အရင်ခေတ်တွေတုန်းကတော့ “အိမ်ထောင်မှု ဘုရားတည် ဆေးမင်ရည် စုပ်ထိုး၊ ဤသုံးမျိုး ချက်မပိုင် နောက်ပြင်ရန် ခက်သည့်အမျိုး” လို့ ဆိုစကားရှိခဲ့ဖူးပါတယ်။ အိမ်ထောင်ပြုတာ၊ ဘုရားကျောင်းကန် တည်ဆောက်လှူဒါန်းတာနဲ့ ဆေးမင်ကြောင်လို့ခေါ်တဲ့ တက်တူး (Tattoo) ထိုးတာတွေ ပြုလုပ်ပြီးတဲ့အခါမျိုးတွေမှာ ပြန်ပြင်ရမလွယ်ဘူးဆိုတဲ့ သဘောပါ။