ဒိန်ချဉ် – ဆံသားမှာဖြစ်နေသမျှ ပြဿနာတွေ အားလုံးကို ဒိန်ချဉ်က ဖြေရှင်းပေးနိုင်တယ်ဆိုတာ သင်သိပါသလား။ ဒိန်ချဉ်မှာ ပါဝင်တဲ့ အကျိုးပြု ဘက်တီးရီယားက ဦးရေပြားရဲ့ pH ကို ကောင်းကောင်းထိန်းထားပေးလို့ အဆီပြန်ခြင်း သက်သာစေမယ့်အပြင် ဦးရေပြားပေါ် မှိုစွဲတဲ့ရောဂါတွေဖြစ်တဲ့ ဗောက်ထခြင်းကိုပါ သူက ကာကွယ်ပေးဦးမှာပါ။ ဒိန်ချဉ်လက်ဘက်ရည်ပန်းကန် တစ်လုံးထဲကို သံလွင်ဆီ အနည်းငယ်ရောထည့်ပြီး ဦးရေပြားနဲ့ ဆံပင်တွေ အနှံ့ကို သုတ်လိမ်းပေးပါ။ မိနစ် ၃၀ခန့်ပေါင်းထားပြီး ခေါင်းပြန်လျှော်ပါ။
ကြက်ဥ – ကြက်ဥ အနှစ်ဟာ ခြောက်သွေ့နေတဲ့ ဦးရေပြားအတွက်ဆို အစိုဓာတ်ထိန်းပေးပြီး အဆီပြန်နေတဲ့ ဦးရေပြားအတွက်ဆိုရင်တော့ အဆီပြန်ခြင်းကို ထိန်းညှိပေးတဲ့အတွက် အဖက်ဖက်က အဆင်ပြေတဲ့ ကြက်ဥ အနှစ်လေးပါ။ lecithin, biotin နဲ့ protein တွေပါဝင်တာကြောင့် ဆံသားကို ပျော့ပျောင်းသန်စွမ်းစေတဲ့အပြင် တောက်ပြောင်စေဦးမှာပါ။ ကြက်ဥ အနှစ်ထဲကို သံလွင်ဆီလေးရောထည့်ပြီး ဦးရေပြားနဲ့ ဆံသားတွေ အပေါ် သုတ်လိမ်းပေးပါ။ ၁နာရီ လောက်ပေါင်းထားပြီး ခေါင်းပြန်လျှော်ပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။