backup og meta

ခြေဆီလက်ဆီ အထွက်များတဲ့သူတွေ အတွက် အသုံးဝင်မယ့် အိမ်တွင်းနည်းလေးတွေ။။

ခြေဆီလက်ဆီ အထွက်များတဲ့သူတွေ အတွက် အသုံးဝင်မယ့် အိမ်တွင်းနည်းလေးတွေ။။

အဆီပြန်တတ်တဲ့ အသားအရေဟာ မျက်နှာပေါ်တွင်ရှိနေရုံ စိတ်ညစ်ရတာ မဟုတ်ပါဘူး။ ခြေဆီ လက်ဆီ ထွက်လွန်းရင်လည်း ကိုင်လိုက်တဲ့ ပစ္စည်းတွေ ချော်ကျ၊ စာရွက်တွေကိုင်လိုက်ရင်လည်း စာရွက်တွေမှာ စွန်း၊ အဝတ်အစားတွေမှာလည်း စွန်းနဲ့ အင်မတန်မှ စိတ်ညစ်ရပါတယ်။ ဒီလို ထွက်နိုင်လွန်းတဲ့ ခြေဆီလက်ဆီတွေကို အပြီးသတ် မတိုက်နိုင်ရင်တောင် ထိန်းနိုင်တဲ့ နည်းတွေရှိတယ်ဆိုတာ သင်သိပြီးပြီလား ။ ။

ခြေဆီလက်ဆီတွေ ဘာကြောင့် အထွက်များရတာလဲ ။ ။

ခြေဆီ လက်ဆီအထွက်များတယ်ဆိုတာ အရေပြားပေါ်က အဆီဂလင်းလေးတွေ အရမ်း အလုပ်လုပ်လို့ ဖြစ်ရတာပါ။ ဒီလို ပုံမှန်ထက် ပိုအလုပ်လုပ်ရတာကတော့

  • ဟော်မုန်းြပဿနာကြောင့်
  • စိတ်ဖိစီးမှု များတာကြောင့်
  • ရာသီဥတု အပြောင်းအလဲကြောင့် နဲ့
  • ကိုယ်စားလိုက်တဲ့ အစားအသောက်တွေပေါ် မူတည်ပြီး ဖြစ်ရတာပါ။ ဒါဆို ဒီပြဿာနာကို ဘယ်လိုဖြေရှင်းကြမလဲ ။ ။

လက်ဆေးပါ။ တော်သင့်ရုံ လက်ဆေးပါ။

အဆီတွေ ခဏခဏ ထွက်နေတယ်ဆိုပြီး လက်ကို ခဏခဏ ဆေးနေလို့မရပါဘူး။ လက်ကို ဆပ်ပြာနဲ့ ခဏခဏ ဆေးလိုက်လို့ အဆီတွေ ကုန်သွားလေလေ အဆီဂလင်းက အဆီတွေ ပြန်ထုတ်လေလေနဲ့ သံသရာ လည်နေမှာပါ။ ဆေးတဲ့နေရာမှာလည်း အပြင်းစားဆပ်ပြာတွေကို မသုံးဘဲနဲ့ အပျော့စားဆပ်ပြာတွေကို သုံးပေးလို့ရပါတယ်။ လက်ကိုထိခိုက်နိုင်ခြင်း မရှိဘူးလို့ ဖော်ပြထားတဲ့ ပန်းကန်ဆေးဆပ်ပြာ တွေလည်း သုံးလို့ရပါတယ် ။ ။

လက်ကို ပေါင်ဒါရိုက်ပါ။

ပေါင်ဒါဆိုလို့ မိတ်ကပ်ပေါင်ဒါကို ပြောချင်တာ မဟုတ်ပါဘူး။ ကိုယ်လိမ်းပေါင်ဒါကို ပြောတာပါ။ ရေချိုးပြီး လက်ဆေးပြီးတာနဲ့ ပေါင်ဒါသုံးလိုက်ရင် ထွက်နေတဲ့ အဆီတွေကို ထိန်းပြီးသားဖြစ်သလို နောက်ထပ် အဆီတွေ ထပ်မထွက်လာအောင်လည်း သူက တားဆီးပေးဦးမှာပါ။

သစ်အယ်သီးနဲ့ ရှာလကာရည် အပေါင်းအစပ်လေးကို တွဲသုံးပေးပါ။

သစ်အယ်သီးမှာပါတဲ့ အဆီပြန်တဲ့ အသားရေကို ထိန်းညှိပေးတဲ့ ဓါတ်နဲ့ ရှာလကာရည်မှာပါတဲ့ အဆီပြန်ခြင်းကို ထိန်းပေးတဲ့ အက်ဆစ်ဓါတ်တို့ဟာ ခြေဆီလက်ဆီ ထွက်လွန်းနေတဲ့ သင့်ပြဿနာကို ဖြေရှင်းပေးနိုင်တဲ့ အကောင်းဆုံး နည်းလမ်းတွေပါ။ ရှာလကာရည်ရဲ့အက်ဆစ်ဓါတ်က အနည်းငယ်ပြင်းတာကြောင့် ရေလေးရောပြီးမှ သုံးပေးပါ။

ရေမလိုလက်သန့်ဆေးရည် ။ ။

ရေမလိုလက်သန့်ဆေးရည်တော်တော်များများက အရက်ပြန်ပါဝင်မှု များတဲ့အတွက် ခြေဆီလက်ဆီ ထွက်လွန်းနေတဲ့သင့်အတွက် အတော်ပဲ ဖြစ်ပါလိမ့်မယ်။ ဒါကြောင့် လက်သန့်ဆေးရည်လေးဆောင်ထားပြီး အဆီပြန်လာတိုင်း ထုတ်သုံးပေးပါ။

အဆီပြန်တဲ့ အသားအရေအတွက် ထုတ်ထားတဲ့ Body lotion တွေ သုံးပေးပါ။

နောက်ဆုံ းတစ်ချက် အနေနဲ့ကတော့ အဆီပြန်တဲ့ ကိုယ်ခန္ဓါအတွက် အဓိက ထုတ်ထားတဲ့ Body lotion သုံးပြီး ခြေဆီလက်ဆီ ထွက်ခြင်းကို ထိန်းပေးလို့ရပါတယ် ။ ။

ခြေဆီလက်ဆီ ထွက်လွန်းတဲ့သူတွေ အတွက် ထပ်ပြောချင်တာကတော့

  • အိပ်ရေးဝဝအိပ်ပါ။ အိပ်ချိန် မမှန်ရင် ဟော်မုန်းတွေ ကမောက်ကမဖြစ်ပြီး အဆီဂလင်းတွေ ပိုအလုပ်လုပ်ပါလိမ့်မယ်။
  • အဆီများတဲ့ အစားအသောက်တွေကိုရှောင်ပါ။ ။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.leaf.tv/articles/how-to-get-rid-of-oily-hands/

Accessed Date 28.3.2019

https://www.leaf.tv/articles/how-to-avoid-oily-fingers/

Accessed Date 28.3.2019

https://www.bona-fide-skincare.com/oily-skin.html

Accessed Date 28.3.2019

ယခုပုံစံ

16/03/2022

Dr. Thin Yadanar @ Frances မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အဆီပြန် အသားအရေပိုင်ရှင်များ ရှောင်သင့်တဲ့ အစားအစာ

အဆီပြန်တဲ့အသားအရေ ပိုင်ရှင်တွေပြုလုပ်မိနိုင်တဲ့ အဆိုးရွားဆုံး အချက်၄ချက်


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Thin Yadanar @ Frances မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 16/03/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။