brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

အသားပိုတွေကြောင့် အလှမပျက်စေဖို့

အရေပြားပေါ်မှာ အသားပိုလေးတွေ ဖြစ်နေလို့ စိတ်ညစ်နေသူလေးတွေရှိလား…….. ဒါဆိုရင်တော့ အသားပိုတွေကြောင့် အလှမပျက်စေဖို့ အလှပျက်စေတဲ့ အသားပိုလေးတွေကို ဒီနည်းလမ်းလေးတွေသုံးပြီး ဖြေရှင်းလိုက်ရအောင်လား……….

အသားပိုတွေကြောင့် အလှမပျက်စေဖို့

အသားပို ဆိုတာ

အသားပို ဆိုတာက အရေပြားပေါ်မှာ တွယ်ကပ်နေတဲ့ အသားစလေးတွေပါ။ အသားသက်သက် အလုံးလေးတွေပေါ့။ လူကို ဒုက္ခမပေးတတ်ပါဘူး။ အရွယ်သေးရင်တော့ အခုပြောပြမယ့်နည်းလေးတွေက အဆင်ပြေစေမှာပါ။

အသားပိုတွေကြောင့် အလှမပျက်စေဖို့ အသားပိုတွေ ဖယ်ရှားပေးမယ့် သဘာဝနည်းလမ်းများ

အသားပိုတွေကြောင့် အလှမပျက်စေဖို့ အသားပိုတွေကို ဖယ်ရှားပေးနိုင်မယ့် သဘာဝပစ္စည်းတွေက

Tea tree oil မှာ ဘက်တီးရီးယားတွေနဲ့ မှိုပိုးတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင် ရှိတာကြောင့် အရေပြားအတွက် အသုံးပြုဖို့ သင့်တော်ပါတယ်။ ဂွမ်းစမှာ Tea tree oil ကိုစွတ်လို့ အသားပိုနေရာမှာ လိမ်းပေးပြီး နှိပ်နယ်ပေးပါ။ ပြီးရင် ပတ်တီးလေးနဲ့စည်းလို့ တစ်ညထားပါ။ အသားပို မခြောက်မချင်း ညတိုင်းလုပ်ပေးပါ။ အသားပိုက ခြောက်ပြီး ကြွေကျသွားပါလိမ့်မယ်။

ငှက်ပျောသီး စားပြီးတဲ့အခါ ငှက်ပျောခွံကို လွှင့်မပစ်ပါနဲ့။ အရေပြားပေါ်က အသားပို အတွက် အသုံးပြုပေးလို့ရပါတယ်။ ငှက်ပျောခွံက အသားပိုတွေကို ခြောက်စေနိုင်ပါတယ်။

ဒါကြောင့် အသားပို ပေါ်မှာ ငှက်ပျောခွံကို ကပ်လို့ ပတ်တီးလေးနဲ့စည်းပြီး ညတိုင်း ကပ်အိပ်ပါ။ အသားပိုက ခြောက်ပြီး ကြွေသွာပါလိမ့်မယ်။

ပန်းသီးရှာလကာရည်ထဲကို ဂွမ်းစလေး စိမ်လို့ ရလာတဲ့ ဂွမ်းစကို အသားပို ပေါ်မှာ ကပ်ပါ။ ပတ်တီးလေး အပေါ်က ထပ်စည်းလို့ ၁၅ မိနစ် ကနေ နာရီဝက်လောက် ထာားပေးပါ။ ပြီးရင် ရေဆေးချလိုက်ပါ။ ၂ ပတ်၊ ၃ ပတ်လောက် ဆက်တိုက်လုပ်ပေးပါ။ အသားပို ကြွေကျသွားပါလိမ့်မယ်။

အသက်အရွယ် ရလာတဲ့အခါ အသားပိုတွေ ဖြစ်လာနိုင်ပါတယ်။ ဒီပြဿနာကို ကာကွယ်ဖို့ဆိုရင် ဗီတာမင် E သုံးပေးလို့ ရပါတယ်။ အသားပိုကို ဗီတာမင် E ပုံမှန် လိမ်းပေးလို့ နှိပ်နယ်ပေးမယ်ဆိုရင် အသားပိုတွေကို ခြောက်သွေ့ပြီး ကြွေကျစေမှာပါ။

ကြက်သွန်ဖြူမှာ အရွယ်တင်စေနိုင်တဲ့ အာနိသင် ရှိပြီး အသားအရေ ရောင်ရမ်းတာကို လျော့ကျ စေနိုင်ပါတယ်။ အသားပိုတွေကို ဖယ်ရှားဖို့လည်း အသုံးပြုပေးလို့ရပါတယ်။ ညအိပ်ခါနီးတိုင်း ကြိတ်ခြေထားတဲ့ ကြက်သွန်ဖြူကို အသားပို ပေါ်မှာ အုံလို့ ပတ်တီးစည်းထားပါ။ မနက်ခင်းမှာ ရေဆေးချလိုက်ပါ။ ညတိုင်းလုပ်ပေးလို့ရပါတယ်။

အသားအရေက ထိခိုက်တုံ့ပြန်လွယ်တဲ့သူတွေ၊ ဆီးချိုရောဂါရှိတဲ့သူတွေ၊ အသားပိုက ကြီးလွန်းတယ်ဆိုရင်တော့ ဆရာဝန်နဲ့ သေချာပြသပြီးမှ ဖယ်ရှားသင့်ပါတယ်။

ကဲ…အသားပိုတွေကြောင့် စိတ်ညစ်ခံမနေပါနဲ့တော့……… အခုပြောပြတဲ့နည်းလေးတွေကို အသုံးပြုကြည့်လိုက်နော်။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 12/10/2022 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။