backup og meta

ဖန်ခါးသီးက အသားအရေ လှစေသလား

ဖန်ခါးသီးက အသားအရေ လှစေသလား

ဖန်ခါးသီးက နာမည်နဲ့လိုက်အောင် ဖန်ပြီး ခါးပါတယ်။ ချဉ်ဖန်ဖန် အရသာမျိုးလည်း ရှိပါတယ်။ ဖန်ပြီးခါးတဲ့ ဖန်ခါးသီးကို ဆီးချိုကျစေဖို့အတွက် အသုံးပြုကြတာကို တွေ့ရများပါတယ်။

ဖန်ခါးသီးကို ပြုတ်သောက်တာ၊ တို့စားတာ၊ သတ္တုရည်ကို သောက်တာမျိုးတွေ ရှိသလို ကြက်သွန်ဖြူလေး ဆားမီးကင်လေးနဲ့ ထောင်းစားကြတာလည်း ရှိပါတယ်။ စားရတာ ဖန်ပြီးခါးတယ်ဆိုပေမယ့် အနံ့မွှေးမွှေးလေးကြောင့် ဖန်ခါသီးကို လူကြီးတွေကတော့ တော်တော်လေး နှစ်သက်ကြပါတယ်။ ဒီလို အခါးဓာတ်ရှိတဲ့ ဖန်ခါးသီးက ဆေးဖက်ဝင်တယ်ဆိုတော့ အသားအရေကိုရော ကျန်းမာစေမလားဆိုပြီး သိချင်နေတဲ့သူလေးတွေများ ရှိလား။ ဒါဆိုရင်တော့ ဆောင်းပါးလေးကို ဖတ်ကြည့်လိုက်နော်။ ဆောင်းပါးလေးထဲမှာ ဖန်ခါးသီးက အသားအရေ လှစေသလား  ဆိုတဲ့ အကြောင်းလေးကို ပြောပြပေးသွားပါမယ်။

ဖန်ခါးသီး ဆိုတာ

ဖန်ခါးသီးဆိုတာက ဖန်ခါးပင်ရဲ့ အသီးပါ။ နွေပူပူမှာ အရိပ်ရစေလောက်တဲ့အထိ ကြီးတဲ့ ဖန်ခါးပင်ရဲ့ အသီးလေးတွေပါ။ အခိုင်လိုက် သီးတတ်ပြီး အသီးလေးက ခပ်ရှည်ရှည်လေးပါ။ အသားမာပြီး အလယ်မှာ အစေ့ တစ်စေ့ပဲ ပါပါတယ်။ အစိမ်းရင့်ရောင် ရှိပြီး တစ်ခါတလေမှာ အဝါဖျော့ဖျော့ ဒါမှမဟုတ် ပန်းရောင်လေးလိုလို အနီရောင်ဖျော့ဖျော့လေးလိုလို ရှိတတ်ပါတယ်။

Combretaceae မျိုးရင်းဝင် အပင်မျိုး ဖြစ်ပြီး အပူပိုင်း နဲ့ သမပိုင်းဒေသတွေမှာ ပေါက်ရောက်ကြပါတယ်။ အိန္ဒိယ၊ နီပေါ၊ တရုတ်၊ သီရိလင်္ကာ၊ မလေးရှား နဲ့ ဗီယက်နမ်နိုင်ငံတွေမှာ အများဆုံးပေါက်ရောက်ပါတယ်။

ဖန်ခါးသီးမှာ ဘယ်လို အာဟာရဓာတ်တွေ ပါဝင်နေလဲ

ဖန်ခါးသီးမှာ အခုလို အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။

ဖန်ခါးသီးက အသားအရေ လှစေသလား ……..

ဖန်ခါးသီးက အသားအရေ လှစေသလား …….. ဆိုတော့ ဖန်ခါးသီးက အသားအရေ လှစေပါတယ်။ ဘယ်လိုမျိုး အသားအရေ လှပမှုတွေကို ရရှိစေနိုင်မလဲဆိုတာကိုတော့ ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။

အသားအရေ လှပစေဖို့အတွက် ဖန်ခါးသီးကို စားပေးလို့ ရသလို အသီးရဲ့ သတ္တုရည်ကို လိမ်းပေးတာ၊ အသားကို ကြိတ်ခြေပြီး အရေပြားမှာ တိုက်ရိုက် လိမ်းပေးတာတွေ လုပ်ဆောင်ပေးလို့ ရသလို အမှုန့်ကို rose water နဲ့ လိမ်းပေးလို့လည်း ရပါတယ်။ အရေပြားပေါ်မှာ မိနစ် ၂၀ လောက် ထားပြီး ရေဆေးချလိုက်ရုံပါ။

ဖန်ခါးသီးက အရေပြား ပြဿနာတော်တော်များများကို သက်သာစေနိုင်ပါတယ်။

ဝက်ခြံဖြစ်တဲ့သူတွအနေနဲ့ ဖန်ခါးသီး သတ္တုရည်ကို အသုံးပြုပေးလို့ ရသလို အသားကိုကြိတ်ခြေပြီး ဝက်ခြံပေါ်မှာ တိုက်ရိုက် လိမ်းပေးလို့လည်းရပါတယ်။ အရေပြားပေါ်က ဘက်တီးရီးယားတွေကို ဖယ်ရှားပေးပြီး အရောင်ကျစေနိုင်သလို ဝက်ခြံတွေကို သက်သာစေနိုင်မှာပါ။ သွေးသန့်စေနိုင်ပြီး ဝက်ခြံမဖြစ်အောင် ထိထိရောက်ရောက် ကာကွယ်ပေးနိုင်ပါတယ်။

ဖန်ခါးသီးရဲ့ နောက်ထပ်ကျန်းမာရေး အာနိသင်တစ်ခုကတော့ အရေပြားပေါ်က အစက်အပြောက်တွေ၊ ဝက်ခြံအမာရွတ်တွေ နဲ့ အမည်းစက်တွေကို သက်သာစေနိုင်တာပါ။ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်ပြီး ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ နဲ့ ဗီတာမင် C ပါဝင်မှုက ကော်လာဂျင်ထွက်ရှိမှုကို မြှင့်တင်ပေးပြီး အသားအရေကို ကြည်လင်လှပစေမှာပါ။

ဖန်ခါးသီးမှုန့်ကို ရေနဲ့ပျစ်ပျစ်လေးဖျော်ပြီး မျက်ကွင်းတဝိုက်မှာ ဝိုင်းပေးပါ။ ၁၅ မိနစ် ကနေ မိနစ် ၂၀ လောက်ထားပြီး ရေအေးအေးနဲ့ ဆေးချပေးလိုက်ပါ။ ပုံမှန် လုပ်ပေးမယ်ဆိုရင် မျက်ကွင်းညိုတာကို သက်သာစေမှာပါ။

ဖန်ခါးသီးရဲ့ နောက်ထပ်အာနိသင် တစ်ရပ်ကတော့ ချွေးပေါက်ကျဉ်းစေတာပါ။ ဖန်ခါးသီးမှုန့်ကို rose waterနဲ့ ခပ်ပျစ်ပျစ်လေး ဖျော်ပြီး မျက်နှာပေါ်မှာ လိမ်းပေးပါ။ မိနစ် ၂၀ လောက်ထားပြီး ရေအေးအေးနဲ့ ဆေးချလိုက်ရုံပါ။ တစ်ပတ်ကို ၂ ကြိမ်၊ ၃ ကြိမ်လောက် ပုံမှန် လုပ်ပေးလို့ ရပါတယ်။

အရေပြားမှာဖြစ်တဲ့ အနာတွေ၊ အနာစိမ်းတွေ သက်သာစေဖို့အတွက်ဆိုရင်လည်း ဖန်ခါးသီးကို အသုံးပြုပေးလို့ ရပါတယ်။ အမှုန့်ကို အသုံးပြုလို့ ရသလို၊ သတ္တုရည်၊ ပြုတ်ရည်တွေကို အသုံးပြုပေးလို့လည်း ရပါတယ်။

ရေဓာတ် ပါဝင်နေတာကြောင့် ဖန်ခါးသီးက အရေပြားကို အစိုဓာတ် ထိန်းပေးပြီး ခြောက်သွေ့မှု ကင်းစေဖို့ ထောက်ကူပေးပါတယ်။ အမှုန့်ကို ရေနဲ့ဖျော်ပြီးတော့ ဖြစ်ဖြစ်၊ သတ္တုရည်၊ ပြုတ်ရည်တွေကို အသုံးပြုပေးလို့ ရပါတယ်။

အရေပြားမှာ အင်ပြင်ဖြစ်တာ၊ ဓာတ်မတည့်မှုကြောင့် ယားယံတာတွေကို သက်သာစေဖို့အတွက်အရေပြား ယားယံတာကို သက်သာစေနိုင်ပါတယ်။ အသားအရေ ကျန်းမာစေဖို့လည်း အားဖြည့်ပေးပါတယ်။

ဖန်ခါးသီးက အသားအရေအတွက်

  • ဝက်ခြံ သက်သာစေတယ်
  • အမည်းစက် သက်သာစေတယ်
  • မျက်ကွင်းညိုတာ သက်သာစေတယ်
  • ချွေးပေါက်ကျဉ်းစေတယ်
  • အနာတွေ သက်သာစေတယ်
  • အစိုဓာတ် ထိန်းပေးတယ်
  • အရေပြား ယားယံတာကို သက်သာစေတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Haritaki: Benefits, Uses, Dosage, Formulations, and Side Effects https://www.netmeds.com/health-library/post/haritaki-benefits-uses-dosage-formulations-and-side-effects#:~:text=Haritaki%20For%20Skin%20Health&text=It%20effectively%20scavenges%20free%20radicals,pimples%2C%20rashes%2C%20boils%20etc. Accessed Date 29 July 2022

5 TOP BENEFITS OF KADUKKAI POWDER FOR SKIN, HAIR & HEALTH! https://www.wildturmeric.net/kadukkai-powder-health-benefits/ Accessed Date 29 July 2022

MedicoExperts Haritaki Powder https://www.medicoexperts.com/medicoexperts-haritaki-powder/ Accessed Date 29 July 2022

Haritaki Benefits: The Ayurvedic Herb that Supports Immune & Gut Health https://draxe.com/nutrition/haritaki-benefits/ Accessed Date 29 July 2022

Health Benefits Of Haritaki And Its Side Effects https://www.lybrate.com/topic/haritaki-benefits-and-side-effects Accessed Date 29 July 2022

ယခုပုံစံ

05/08/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကြယ်ပုံစံ ဇီးဖြူသီးလေးတွေ ကပေးတဲ့ ကျန်းမာရေး

ဖန်ခါးသီး ရဲ့ ဆေးဖက်ဝင်မှု အဖုံဖုံ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 05/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement