မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar
လက်ဖဝါး ဘာလို့ယားတာလဲ ဆိုတော့ လက်ဖဝါးယားရတာက ဒါတွေကြောင့်ဖြစ်နိုင်ပါတယ်။
လက်မှာ ဝဲဖြစ်ချင်သလိုလို ယားစပ်စပ်နဲ့ ဖြစ်လာရာကနေ အရေပြားအရောင်ပြောင်းလာတတ်ပါတယ်။ အရေပြားက ခြောက်သွေ့လာနိုင်ပါတယ်။ အဖုလေးတွေပေါက်ပြီးရင် အရေပြားက ပိုဆိုးလာနိုင်ပါတယ်။ ဒါပေမယ့် ရက်ပိုင်း သို့မဟုတ် တစ်ပတ် နှစ်ပတ် လောက်ပဲဖြစ်နိုင်ပါတယ်။ လနဲ့ချီပြီး ခံစားနေရမှာမဟုတ်ပါဘူး။
ဒီလိုမျိုး ဖြစ်ရတဲ့ အကြောင်းရင်းက ဓာတုပစ္စည်းတွေနဲ့ထိတွေ့မှုများခြင်းလည်း ပါဝင်ပါတယ်။ သန့်ရှင်းရေး၊ ဆံသ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ စက်ပြင် စတဲ့အလုပ်တွေက ဓာတုပစ္စည်းတွေနဲ့ လက်ဖဝါးထိတွေ့ရတာများတဲ့ အလုပ်အကိုင်တွေဖြစ်ပါတယ်။
အလှလက်စွပ်နဲ့ တခြားလက်ဝတ်လက်စားတွေလိုမျိုးဆီက သံသတ္တုနဲ့ ဓာတ်မတည့်ခြင်း၊ ရေမွှေး၊ ဆပ်ပြာ၊ ပိုးသတ်ဆေး၊ ဖုန်မှုန့်စတဲ့ အရာတွေနဲ့ ဓာတ်မတည့်မှု ဖြစ်တတ်တာများပါတယ်။
လူတစ်ယောက်မှာ ဆီးချိုရောဂါရှိနေတဲ့အခါ သွေးတွင်းသကြားဓာတ်ပမာဏ မြင့်လွန်းနေတဲ့အခါ အရေပြားခြောက်သွေ့ပြီး ယားယံလာနိုင်ပါတယ်။ အဲဒီလိုယားယံတဲ့အခါ လက်ဖဝါး သို့မဟုတ် တခြားခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာပါ အရေပြားနီမြန်းလာတာ၊ အဖုလေးတွေ ဖြစ်လာတာတွေ ဖြစ်တတ်ပါတယ်။
Primary biliary cirrhosis (PBC) လို့ခေါ်တဲ့ အသည်းခြောက်ရောဂါဟာ လက်ဖဝါးမှာ ယားယံပြီး အကွက်လေးတွေ ဖြစ်လာစေနိုင်ပါတယ်။ PBCကြောင့် အသည်းနဲ့ အူလမ်းကြောင်းကို ဆက်သွယ်ပေးတဲ့ သည်းခြေပြွန်ကို ထိခိုက်စေနိုင်ပါတယ်။ အသည်းနဲ့ အူလမ်းကြောင်းကြားမှာ ရွေ့လျားနေတဲ့ သည်းခြေရည်တွေက အသည်းမှာစုနေပြီး အသည်းရွတ်ဖြစ်စေနိုင်ပါတယ်။ လက်ဖဝါးအကွက်တွေဖြစ်တာ၊ မအီမသာဖြစ်တာ၊ အရိုးနာကျင်တာ၊ ဝမ်းပျက်တာ၊ ဆီးအရောင်ရင့်တာတွေ ရှိနိင်ပါတယ်။
လက်ဖဝါး ယားတယ် ဆိုတိုင်း ရောဂါလက္ခဏာဖြစ်နေတာတော့ မဟုတ်ပါဘူး။ တစ်ခါတလေကျ ဘာရယ်မဟုတ် ခဏလောက် လက်ဖဝါး ယားတာမျိုးလည်း ရှိနိုင်ပါတယ်။ ဥပမာ ဆောင်းရာသီမို့ အသားခြောက်တာမျိုး။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Kaung Thar
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။