အဓိပ္ပါယ်ဖွင့်ဆိုချက်
Bullous Pemphigoid (ရှားပါးတဲ့ အရေပြားအရည်ကြည်ဖုထသော ရောဂါ) ကဘာလဲ။
Bullous pemphigoid ဟာ ရှားပါးတဲ့ အရေပြားရောဂါတစ်ခု ဖြစ်ပါတယ်။ ဒီရောဂါဟာ အရေပြားမှာ အနီရောင် အကွက်တွေ အနေနဲ့ စတင်ပြီး ရက်သတ္တပတ်ပေါင်းများစွာ (သို့) လပေါင်းများစွာ အကြာမှာ ကြီးမားတဲ့ အရည်ကြည်ဖုတွေအဖြစ် ပြောင်းလဲသွားမှာ ဖြစ်ပါတယ်။ ဒီရောဂါဟာ ကြာရှည်ဖြစ်ခြင်း (သို့) ကုသပျောက်ကင်းအပြီး မှာ ပြန်ဖြစ်တယ်ဆိုရင် နာတာရှည်ရောဂါ ဖြစ်သွားနိုင်ပါတယ်။