brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

မုတ်သုံမှာ ခြေထောက်လေး ကို ဒီလိုဂရုစိုက်ပါ

မိုးလေးစ ရွာလာမှုနဲ့အတူ အပူတွေလျော့ပြီး ပတ်ဝန်းကျင်က စိမ်းစိုစပြုလာပြီ။ အရာရာက ကဗျာဆန်နေချိန်မှာ မိုးရေအောက်မှာ ထီးလေးဆောင်းရင်းခြေထောက်လှလှလေးတွေကို ကြည့်ပြီး လမ်းလျှောက်ရတာကိုသဘောကျကြလား။ မိုးရာသီက ခြေညှပ်ဖိနပ်လေးတွေ စီးရတာများတဲ့အချိန်မှာ ခြေထောက် က လှနေရင် တစ်ပန်းသာတာပဲနော်။ ခြေထောက်ကို လှနေစေဖို့ နည်းလမ်းလေးတွေ ပြောပြပေးပါမယ်။

မုတ်သုံမှာ ခြေထောက်လေး ကို ဒီလိုဂရုစိုက်ပါ

မုတ်သုံမှာ ခြေထောက်လေး ကို ဒီလိုဂရုစိုက်ပါ

မုတ်သုံမှာ ခြေထောက်လေး ကို ဒီလိုဂရုစိုက်ပါ ဘယ်လိုဂရုစိုက်ရမလဲဆိုတာကို ပြောပြပေးမယ်နော်။

မိုးရေက ခြေထောက်လေး တွေကို ထိခိုက်စေနိုင်လား

မိုးရေက ခြေထောက်ကိုရော ခြေသည်းကိုပါ ထိခိုက်စေနိုင်တာပါ။ မိုးရာသီမှာ ဗွက်ထတဲ့အခါ၊ ရေတစိုစိုနဲ့ အကြာကြီးနေတဲ့အခါ ဘက်တီးရီးယားတွေနဲ့ အရေပြားကိုထိခိုက်စေနိုင်တဲ့ အရာတွေနဲ့ ထိတွေ့မှု များလာပါတယ်။ ဒီတော့ မုတ်သုံရာသီမှာ ခြေထောက်လေးကို ထိခိုက်မှုမရှိစေဖို့ သေချာလေးဂရုစိုက်သင့်ပါတယ်။ မိုးရေကြောင့် ခြေထောက်မှာ ရေဝဲစားနိုင်တယ်၊ သဲဝဲစားနိုင်တယ်၊ ခြေသည်းမှိုပိုးဝင်တာမျိုးဖြစ်စေနိုင်တယ်။

မုတ်သုံရာသီမှာ ခြေထောက်ကို ဒီလိုဂရုစိုက်ပါ

မိုးရေကြောင့် ခြေထောက်မှာ ထိခိုက်မှုမဖြစ်စေဖို့ဆိုရင်တော့

  • အပြင်က ပြန်လာတိုင်း ခြေထောက်ကို ရေနဲ့ သန့်စင်ဆေးကြောပေးပါ။
  • ခြေထောက်ကို ရေခြောက်အောင် သုတ်ပေးပါ။
  • ခြေထောက်ကို ပုံမှန်သန့်စင်ဆေးကြောပါ။
  • တစ်ပတ်တစ်ခါ ဆဲလ်သေတွေ ဖယ်ရှားပေးပါ။
  • ခြေထောက်ကို အစိုဓာတ်ထိန်းခရင်မ်လူးပေးပါ။
  • ခြေသည်းလေးတွေကို တိုတိုညှပ်ထားပါ။
  • ခြေထောက်ကို ပေါင်ဒါလူးပေးပါ။
  • မိုးတွင်းမှာ ခြေညှပ်ဖိနပ်ပဲ စီးပေးပါ။
  • ခြေထောက်ကိုရေနွေးစိမ်ပေးပါ။
  • ခြေထောက်ကို ဆီလိမ်းပြီး နှိပ်ပေးပါ။
  • မိုးရေထဲမှာ ဖိနပ်မပါဘဲ လမ်းမလျှောက်ပါနဲ့။
  • ခြေထောက်မှာ အနာရှိနေလား နေ့စဉ်စစ်ဆေးပါ။
  • ခြေထောက်မှာ အနာရှိနေရင် ပလာစတာကပ်ပြီးမှာ အပြင်ထွက်ပါ။
  • ခြေထောက်ကိုပေါင်းတင်တာမျိုးလုပ်ပေးပါ။

ကဲ ….. မုတ်သုံမှာ ခြေထောက်လေး ကို ဘယ်လို ဂရုစိုက်ရမလဲဆိုတာကို သိပြီဆိုတော့ ဒီအချက်တွေကို လိုက်နာပြီး မုတ်သုံရာသီမှာ ခြေထောက်လေး ကို သေသေချာချာဂရုစိုက်လိုက်ကြစို့လား………………

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 08/07/2022 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။