ပြာနုရောင်သမ်းနေခြင်း
စတာတွေနဲ့ မှဲ့ပတ်လည်မှာဖြစ်နေတဲ့အခြားတွေဖြစ်ပါတယ်။
အထက်ဖော်ပြပါ လက္ခဏာတွေမှာမပါတာတွေဖြစ်နိုင်ပါတယ်။ သင်သိရှိလိုပါက ဆရာဝန်နဲ့ တိုင်ပင်နိုင်ပါတယ်။
ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ
အထက်ဖော်ပြပါ လက္ခဏာတွေထဲက တစ်ခုခုတွေ့လာပြီဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးပါ။
လူတိုင်းရဲ့ ခန္ဓါကိုယ်တွေက လုပ်ဆောငိမှုမတူကြတဲ့အတွက် သင်နဲ့သင့်တော်မယ့် အကောင်းဆုံးအခြေအနေကိုရွေးချယ်ပါ။
အကြောင်းရင်းများ
Atypical mole (ပုံမှန်မဟုတ်သော မှဲ့များ ) ကိုဘာတွေကဖြစ်စေသလဲ
ရောင်ခြယ်တွေ ထုတ်တဲ့ ဆဲလ်တွေဟာ တစ်ခုနှင့် တစ်ခုစုသွားပြီး မှဲ့ဖြစ်လာပါတယ်။
Melanocytes (ရောင်ခြယ်ဆဲလ်) တွေဟာ ပုံမှန်မဟုတ်တဲ့ မှဲ့တွေဖြစ်စေပြီး dysplastic nevi လို့ခေါ်ပါတယ်။
ဖြစ်နိုင်ခြေများ
Atypical mole (ပုံမှန်မဟုတ်သော မှဲ့များ ) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ
အများစုကတော့ နေရောင်ထိလို့ ဖြစ်ပါတယ်။
မျိုးရိုးကလည်း အဓိကနေရာမှာပါနေပါတယ်။ မိသားစုတွင်းမှာဖြစ်နိုင်ပြီး အထူးသဖြင့် Caucasians တွေဖြစ်ကာ ၂ % ကနေ ၃% လောက်ကရှိတတ်ကြပါတယ်။
တကယ်လို့သင့်မှာ မူမမှန်မှဲ့တွေနဲ့ အခြား Melonoma တွေဖြစ်ဖို့ များနေတယ်ဆိုရင် ဒါတွေသတိထားသင့်ပါတယ်။
- မျက်စိ၊ ဆံပင်နဲ့ အရေပြားတွေ မှာအရောင်ပိုထွက်လာခြင်း
- အညိုအစက်များတွေ့ခြင်း
- မှဲ့များလွန်းခြင်း
- မိသားစုမှာ အရေပြား melanoma ,non melamoma ကင်ဆာ ရောဂါသည်ရှိုခြင်း
- နေရောင်ထိမခံနိုင်ခြင်း
- Inability to tan
- နေခဏခဏလောင်ခြင်း
- မွေးရာပါမှည့်ကြီးရှိခြင်း စတာတွေဖြစ်ပါတယ်။
ရောဂါအဖြေရှာခြင်းနှင့် ကုသမှု
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
Atypical mole (ပုံမှန်မဟုတ်သော မှဲ့များ ) ကို ဘယ်လိုအတည်ပြုပါသလဲ
ပုံမှန်မှဲ့တွေဆိုတာ နှစ်အတော်ကြာမှာ လူတိုင်းပေါ်တဲ့ အညိုရောင်အစက်အကွက်လေးတွေကိုခေါ်တာဖြစ်ပါတယ်။ သူတို့တွေဟာ ပြားနေ ဒါမှမဟုတ်ဖောင်းကြွနေပြီး လုံးဝန်းကာ ပုံစံမှန်ကြပါတယ်။
အများစုဟာ နေရောင်ခြည်ထိတွေ့မှုကြောင့်ဖြစ်ရတာဖြစ်ပါတယ်။
Melonoma လို့ခေါ်တဲ့ သေစေနိုင်လောက်တဲ့အရေပြားကင်ဆာအမျိုးအစားဟာ ဘက်ညီမှုမရှိ၊ ဘေးကာမညီ၊ ရောင်စုံအညိုရောင် စသဖြင့်ရှိတတ်ပြီး အချိန်လိုက် အရွယ်စားကလည်းကြီးလာတတ်ပါတယ်။ စစချင်းမှာတော့ အစက်ပျောက်ပြားပြားလေးကနေ ကြွတက်လာတတ်ပါတယ်။ ရှားပါးကိစ္စတွေမှာတော့ ဒါဟာ မှဲ့ကို ညိုစေမည်းစေ နက်စေတဲ့ ရောင်ခြယ်တွေ တစ်ခုမှမပါတာလည်းဖြစ်နိုင်ပါတယ်။
ဒါ့ထက် ပန်းရောင် အနီရောင် နဂိုအသားရောင် စသဖြင့်ဖြစ်သွားတတ်ပြီး စမ်းသပ်ရခက်စေတတ်ပါတယ်။
တစ်ခါတစ်လေမှာ မူမမှန်မှဲ့နဲ့ ကင်ဆာရှေ့ဦးကာလကို ခွဲရခက်စေတတ်ပါတယ်။ မူမမှန်မူအဆင့်တွေက အန္တရာယ်ရှိမရှိ melonoma ဖြစ်နိုင်မဖြစ်နိုင်ဆိုတာ သတ်မှတိနိင်ပါတယ်။ အများစုသော ပညာရှင်တွေကတော့ dermoscope ဆိုတာနဲ့ စူးစမ်းပါတယ်။ မျက်စိနဲ့မမြငိနိုင်တဲ့ အရေပြားအတွင်းပိုင်းကအလွှာတွေထိပါ ကြည့်နိုင်တဲ့ မှန်ဘီလူးပါကိရိယာတစ်မျိုးဖြစ်ပါတယ်။ ဆရာဝန်တွေအနေနဲ့ မှဲကို ဖယ်ထုတ်ပြီး ဓါတ်ခွဲခန်းမှာ စမ်းသပ်တာတွေလုပ်နိုင်ပါတယ်။
Atypical mole (ပုံမှန်မဟုတ်သော မှဲ့များ ) ကို ဘယ်လိုကုသပါသလဲ
ဆရာဝန်က သင့်မှဲ့ကို ပုံမှန်မဟုတ်ဘူးလို့သတ်မှတ်ရင် ဒါမှမဟုတ် အသက် ၄၀ ကျော်မှပေါ်လာခဲ့ရင် အသားစစစ်ဆေးမှုတစ်ခုမက ခံယူသင့်ပါတယ်။ စစ်ဆေးတယ်ဆိုတာ ဆရာဝန်က မှဲ့တစ်ခုလုံးကို ယူပြီး microscope အောက်မှာကြည့်တာကိုခေါ်တာပါ။ တစ်ချို့ဆရာဝန်တွေက မူမမှန်မှဲ့တွေ အားလုံးဟာ melanoma ဖြစ်နိင်သလိုခွဲထုတ်ဖို့လိုတယ်လို့ယုံကြည်ထားကြပါတယ်။ တစ်ချို့ကတော့ ပြင်းထန်တဲ့အချို့ကိုပဲ ခွဲထုတ်ဖို့ ယုံကြည်ကြပါတယ်။ ဘာပဲဖြစ်စေ ပုံမှန်စစ်ဆေးမှုတွေကတော့အရးကြီးတာကြေုင့် တစ်ခုခုက melanoma အဖြစ်ပြောင်းနေရင် ချက်ချင်းသိပြီး ကုသမှုခံယူဖိုဲ့လိုအပ်ပါတယ်။
နေထိုင်မှုပြုပြင်ခြင်းနှင့် အိမ်တွင်းဆေးဝါးများ
မူမမှန်မှဲ့ နဲ့ သင့်တော်တဲ့ နေထိုင်မှုပုံစံတွေက ဘာတွေလဲ?
အောက်ပါ နေထိုင်မှုပုံစံတွေက မူမမှန်မှဲ့ နဲ့ သင့်တော်ပါတယ်။
နေ့စဉ်နေရောင်ခြည်ဒဏ်ကကာကွယ်ဖို့ လေ့ကျင့်ထားပါ
ခေါင်းစခြေဆုံး အရေပြားစစ်ဆေးမှု လစဉ်ပြုပါ။
တစ်ယောက်ယောက်မှု melanoma ဖြစ်ဖို့ အခြေအနေများနေတယ်ဆိုရင်
အရေပြားကို လစဉ်စစ်ဆေးပါ။ ကိုယ်လုံးပေါ်မှန်ဖြစ်စေ၊ ကြည့်မှန်ဖြစ်စေ အလင်းရောင်ကောင်းကောင်းနဲ့ ဘယ်နေရာမဆိုမြင်နိုင်အောင် လုပ်ပါ။ သင်မတွေ့နိုင်တဲ့ ကျောဘက်တွေ အခြားနေရာတွေကို ကြည့်ဖို့ သင့်မိသားစုကိုခိုင်းပါ။ ခေါင်းအရေပြားကိုကြည့်ဖို့ အခြောက်ခံစက်သုံးပါ။ ခြေဖဝါးနဲ့ ခြေကြားတွေလည်း ကြည့်ဖို့ မမေ့ပါနဲ့။
သင့်မှာmelanoma ရဲ့ အရေးကြီးလက္ခဏာတွေပြပြီဆိုရင် ကုသမှုချက်ချင်းယူသင့်ပါတယ်။ သင်သံသယဖြစ်တဲ့ လက္ခဏာတွေ၊ အရေပြားပြောင်းလဲတာတွေဆို ဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ်။ သမားတော်နဲ့ ခေင်းအစခြေဆုံး စစ်ဆေးဖို့ plan ချပါ။ မှဲ့တွေက ပိုများနေတယ်ဆိုရင် ပိုစစ်ဆေးပါ။
သင်သိလိုတဲ့ မေးခွန်းများရှိပါက ပိုမိုသိရှိနိုင်ရန် ဆရာဝန်နှင့် တိုင်ပင်ပါ။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။