backup og meta

တမာရွက် ကပေးတဲ့ အသားအရေ လှပမှု

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 01/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    တမာရွက် ကပေးတဲ့ အသားအရေ လှပမှု

    တမာရွက် လို့ ပြောလိုက်ရင် တမာချဉ်ကို အရင် ပြေးမြင်မယ်ထင်ပါတယ်။ ဆေးဖက်ဝင်တယ်ဆိုပြီး အချည်တည်လို့ တို့စားလေ့ရှိတဲ့ တမာရွက်လေးက ကျန်းမာရေးအတွက်တင် ထောက်ကူပေးတာ မဟုတ်ပါဘူး။ အသားအရေလေးကိုလည်း လှပ ကျန်းမာစေပါတယ်တဲ့။ ဘယ်လိုမျိုး အသားအရေ လှပစေဖို့ ထောက်ကူပေးလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။

    တမာရွက် ဆိုတာ

    တမာရွက် ဆိုတာ

    တမာရွက် ဆိုတာ တမာပင်ရဲ့ အရွက်ပါ။ တမာပင်က အပူပိုင်းအမြဲစိမ်းအပင်တစ်မျိုးပါ။ လွန်ခဲ့တဲ့ ရာစုနှစ်များစွာကတည်းက အာရှဒေသကနိုင်ငံတွေမှာဆေးဝါးအဖြစ်အသုံးပြုလာခဲ့ကြပါတယ်။ တမာက တစ်ပင်လုံးလိုလိုဆေးဖက်ဝင်တာပါ။ တမာရွက်နဲ့ အခြားအပင်အစိတ်အပိုင်းတွေကို အစာအိမ်နဲ့အူလမ်းကြောင်းရောဂါတွေအတွက် အသုံးပြုလို့ရသလို ကူးစက်ရောဂါတွေကာကွယ်ဖို့အတွက်လည်းအသုံးပြုကြပါတယ်။နောက်တစ်မျိုးအသုံးပြုလို့ရတာကတော့ အင်းဆက်တွေနဲ့ ပိုးမွှားတွေကို နှိမ်နင်းတိုက်ထုတ်ပေးတဲ့အရာအဖြစ်ပါ။ တမာကအရိပ်ရရုံတင်မဟုတ်ပါဘူး။ ဆေးဖက်လည်းဝင်ပါသေးတယ်။

    အသားအရေအတွက်ရော ဘယ်လိုများ ထောက်ကူပေးမလဲဆိုတာ အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။

    တမာရွက်မှာ ဘာတွေပါလဲ ……

    ဆေးဖက်ဝင်တယ်လို့ လူသိများတဲ့ တမာရွက်မှာ

    တမာရွက် ကပေးတဲ့ အသားအရေ လှပမှု

    တမာရွက်ကို ရှေးရာစုနှစ် များသွာကတည်းက အသားအရေနဲ့ အလှအပအတွက် အသုံးပြုခဲ့ကြပါတယ်။ အရေပြားကိုရော ဆံသားကိုပါ ကျန်းမာလှပစေနိုင်တဲ့ အာနိသင်ရှိပါတယ်။ အကြောင်းကတော့ တမာရွက်မှာ fatty acids နဲ့ အသားအရေ ကျန်းမာလှပစေတဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပါဝင်နေလို့ပါ။

    နောက်တစ်ချက်က တမာရွက်ကို အဆီပြန်တဲ့ အသားအရေ၊ ပုံမှန် အသားအရေနဲ့ ခြောက်သွေ့တဲ့ အသားအရေ အပါအဝင် အသားအရေ အမျိုးအစား အားလုံးအတွက် အသုံးပြုလို့ ရတာပါ။ ဒါကြောင့် အသားလှချင်တယ်ဆိုတဲ့ သူတိုင်း အသုံးပြုပေးလို့ ရတာကလည်း တမာရွက်ရဲ့ အားသာချက်ပါ။

     ဝက်ခြံ သက်သာစေနိုင်တယ်

    တမာရွက်ကို ဝက်ခြံဖြစ်လွယ်တဲ့ အသားအရေအတွက် စိတ်ချလက်ချ အသုံးပြုပေးလို့ ရပါတယ်။ ဘက်တီးရီးယားတွေ ပေါက်ဖွားမှုကို ဟန့်တားပေးသလို အရေပြားကို ဝက်ခြံကင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။

    အသားအရေကို အေးမြစေနိုင်ပြီး အရေပြားကို သန့်စင်ပေးနိုင်စွမ်း ရှိပါတယ်။ အသားအရေကို ချောမွေ့စေနိုင်တဲ့ အာနိသင်လည်း ရှိပါတယ်။ ကဲ … ဝက်ခြံ သက်သာဖို့ တမာရွက် အားကိုးလို့ ရပါတယ်။

    အမည်းစက်တွေ သက်သာစေတယ်

    တမာရွက်က ဝက်ခြံ အမာရွက်တွေ၊ အရေပြားပေါ်က အမည်းစက်တွေကို သက်သာစေနိုင်သလို နေလောင်ကွက်တွေကိုလည်း သက်သာစေနိုင်ပါတယ်။ အသားအရေကို ညီညာစေပြီး အနာကျက်စေနိုင်ပါတယ်။

    အရေပြားပေါ်မှာ တမာရွက်ကြိတ်ထားတဲ့အနှစ်၊ သံပုရာရည်၊ နနွင်းတို့ကို ရောစပ်ထားတဲ့ အရောကို တစ်ပတ်တစ်ကြိမ် မျက်နှာပေါ်မှာ ပေါင်းတင်ပေးမယ်ဆိုရင် အမာရွတ်ကင်းတဲ့ မျက်နှာလေးကို ပိုင်ဆိုင်နိုင်မှာပါ။

    အရေပြားကို ကျန်းမာစေတယ်

    ထိခိုက်လွယ်တဲ့ အသားအရေမှာ ဓာတ်မတည့်မှု ဖြစ်တဲ့အခါ သက်သာစေဖို့ တမာရွက်ကို အသုံးပြုပေးလို့ ရပါတယ်။ တမာရွက် အရောင်ကျစေနိုင်သလို fatty acids နဲ့ glyceridesတို့ ပါဝင်နေတာကြောင့် အသားအရေကို ချောမွေ့စေနိုင်ပါတယ်။

    အရေပြား နီမြန်းတာ၊ ခြောက်သွေ့တာ၊ ယားယံတာ၊ အဖက်လန်တာတွေကို သက်သာစေဖို့လည်း တမာရွက်ကို အသုံးပြုပေးလို့ ရပါတယ်။

    အရွယ်တင်စေနိုင်တယ်

    တမာရွက်က ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝစွာ ပါဝင်နေသလို ဗီတာမင် E ပါဝင်နေတာကြောင့် အရေပြားကို အစိုဓာတ် ထိန်းပေးပြီး အရွယ်တင်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။ အရေးအကြောင်းတွေကို သက်သာစေနိုင်ပြီး အသက်ကြီးလို့ ဖြစ်လာတဲ့ အမဲစက်တွေ၊ တင်းတိပ်တွေကိုလည်း သက်သာစေနိုင်ပါတယ်။

    အသားအရေကို တင်းရင်းစေပြီး အရွယ်တင်စေနိုင်သလို အရွယ်မတိုင်ခင် အိုမင်းတာမျိုး မဖြစ်စေဖို့လည်း ကာကွယ်ပေးနိုင်ပါတယ်။ အသားအရေကို ကြည်ကြည်လင်လင်လေးနဲ့ လှပစေမှာပါ။

    အစိုဓာတ် ထိန်းပေးနိုင်တယ်

    တမာရွက်က အဆီပြန်တဲ့ အသားအရေ ဝက်ခြံ ဖြစ်လွယ်တဲ့ အသားအရေတွေအတွက်လည်း အသုံးပြုပေးလို့ ရပါတယ်။ အရေပြား ခြောက်သွေ့မှု မရှိအောင် အစိုဓာတ် ထိန်းပေးနိုင်ပါတယ်။ အရေပြားကို အာဟာရ ဖြည့်ပေးပြီး ရေဓာတ်ဖြည့်ပေးပါတယ်။

    အရေပြားခြောက်တာ၊ အသားတွေ နီတာ၊ အဖက်လန်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးသလို glow skin လေး ဖြစ်နေစေဖို့လည်း အားဖြည့်ပေးနိုင်ပါတယ်။ အရေပြားက ဆုံးရှုံးသွားတဲ့ အစိုဓာတ်ကိုလည်း ပြန်ဖြည့်ပေးနိုင်ပါတယ်။

    ကဲ …… တမာရွက်က အသားအရေလေး လှပကျန်းမာစေဖို့ အခုလိုလေး ထောက်ကူပေးနိုင်ပါတယ်။ တမာရွက်က အရေပြားအတွက် ကောင်းတယ်ဆိုပေမယ့် ဓာတ်တည့်မတည့် မသိနိုင်တာကြောင့် အရေပြားမှာ အရင်စမ်းပြီးမှ သုံးစေချင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 01/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement