backup og meta

အလှအပနဲ့ပတ်သက်လို့ ဒါတွေလုပ်မိနေပြီလား

အလှအပနဲ့ပတ်သက်လို့ ဒါတွေလုပ်မိနေပြီလား

ကြည်လင်ပြီး အနာအဆာကင်းတဲ့ မျက်နှာလေးက အလှတိုးစေတဲ့အချက်တစ်ခုပေါ့။ အသားအရေထိန်းသိမ်းမှုက လူတိုင်းလိုလိုလုပ်သင့်တဲ့အရာတစ်ခုပါ။ ဒီလိုလုပ်တဲ့အခါ အသားကိုကြည်လင်လှပလိုစိတ်နဲ့ လုပ်မိတာတွေကြောင့် အသားအရေပိုကောင်းမသွားဘဲ ထိခိုက်တာမျိုးဖြစ်စေဖို့ ဒီဆောင်းပါးလေးထဲကနေပြောပြပေးပါရစေနာ်။ လုပ်မိနေတယ်ဆိုရင်လည်း ဆင်ခြင်လို့ရတာပေါ့။

ဒါတွေလုပ်မိနေလား…….

မျက်နှာကို Micellar Water နဲ့သစ်ပြီးရင်ရေနဲ့ပြန်သစ်စရာမလိုဘူး

ဒီအယူအဆက အပြည့်အဝမမှန်ပါဘူး။ Micellar Water ကမျက်နှာကို အတွင်းပိုင်းအထိသန့်စင်ပေးတယ်ဆိုပေမယ့် မျက်နှာပြန်သစ်ဖို့တော့ လိုမှာပါ။ မျက်နှာ မသစ်ဘဲထားလိုက်ရင် အသားအရေကို ထိခိုက်စေနိုင်ပါတယ်။

ဆဲလ်သေတွေကို ခဏခဏဖယ်ရှားလေလေ အသားအရေကြည်လေလေပဲ

တစ်ပတ်ကို နှစ်ကြိမ်ဆိုရင်ကို လုံလောက်ပါပြီ။ တစ်ပတ်ကို နှစ်ကြိမ်ထက်ကျော်ပြီး မျက်နှာပေါ်ကဆဲလ်သေတွေကို မဖယ်ရှားသင့်ပါဘူး။ အသားအရေကို ကြည်လင်စေတယ်ဆိုတာထက် ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် တစ်ပတ်နှစ်ကြိမ်လောက်ပဲလုပ်ပေးပါ။

ဝက်ခြံထွက်နေလည်း ဆဲလ်သေတွေဖယ်ရှားလို့ရပါတယ်

ဝက်ခြံထွက်နေတဲ့အချိန်မှာဆဲလ်သေတွေဖယ်ရှားတာက အခန့်မသင့်ရင် ဝက်ခြံတွေကို ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် ဝက်ခြံတွေအရမ်းကြီးနေပြီဆိုရင် ဆဲလ်သေတွေဖယ်ရှားတာမျိုးမလုပ်သင့်ပါဘူး။

နေလောင်ကာခရင်မ်က မဖြစ်မနေလူးစရာမလိုဘူး

နေလောင်ကာခရင်မ်ကကျော်မသွားသင့်တဲ့ အသားအရေထိန်းသိမ်းမှုအဆင့်တစ်ခုပါ။ အပြင်မထွက်ခက်နာရီဝက်အလိုတိုင်းမှာ မျက်နှာအပါအဝင် ခန္ဓါကိုယ်တစ်ခုလုံးကို လူးပေးပါ။ ဒါမှနေလောင်ဒဏ်ကြောင့် အသားအရေထိခိုက်မှုမရှိအောင်ထိန်းသိမ်းနိုင်မှာပါ။

မျက်နှာပေါင်းတင်တဲ့အခါ Mask ကပ်ပြီးတစ်ညလုံးအိပ်လို့ရတယ်

Mask ကမျက်နှာအသားအရေကို ထိန်းသိမ်းပေးနိုင်တယ်ဆိုပေမယ့် သတ်မှတ်ထားတဲ့အချိန်အတိုင်းကပ်တာက အဆင်ပြေဆုံးပါ။ တစ်ညလုံးကပ်ထားမယ်ဆိုရင် မျက်နှာကရေဓါတ်တွေပါဆုံးရှုံးစေနိုင်ပါတယ်။

မျက်နှာသစ်တဲ့အခါ တစ်ကြိမ်တည်းနဲ့မလုံလောက်ဘူး

မျက်နှာသစ်တဲ့အခါ အသားပေါ်မှာ အဆီတွေကျန်နေလို့ဆိုပြီး နှစ်ကြိမ်လောက်ထပ်သစ်ပစ်တာမျိုးက အသားအရေအတွက် ပိုထိရောက်မသွားဘဲ အဆီတွေကိုကုန်သွားစေလို့ အသားအရေခြောက်သွေ့ပျက်စီးလွယ်ပါတယ်။

မျက်နှာကို အပြင်ကပြန်လာတိုင်း သစ်ရမယ်

ဒီအယူအဆကမှားပါတယ်။ မျက်နှာသစ်တာက မနက်တစ်ကြိမ် ညအိပ်ရာမဝင်ခင်တစ်ကြိမ်သစ်ရင်ကို လုံလောက်ပါပြီ။ ခဏခဏသစ်တာက မျက်နှာအသားအရေကို ထိခိုက်စေနိုင်ပါတယ်။ အရမ်းကိုဖ်ုထူတဲ့နေရာမျိုးကပြန်လာရင်တော့တစ်မျိုးပေါ့။

Night Cream ကို မဖြစ်မနေလူးစရာမလိုဘူး

ဒီအယူအဆကမှားနေပါတယ်။ မျက်နှာအပါအဝင်ခန္ဓါကိုယ်ပေါ်ကဆဲလ်တွေက ညအိပ်ချိန်မှာ လိုအပ်တဲ့ အာဟာရတွေကို စုပ်ယူပြီး အသစ်ပြုပြင်တာပါ။ ဒါကြောင့် ညအိပ်ရာမဝင်ခင် Night Cream လူးပေးတာက အသားအရေကိုကြည်လင်စေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါ။

လည်ပင်းအသားအရေကို အထူးတလည်ဂရုစိုက်နေစရာမလိုဘူး

လည်ပင်းအသားအရေကလည်း မျက်နှာအသားအရေလိုပဲ ဂရုစိုက်ဖို့လိုပါမယ်။ ဒါကြောင့် မျက်နှာအတွက်လူးတဲ့ အသားအရေထိန်းသိမ်းမှုပစ္စည်းတွေကို လည်ပင်းကိုလည်း သုံးပေးပါ။

ပေါင်းတင်တာက ညဘက်အကောင်းဆုံးပဲ

ဒါကမှားတယ်မဆိုသာပေမယ့် အပြည့်အဝလည်းမမှန်ပါဘူး။ မျက်နှာကို မနက်ခင်းမှာကြေးချွတ်သန့်စင်ပြီးပေါင်းတင်ပေးတာက မျက်နှာ အသားအရေလေးကို ကြည်လင်လန်းဆန်းပြီး တစ်နေ့တာလုံး ကြည့်ကောင်းနေစေမှာပါ။

ဒီအချက်လေးတွေကို သတိထားပြီး အသားအရေကို ကြည်လင်ပြီး အပြသ်အနာအဆာကင်းအောင်စောင့်ရှောက်လိုက်ပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ယခုပုံစံ

03/06/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

မျက်နှာအသားအရေအတွက် နွားနို့နဲ့ ပျားရည်

အသားအရေကိုကြည်လင်စေမယ့် Detox Water ဘယ်လိုလုပ်မလဲ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 03/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement