင်း အသုံးပြုသင့်ပါတယ်။ သင့်လျော်တဲ့ SPF နဲ့ PA ပါတဲ့ နေပူခံလိမ်းဆေးတွေဟာ UV rays တွေကြောင့် အရေပြားပျက်စီးမှုကို ကာကွယ်ပေးနိုင်ပါတယ်။
ချွေးပေါက်ကျဉ်းစေတဲ့ ဂုဏ်သတ္တိရှိတဲ့ ရှားစောင်းလက်ပပ်ပါတဲ့ moisturizers တွေ အသုံးပြုနိုင်ပါတယ်။ ဒါ့ပြင် အဆီမပါတဲ့ ထုတ်ကုန်တွေဟာ သင့်အတွက် ပိုမို သင့်လျော်ပါတယ်။
နည်းလမ်းအတော်များများကို ချွေးပေါက်ကျယ်ခြင်းကို ကုသဖို့ အသုံးပြုနိုင်ပါတယ်။ ဒါပေမယ့် ကုသမှုမယူခင်မှာ အလှအပဆိုင်ရာဆရာဝန်၊ အရေပြားဆရာဝန်တွေနဲ့ ဆွေးနွေးဖို့ အရေးကြီးပါတယ်။
ချွေးပေါက်ကျယ်ခြင်းကို ကုသနိုင်တဲ့ နည်းလမ်းများ
ချွေးပေါက်ကျယ်ခြင်းကို သက်သာစေတဲ့ အိမ်တွင်းနည်းလမ်းတွေ၊ Skin careတွေက ချွေးပေါက်တွေကို သန့်စင်စေလို့ ချွေးပေါက်တွေ မမြင်ရတော့ဘဲ ကျဉ်းသွားတယ်လို့ ထင်ရတာပါ။ တကယ်ကျဉ်းသွားတာမဟုတ်ပါဘူး။ ချွေးပေါက်တွေကို ပြန်ကျဉ်းအောင် လုပ်ဖို့က အင်မတန်ခက်ခဲပါတယ်။
အလှအပဆိုင်ရာ ဆေးခန်းတွေမှာ အသုံးပြုတဲ့ အောက်ပါ နည်းလမ်းတွေကတော့ ချွေးပေါက်တွေကို ကျဉ်းစေတယ်လို့ ယူဆရပါတယ်။ ဒါပေမယ့် တစ်ယောက်နဲ့ တစ်ယောက် အသားအရေ မတူတာကြောင့် မိမိရဲ့ ချွေးပေါက်တွေက ပြန်ကျဉ်းနိုင်ခြေရှိသလား။ ကုသမှုကို ဘယ်နှခါလောက် ခံယူရမလဲဆိုတာကို တိုင်ပင်သင့်ပါတယ်။
Mesotherapy မှာ အပ်သုံးရတဲ့ နည်းလမ်းနဲ့ အပ်မပါတဲ့ နည်းလမ်းတွေ ပါဝင်ပါတယ်။ Mesotherapy ဟာ အရေပြားကို amino acids, vitamins, minerals နဲ့ အခြားဆေးတွေ ဖြည့်တင်းပေးပါတယ်။ အာဟာရဓာတ်တွေကို ပစ်မှတ်ထားတဲ့ တစ်ရှူးတွေအတွင်း ထည့်ပေးတာမို့ အသားအရေကို ပိုမိုလှပစေပါတယ်။ Mesotherapy သာ ချွေးပေါက်ကျယ်ခြင်းကို အတွင်းပိုင်းကနေ သက်သာစေပြီး အသားအရေကို ထိရောက်စွာ လှပစေပါတယ်။
Chemical Peel ဟာ အက်ဆစ်ပါတဲ့ အရည်ကို အသုံးပြုပြီး အရေပြား ဆဲလ်အသေတွေပါတဲ့ အပေါ်ယံအလွှာကို ဖယ်ရှားခြင်းပဲ ဖြစ်ပါတယ်။ Peel အမျိုးအစား တစ်ခုစီမှာ သင်နဲ့ သင့်လျော်တဲ့ အက်ဆစ်ဓာတ်ပါဝင်ပါတယ်။ ဒီနည်းလမ်းကို အရေပြားပုံစံ တိုးတက်စေဖို့ အသုံးပြုပြီး ချွေးပေါက်ကျယ်ခြင်းဟာ အရင်ကထက်ပိုပြီး သက်သာလာမှာဖြစ်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။