backup og meta

အရေပြားပေါ်မှာဖြစ်တဲ့ ရေကြည်ဖုတွေကို ဖောက်သင့်လား


Aye Thi Mon မှ ရေးသားသည်။ · 02/07/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အရေပြားပေါ်မှာဖြစ်တဲ့ ရေကြည်ဖုတွေကို ဖောက်သင့်လား

    ထိခိုက်မိတာကြောင့်ဖြစ်ဖြစ် အပူလောင်တာ နဲ့ အရေပြားမှာရောဂါပိုးတစ်ခုခုကူးစက်တဲ့အခါ အရေပြားမှာရေကြည်ဖုလေးတွေဖြစ်နိုင် ပါတယ်။ ဒီလိုရေကြည်ဖုလေးတွေဖြစ်လာတဲ့အခါ အသည်းယားလို့ဖြစ်ဖြစ်နေရထိုင်ရ ကသိကအောင့်ဖြစ်လို့ပဲဖြစ်ဖြစ်ဖောက်ပစ်ချင်တာမျိုးရှိနိုင်ပါတယ်။ရေကြည်ဖုတွေကို တကယ်ရောဖောက်ပစ်သင့်ရဲ့လား။

    ရေကြည်ဖုတွေကိုဖောက်ပစ်တာက ထိခိုက်ဒဏ်ရာပြဿနာတွေအတွက် အဖြေကောင်းတစ်ရပ် အမြဲတော့မဖြစ်နိုင်ပါဘူး။ရေကြည်ဖုဆိုတာက ထိခိုက်မိတာ အပူလောင်တာတွေကြောင့် အရေပြားအပေါ်ဆုံးလွှာထိခိုက်ပျက်စီးသွားတဲ့အခါတွေ့ရနိုင်တဲ့ လက္ခဏာတစ်ရပ်ပါ။ ကိုယ်တိုင်က သတိမထားမိရင်တောင် အရေပြားမှာထိခိုက်မိထားတယ်ဆိုတာကို ရေကြည်ဖုလေးတွေကဖော်ပြပေးနေပါတယ်။ လမ်းအရမ်းလျှောက်ရတဲ့အခါမျိုး စီးထားတဲ့ ဖိနပ်နဲ့ အဆင်မပြေတဲ့အခါမျိုးမှာလည်းခြေထောက်မှာရေကြည်ဖုလေးတွေဖြစ်နိုင်ပါတယ်။

    ရေကြည်ဖုလေးတွေက အနာကျက်မြန်စေနိုင်တယ်

    အရေပြားမှာရေကြည်ဖုလေးတွေဖြစ်တာက ခန္ဓါကိုယ်ရဲ့ အနာကျက်ဖြစ်စဉ်တွေထဲကတစ်ခုပါ။ အပူလောင်နာတော်တော်များများကရေကြည်ဖုလေးတွေဖြစ်တတ်ကြပါတယ်။ အရေပြားအပေါ်ယံလွှာက အနာထဲကိုရောဂါပိုးတွေနဲ့ပြင်ပက အခြားအရာတွေမဝင်ရောက်နိုင်အောင်ကာကွယ်ပေးထားတာပါ။ ထိခိုက်မိတာကြောင့် အပေါ်ယံအရေပြားပျက်စီးသွားတဲ့အခါမှာတော့ ထိခိုက်မိတာကြောင့်ဖြစ်လာတဲ့ ရေကြည်ဖုလေးထဲက အရည်တွေက ထိခိုက်ထားတဲ့အရေပြားကို အာဟာရပြည့်ဝအောင်လုပ်ဆောင်ပေးပြီး အနာကျက်မြန်အောင်လုပ်ဆောင်ပေးပါတယ်။

    ရေကြည်ဖုလေးတွေကို ဘယ်လိုဂရုစိုက်မလဲ

    အနာကြောင့်ဖြစ်တဲ့ရေကြည်ဖုကနေ့စဉ်လှုပ်ရှားမှုတွေမှာ အနှောင့်အယှက်ဖြစ်တာမျိုးမရှိဘူးဆိုရင်တော့ မဖောက်ထုတ်သင့်ပါဘူး။ရောကည်ဖုကြောင့် နာကျင်နေတာ လမ်းလျှောက်ရခက်တာ လုပ်ကိုင်ရခက်တာမျိုးမရှိဘူးဆိုရင် မဖောက်ထုတ်ဖို့ပြောပါရစေ။ရေကြည်ဖုတဝိုက်ကို သန့်ရှင်းအောင်ထားပြီး ပတ်တီးစသန့်သန့်လေးနဲ့အုပ်ထားပေးလိုက်ပါ။ တကယ်လို့ ဆီးချိုရောဂါရှိနေခဲ့မယ်ဆိုရင်တော့ ဆရာဝန်နဲ့ပြသကြည့်ဖို့ပြောပါရစေ။

    အရေပြားပေါ်မှာရေကြည်ဖုလေးတွေဖြစ်နေတယ်ဆိုရင် ကုတ်ဖဲ့တာ၊ဖောက်ထုတ်တာ ဆိတ်ဆွတာမျိုးမလုပ်သင့်ပါဘူး။ အနာကအပေါက်ဖြစ်သွားတဲ့အခါ အနာကျက်နှေးသွားနိုင်သလို အနာထဲကို ပိုးဝင်ကူးစက်နိုင်ခြေလည်းများသွားပါတယ်။ အပေါ်ယံအရေပြားလွှာကရောဂါပိုးတွေကို ကာကွယ်ပေးထားတဲ့ အရံအတားတစ်ခုပါ။

    ရေကြည်ဖုက မပေါက်တတ်တဲ့အရာတော့ မဟုတ်ပါဘူး။ရေကြည်ဖုက သူ့အလိုလိုပေါက်ထွက်တတ်ပါတယ်။ရေကြည်ဖုပေါက်သွားတဲ့အခါ အနာထဲကိုရောဂါပိုးတွေ မဝင်ရောက်အောင်မတားဆီးနိုင်တော့ပါဘူး။သေးငယ်တဲ့ အရေပြားပေါက်ပြဲရာကနေတဆင့်ရောဂါပိုးတွေက အလွယ်တကူဝင်ရောက်လာပြီး အနာကျက်နှေးတာနဲ့ မလိုလားအပ်တဲ့ အနာပိုးဝင်မှုပြဿနာတွေဖြစ်လာနိုင်ပါတယ်။

    တကယ်လို့ရေကြည်ဖုကပေါက်သွားပြီဆိုရင်တော့အပေါ်ယံအရေပြားကို ပိုးသတ်ထားတဲ့ ကတ်ကြေး၊ လက်သည်းညှပ် ဒါမှမဟုတ် အပ်တစ်ခုခုကို အသုံးပြုပြီးအနာပေါက်ကိုဖောက်ပေးပါ။ အရည်တွေကုတ်သွားအောင်ထုတ်လိုက်ပါ။ပြီးရင် သန့်ရှင်းရေးလုပ်ပြီး အဆီတစ်မျိုးမျိုးလူးပေးပါ။ အနာပေါ်ကို ပတ်တီးစသန့်သန့်လေးအုပ်ပေးပြီး စက္ကူတိတ်နဲ့ကပ်ပေးပါ။

    အနာပေါက်ဖြစ်အောင်ရေကြည်ဖုကိုဖယ်ရှားတဲ့အခါမှာလည်း အရေပြားအားလုံးကိုဖယ်ထုတ်ပစ်ဖို့တော့မလိုပါဘူး။ရေကြည်ဖုရဲ့ အရေပြားက အရေပြားအောက်ဘက်ကအလွှာတွေကို ကာကွယ်ပေးနေဆဲဖြစ်တာကြောင့် အလုံးစုံကို မဖဖယ်ထုတ်ဖို့ပြောပါရစေ။ သတထားရမှာတစ်ခုကရေကြည်ဖုကိုဖယ်ရှားတဲ့အခါ အသုံးပြုမယ့် အပ်၊ ကပ်ကြေး၊ လက်သည်းညှပ်တွေကို အရက်ပြန်ထဲမှာ မိနစ် ၂၀ ကြာစိမ်ထားပြီး ပိုးသတ်တာမျိုးလုပ်ပေးဖို့ပါ။ အရက်ပြန်အလွယ်တကူမရှိဘူးဆိုရင်Betadineဆေးရည်နဲ့ပိုးသတ်ပေးလို့လည်းရပါတယ်။

    ရေကြည်ဖုက မပေါက်ဘူးဆိုရင်

    တစ်ခါတလေမှာရေကြည်ဖုတွေကမပေါက်ဘဲဖြစ်နေတတ်ပါတယ်။ ဒီလိုအခါမျိုးမှာတော့ –

    • ရေကြည်ဖုကို မဖောက်ပါနဲ့။
    • ရေကြည်ဖုတဝိုက်နဲ့ရေကြည်ဖုကို သန့်စင်အောင်လုပ်ပေးပါ။
    • ပတ်တီးစပါးပါးလေးနဲ့ ခပ်လျော့လျော့လေးစည်းပေးထားလို့ရသလို မစည်းဘဲထားလို့လည်းရပါတယ်။
    • ရေကြည်ဖုကိုပေါက်အောင်ဆိုပြီး ဖိဖောက်တာမျိုးမလုပ်ပါနဲ့။ တကယ်လို့ရေကြည်ဖုကခြေဖဝါးလိုနေရာမှာဖြစ်တာဆိုရင်donut-shaped ပလာစတာကပ်ထားပေးပါ။
    • antibiotic တစ်မျိုးမျိုးလူးပေးလို့ရပါတယ်။

    ရေကြည်ဖုပေါက်သွားခဲ့ရင်

    သွားလာလှုပ်ရှားရင်းနဲ့ဖြစ်ဖြစ်ရေကြည်ဖုပေါက်သွားခဲ့ရင် –

    • ရေကြည်ဖုနေရာကိုရေနွေးနွေးလေး ဆပ်ပြာပျော့ပျော့လေးသုံးပြီးဆေးကြောပေးပါ။ အရက်ပြန်၊hydrogen peroxide နဲ့ အိုင်အိုဒင်းသုံးပြီးဆေးကြောသန့်စင်တာမျိုးမလုပ်ပါနဲ့။ရေနွေးလေးနဲ့ဆေးရုံနဲ့တင်လုံလောက်ပါတယ်။
    • အနာပေါ်မှာantibiotic အဆီတစ်ခုခုလိမ်းပေးပါ။
    • အနာနေရာကို ပိုးသတ်ထားတဲ့ ပလာစတာ နဲ့ ခပ်ဖွဖွလေးအုပ်ထားပေးပါ။

    ရေကြည်ဖုကိုဖောက်ထုတ်ဖယ်ရှားတော့မယ်ဆိုရင်

    အနာဖြစ်ပြီးတဲ့နောက် အရေပြားမှာရေကြည်ဖုလေးတွေဖြစ်လာတ်တာက အနာကျက်မှုဖြစ်စဉ်ရဲ့တစ်စိတ်တစ်ပိုင်းပါ။ အပူလောင်ထားတဲ့ ဒဏ်ရာတွေမှာရေကြည်ဖုတွေဖြစ်တာကို ပိုတွေ့ရတတ်ပါတယ်။ရေကြည်ဖုတွေကို မဖောက်ဘဲထားတာကောင်းပေမယ့်ရေကြည်ဖုကပေါက်သွားတဲ့အခါမှာတော့ မဖြစ်မနေဖောက်ထုတပစ်ဖို့လိုလာမှာပါ။ရေကြည်ဖုတွေကိုဖောက်ထုတ်တော့မယ်ဆိုရင် –

    • လက်တွေကို အရင်ဆုံး သန့်စင်အောင်ဆေးကြောပါ။
    • ရေကြည်ဖုနဲ့ရေကြည်ဖုတဝိုက်ကို ဆပ်ပြာရေတို့အသုံးပြုပြီးဆေးကြောပေးပါ။ အရက်ပြန်၊အိုင်အိုဒင်းတို့ကိုသုံးပြီးဆေးကြောပေးလို့ လည်းရပါတယ်။ပြီးရင်ရေတွေနဲ့ဆေးကြောထားတဲ့အရာတွေ ခြောက်သွေ့သွားအောင်လုပ်ပါ။ ဒီလိုလုပ်ပေးတာက အနာထဲကို ပိုးဝင်ကူးစက်နိုင်ခြေလျော့နည်းသွားမှာသေချာပါတယ်။
    • အနာကိုဖောက်ထုတ်မယ့် ပင်အပ်၊ ကတ်ကြေးတို့ကို ပိုးသတ်ပေးပါ။ ပင်အပ်ကိုမီးနဲ့ ရဲနေအောင်ကင်ပြီး အအေးခံပြီးမှပြန်အသုံးပြုပေးတာမျိုးလုပ်ပေးလို့လည်းရပါတယ်။
    • အပေါ်ယံအရေပြားကိုခွာထုတ်လိုက်တာမျိုးမလုပ်ပါနဲ့။
    • တကယ်လို့သင့်မှာdonut-shaped ပလာစတာရှိမယ်ဆိုရင်ရေကြည်ဖုဖောက်ထားတဲ့နေရာကို အလယ်တည့်တည့်ထားပြီး ကပ်ပေးပါ။ ပြီးရင်အပေါ်ကနေ ပတ်တီးစပါးပါးလေးကို စက္ကူပလာစတာအသုံးပြုပြီး ကပ်ပေးလိုက်ပါ။
    • အနာတစ်ခုလုံးကို ပတ်တီးစ ပါးပါးလေးနဲ့အုပ်ပေးပြီး စက္ကူတိတ်သုံးပြီးကပ်ထားပေးပါ။ အနာထဲကို ဖုန်မှုန့်နဲ့ပိုးမွှားတွေမဝင်စေဖို့အတွက်ပါ။
    • ၆ နာရီကြာတိုင်းအနာကို စစ်ဆေးသန့်စင်ပေးပါ။ ပတ်တီးညစ်ပတ်နေရင် အသစ်လဲပေးပါ။
    • အနာကိုသန့်စင်စစ်ဆေးတဲ့အခါတိုင်း လက်ကို သန့်ရှင်းရေးလုပ်ဖိုပလည်း မမေ့ပါနဲ့။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 02/07/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement