backup og meta

မျက်ခုံးမွေးထူထူနက်နက်ဖြစ်အောင် လုပ်လို့ရမယ့် နည်းလမ်းများ

မျက်ခုံးမွေး ထူထူနက်နက်ဖြစ်အောင် လုပ်လို့ရမယ့် နည်းလမ်းများ အကြောင်း ဖော်ပြပေးလိုက်ပါတယ်။

မျက်ခုံးမွေးထူထူနက်နက်ဖြစ်အောင် လုပ်လို့ရမယ့် နည်းလမ်းများ

ယောက်ျားလေးရော မိန်းကလေးရော မျက်ခုံးမွေးလေးတွေ ထူပြီး နက်မှောင်နေရင် တော်တော်လေးကို ကြည့်ကောင်းပြီး လှတာကို သတိထားမိကြမှာပါ။ မိန်းကလေးတွေမှာဆိုရင် မျက်ခုံးမွေးလေး ထူနေတဲ့ပုံစံပေါက်အောင် မျက်ခုံးမွေးဆွဲခဲတံနဲ့ ဆွဲတာတွေ ရှိသလို တက်တူးလိုမျိုး ပုံဖော်ပြီးထိုးတာတွေလည်း ရှိလာပါပြီ။

ဒီတစ်ခါမှာတော့ ခဲတံမကူ၊ တက်တူးမလိုဘဲ သဘာဝအတိုင်းလေး ထူပြီး နက်မှောင်နေအောင် လုပ်လို့ရမယ့် သဘာဝနည်းလမ်းလေး မျှဝေချင်ပါတယ်။

မျက်ခုံးမွေးထူထူနက်နက်ဖြစ်အောင် လုပ်လို့ရမယ့် နည်းလမ်းများ

မျက်ခုံးမွေးထူထူနက်နက်ဖြစ်အောင် လုပ်လို့ရမယ့် နည်းလမ်းများ ကတော့

  • အုန်းဆီ

အုန်းဆီက ဆံပင်တင်မဟုတ်ဘူး၊ မျက်ခုံးမွေးအတွက်ပါ လိမ်းလို့ရတယ်နော်။ အုန်းဆီဟာ အစိုဓာတ်ပေးတဲ့ Moisturizer တွေလိုမျိုး ပေါင်းတင်ဆေးတစ်မျိုးဖြစ်ပြီး သွေးလည်ပတ်မှုကို အားကောင်းစေပါတယ်။

အုန်းဆီထဲမှာ ပါဝင်တဲ့ Fatty acid ဟာ ဆံပင်လိုမျိုး မျက်ခုံးမွေးတွေ ကျိုးကြေ ပျက်စီးတာကို ကာကွယ်ပေးနိုင်တဲ့ ပရိုတင်းလိုမျိုး အထောက်အကူပေးပါတယ်။ အုန်းဆီက ပေးတဲ့ ပရိုတင်းဟာ ဗီတာမင် Eနဲ့ သံဓာတ်လိုမျိုး မျက်ခုံးမွှေးကို ထူစေပါတယ်။

အုန်းဆီကို မျက်ခုံးမွေးပေါ်မှာ နေ့တိုင်းလိမ်းနိုင်သလို တစ်ပတ်မှာ အကြိမ်အရေအတွက် နည်းနည်းလေး လိမ်းပေးရင်တောင် သိသာတဲ့ မျက်ခုံးမွေးအလှကို ပိုင်ဆိုင်ရနိုင်ပါတယ်။ အုန်းဆီကို ဂွမ်းစလေးနဲ့ ယူပြီး မျက်ခုံးမွေးပေါ်မှာ လိမ်းပေးပါ။ တစ်ညလုံးထားလည်း ရပါတယ်။ မနက်ကျမှ မျက်နှာသစ်ပေးလိုက်ပါ။

  • ကြက်ဥအနှစ်

ကြက်ဥဟာ ပရိုတင်းဓာတ်တွေ ပြည့်ဝတဲ့ အစားအစာဖြစ်ပါတယ်။ ကြက်ဥမှာ ပါဝင်တဲ့ Keratin ပရိုတင်းဟာ မျက်ခုံးမွေးတွေ သန်စေဖို့ အထောက်အကူပေးပါတယ်။ ကြက်ဥအနှစ်မှာ Biotinတွေ များများပါဝင်ပြီး မျက်ခုံးမွေး အရှည်မြန်စေဖို့ အားပေးပါတယ်။

တစ်ပတ်ကို နှစ်ကြိမ်လောက် လုပ်ပေးရင်တောင် သိသာမှာပါ။ ကြက်ဥတစ်လုံးကို ခွဲပါ။ အကာနဲ့ အနှစ် သက်သက်ဆီ လုပ်ပြီး အနှစ်ချည်းပဲ သီးသန့်ယူပါ။ ကျေနေအောင် အနှစ်ကို မွှေလိုက်ပါ။

ပြီးရင်တော့ ဘရက်ရှ်သေးသေးလေးနဲ့ အနှစ်ကို ယူပြီး မျက်ခုံးမွေးမှာ လိမ်းပေးပါ။ မိနစ်(၂၀) လောက် ကြာအောင် ထားပြီးရင် ရေနွေးလေးနဲ့ ဆေးကြောလိုက်ပါ။

  • သံလွင်ဆီ

သံလွင်ဆီမှာ ကောင်းကျိုးတွေ များတယ်ဆိုတာ သိထားပြီး ဖြစ်မှာပါ။ သံလွင်ဆီမှာ ပါဝင်တဲ့ ဗီတာမင် E နဲ့ ဗီတာမင် Aတို့ဟာ မျက်ခုံးမွေး မြန်မြန်ရှည်ပြီး ထူစေဖို့ အထောက်အကူပြုပါတယ်။

မျက်ခုံးမွေးတွေ ထူပြီး နက်နေစေဖို့ အထောက်အကူပြုတဲ့ ခန္ဓာကိုယ်ရဲ့ အဆီတစ်မျိုးဖြစ်တဲ့ Sebum တွေ ထုတ်လုပ်ဖို့ ဗီတာမင်Aက လှုံ့ဆော်နေစဉ်မှာ ဗီတာမင် Eက မျက်ခုံးမွေးတစ်ချောင်းချင်းစီ အားပြည့်စေဖို့ လုပ်ဆောင်ပေးပါတယ်။

သံလွင်ဆီကို လက်ချောင်းထိပ်ဖျားလေးနဲ့ ယူပြီး မျက်ခုံးမွေးမှာ လိမ်းပေးပါ။ နာရီတော်တော်ကြာလေး ထားပြီးတဲ့အခါမှာ ရေနဲ့ ဆေးကြောလိုက်ပါ။ တစ်နေ့ကို တစ်ကြိမ် တစ်ပတ်လောက် လုပ်ပေးပါ။

  • ရှားစောင်းလက်ပပ်

ရှားစောင်းလက်ပပ်မှာ Aloenin လို့ခေါ်တဲ့ ဒြပ်ပေါင်းတစ်မျိုး ပါဝင်ပြီးတော့ မျက်ခုံးမွေးတွေ ကောင်းစွာ ရှည်လာဖို့ အထောက်အကူပြုပါတယ်။ ကျိုးကြေပျက်စီးတာတွေကို တားဆီးပေးနိုင်တဲ့အပြင် ဆွဲနိုင်ဆန့်နိုင်တဲ့ elasticity ကိုပါ ပေးစွမ်းနိုင်တဲ့ Keratin လည်း ပါဝင်ပါသေးတယ်။

ဒါကြောင့် မျက်ခုံးမွေး နည်းနေမှာကို စိတ်ပူစရာ မလိုပါဘူးနော်။ ရှားစောင်းလက်ပပ်ကို ရေစင်အောင်ဆေးပြီး လှီးလိုက်ပါ။ ဂျယ်လ်ပုံစံလေးတွေ ထွက်လာပါလိမ့်မယ်။ မျက်ခုံးမွေးနေရာမှာ လိမ်းပေးပါ။ ခြောက်မှ ရေဆေးကြောပါ။ နေ့တိုင်း လုပ်ပေးနိုင်ပြီး မျက်ခုံးထူထူလေးကို ပိုင်ဆိုင်ရမှာပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

How To Thicken Your Eyebrows Naturally

http://www.stylecraze.com/articles/4-natural-remedies-to-get-thicker-eyebrows/#gref

10 Ways to Grow Thick Eyebrows Naturally

https://food.ndtv.com/beauty/10-ways-to-grow-thick-eyebrows-naturally-1477170

How to Grow Thick Eyebrows Naturally

https://www.top10homeremedies.com/how-to/grow-thick-eyebrows-naturally.html

ယခုပုံစံ

24/05/2023

Eaindray Kha မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဒူးနဲ့ တံတောင်ဆစ်က အမည်းတွေကို လက်ပြနှုတ်ဆက်နိုင်ဖို့ ဘာတွေ လုပ်ဆောင်မလဲ

Sunscreenကို ဘာကြောင့်လိမ်းသင့်သလဲ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Eaindray Kha မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 24/05/2023 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။