အဓိပ္ပါယ်ဖွင့်ဆိုချက်
Paronychia (လက်သည်းပိုးဝင်ခြင်း(လက်စွယ်ငုပ်ခြင်း)) ကဘာလဲ။
လက်သည်းပိုးဝင်ခြင်းဆိုတာ လက်သည်းနဲ့ ခြေသည်းနားတစ်ဝိုက်က အရေပြားပိုးဝင်ခြင်းတစ်မျိုးပဲဖြစ်ပါတယ်။ ပိုးဝင်တဲ့လက်သည်းပန်းကုံးဟာ ရောင်လာမယ်၊ ဖောင်းလာမယ် ပြီးတော့ ထိရင်နာမယ်။ ယိစ်လို့ခေါ်တဲ့ မှိုနဲ့ တခြားမှိုတွေ၊ ဘတ်တီးရီးယားတွေဟာ ဖြစ်ပွားစေတဲ့ပိုးကောင်တွေပဲဖြစ်တယ်။ လက်သည်းပိုးဝင်ခြင်းဆိုတာ တစ်ဖြည်းဖြည်းချင်းဖြစ်ပြီး ရက်သတ္တပတ်အနည်းငယ်ကြာတယ်ပေမဲ့ တစ်ခါတစ်လေဗျုန်းစားကြီးပေါ်လာပြီး ၁ ရက် ၂ ရက်နဲ့ ပျောက်ကင်းသွားတတ်ပါတယ်။ ဆေးမကုပဲထားမယ်ဆိုရင်တော့ ပိုးဝင်တာဟာ ပိုဆိုးလာပြီးတော့ လက်သည်းကျွတ်တဲ့ထိဖြစ်နိုင်ပါတယ်။