backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

အသားဖြူချင်သူလေးတွေအတွက် အိမ်တွင်းကုထုံး

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 04/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသားဖြူချင်သူလေးတွေအတွက် အိမ်တွင်းကုထုံး

ဘယ်နားသွားသွားထင်းခနဲလှပစေဖို့နဲ့ ဘာလေးဝတ်ဝတ်လှနေစေဖို့ အသားဖြူချင်လိုက်တာလို့ဆိုပြီး တွေးနေတဲ့သူလေးတွေများရှိလား။ အသားဖြူချင်ပေမယ့် ထိခိုက်မှုနည်းစေဖို့အတွက် သဘာဝနည်းလေးတွေပဲသုံးချင်တယ်ဆိုရင်တော့ ဒီဆောင်းပါးလေးက လိုချင်နေတဲ့အဖြေကို ထုတ်ပေးနိုင်မှာပါ။ ကဲ..အသားဖြူဖို့ အသင့်ဖြစ်ပြီလား…………

သဘာဝအတိုင်း အသားဖြူစေဖို့ အိမ်တွင်းကုထုံးတွေက ဘာတွေများလဲ………….

မြင်သူတိုင်းအားကျရလောက်အောင် အသားလေးဖြူဝင်းစေဖို့ဆိုရင်

သင်္ဘောသီး နဲ့ ပျားရည်

သင်္ဘောသီးက အရသာရှိရုံတင်မဟုတ်ပါဘူး။ အသားအရေအတွက်ပါ တော်တော်လေးအထောက်အကူပြုပေးပါတယ်။ အကြောင်းကတော့ သင်္ဘောမှာပါတဲ့ papain ဆိုတဲ့ဒြပ်ပေါင်း နဲ့ alpha hydroxy acids တို့ကအရေပြားပေါ်က ဆဲလ်သေတွေကို အထိရောက်ဆုံးဖယ်ရှားပေးနိုင်ပါတယ်။ အရေပြားအတွင်းပိုင်းလွှာအထိသန့်စင်စေပြီး အသားအရေကိုကြည်လင်ဖြူဝင်းစေပါတယ်။ ပျားရည်ကတော့ အနာကျက်စေပြီး အမာရွတ်တွေကိုပါးစေနိုင်သလို ဘက်တီးရီးယားတွေကို အထိရောက်ဆုံးကာကွယ်ပေးနိုင်ပါတယ်။

လိုအပ်မှာက
  • သင်္ဘောသီးတစ်စိတ်စာ
  • ပျားရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာတို့ကို ရောစပ်ပြီး သမအောင်မွှေပါ။
  • ရလာတဲ့အနှစ်ကို မျက်နှာအပါအဝင်ခန္ဓါကိုယ်အနှံ့မှာလူးပြီး မိနစ် ၂၀ လောက်ထားပါ။ ပြီးရင် ရေနွေးနွေးလေးနဲ့ဆေးကြောပေးပါ။ နောက်ဆုံးအဆင့်ကတော့ ရေအေးနဲ့ရေချိုးချပြီး အရေပြားကိုခြောက်အောင်သုတ်ပေးပါ။ ၃ ရက်တစ်ကြိမ်လောက်လုပ်ပေးပါ။

    လိမ္မော်ခွံ နဲ့ ဒိန်ချဉ်

    လိမ္မော်သီးကလည်း ရှာရခက်လှတာတော့မဟုတ်ပါဘူး။ အသားဖြူစေဖို့လည်း တကယ်ကို အထောက်အကူပြုပေးပါတယ်။ ဗီတာမင် C ကြွယ်ဝမှုကြောင့် အသားအရေကို ကြည်လင်စေတာ အမှန်ပါ။

    လိုအပ်မှာက
    • နေရောင်အောက်မှာ ၃ – ၄ ရက်ကြာ အခြောက်ခံထားတဲ့ လိမ္မော်ခွံကိုကြိတ်ခြေထားတဲ့ အမှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာ
    • အရသာထည့်မထားတဲ့ ဒိန်ချဉ်လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာတို့ကို သမအောင်ရောမွှေပေးပါ။

    ရလာတဲ့အနှစ်ကို သန့်စင်ထားတဲ့ အရေပြားပေါ်မှာ လိမ်းပေးပါ။ ၁၅ မိနစ် ကနေ မိနစ် ၂၀ လောက်ထားပေးပါ။ ပြီးရင်ရေနွေးနဲ့ ဆေးချလိုက်ပါ။ တစ်ရက်ခြားတစ်ခါလုပ်ပေးပါ။

    ခရမ်းချဉ်သီး၊ ဒိန်ချဉ် နဲ့ Oatmeal

    ခရမ်းချဉ်သီးမှာပါတဲ့ lycopene ကအသားအရေကို အိုမင်းရင့်ရော်ခြင်းမဖြစ်အောင်ကာကွယ်ပေးနိုင်ပြီး ဓါတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝမှုက အသားအရေကို ကြည်လင်စေနိုင်ပါတယ်။ အသားအရေကို ကင်ဆာမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။ Oatmeal ကတော့ ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး အသားအရေကို ကျန်းမာစေနိုင်ပါတယ်။

    လိုအပ်မှာက
    • ခရမ်းချဉ်သီးတစ်လုံး
    • အရသာမပါတဲ့ ဒိန်ချဉ်လက်ဖက်ရည်ဇွန်း ၁ ဇွန်းစာ
    • Oatmeal လက်ဖက်ရည်ဇွန်း ၁ ဇွန်းစာတို့လိုအပ်ပါမယ်။
    • ခရမ်းချဉ်သီးကို ထက်ပိုင်းပိုင်းလိုက်ပါ။ လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာ ဒါမှမဟုတ် နှစ်ဇွန်းစာလောက်အရည်ညှစ်ပါ။ Oatmeal တစ်ခွက်စာထဲကို ခရမ်းချဉ်သီးအရည်နဲ့ ဒိန်ချဉ်တို့ကို အချိုးကျရောစပ်လိုက်ပါ။ ပြီးရင် သမအောင်မွှေပါ။ သန့်စင်ထားတဲ့အရေပြားပေါ်မှာ လိမ်းပေးပြီး မိနစ် ၂၀ ကြာထားပေးပါ။ ပြီးရင် ရေနွေးနဲ့ဆေးချလိုက်ပါ။ တစ်ပတ်ကို နှစ်ကြိမ်ကနေ ၃ ကြိမ်လောက်အထိလုပ်ပေးပါ။

      နို့၊ သံပရာရည် နဲ့ ပျားရည်

      သံပရာရည်က ဗီတာမင် C ကြွယ်ဝပြီး အသားအရေကို ကြည်လင်စေနိုင်ပါတယ်။ မယ်လ်လာနင်ထွက်ရှိမှုကိုလျှော့ချပေးနိုင်စွမ်းရှိပါတယ်။ နေလောင်ဒဏ်ကြောင့် အသားအရေပျက်စီးတာကို အထိရောက်ဆုံး သက်သာစေနိုင်ပါတယ်။

      လိုအပ်မှာက
      • နို့လက်ဖက်ရည်ဇွန်း တစ်ဇွန်း
      • သံပရာရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်း
      • ပျားရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းတို့ကို ရောစပ်ပြီး သမအောင်မွှေပါ။

      ရလာတဲ့အနှစ်ကို အရေပြားပေါ်မှာလူးပေးပါ။ မိနစ် ၂၀ လောက်ထားပါ။ ပြီးရင်ရေနွေးနွေးလေးနဲ့ ဆေးချလိုက်ပါ။

      ပဲအစိမ်းမှုန့် နဲ့ ဒိန်ချဉ်

      ပဲမှုန့်က အရေပြားကို ရောဂါပိုးတွေကူးစက်ခံရမှုက အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။ ဒိန်ချဉ်က အသားအရေကို အစိုဓါတ်ထိန်းပေးပြီး လန်းဆန်းကြည်လင်တဲ့ အသားအရေကို ပိုင်ဆိုင်နိုင်စေမှာ အသေအချာပါ။ အသားအရေကို ကျန်းမာပြီး ကြည်လင်လှပစေနိုင်ပါတယ်။

      လိုအပ်မှာက

      ပဲအစိမ်းမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်းစာ

      ဒိန်ချဉ် လက်ဖက်ရည်ဇွန်း ၂ ဇွန်း ဒါမှမဟုတ် ၃ ဇွန်းစာတို့ကို သမအောင်မွှေပါ။

      သန့်စင်ထားတဲ့ အရေပြားပေါ်မှာ အနှစ်ကို နှံ့နေအောင်လူးပေးပါ။ မိနစ် ၂၀ ကနေ နာရီဝက်လောက်ထားပြီး ရေနွေးနွေးလေးနဲ့ ဆေးချလိုက်ပါ။ တစ်ပတ်ကို ၃ ကြိမ်လောက်ထိလုပ်ပေးလို့ရပါတယ်။

      Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

      မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

      Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



      မှ အချက်အလက် စစ်ဆေးထားပါသည်။

      Dr. Thurein Hlaing Win


      Aye Thi Mon မှ ရေးသားသည်။ · 04/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

      ad iconadvertisement

      ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

      ad iconadvertisement
      ad iconadvertisement