backup og meta

အရောင်ဆိုးထားတဲ့ဆံပင်ကို ဘယ်လိုထိန်းသိမ်းမလဲ

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Wathun Myat Chal မှ ရေးသားသည်။ · 18/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အရောင်ဆိုးထားတဲ့ဆံပင်ကို ဘယ်လိုထိန်းသိမ်းမလဲ

    အရောင်ဆိုးထားတဲ့ဆံပင်ဟာ ဘာမှမလုပ်ထားတဲ့ဆံပင်ထက် မတူညီတဲ့လိုအပ်ချက်တွေရှိတယ်ဆိုတာ သင်သိပါသလား။ ကျွန်တော်တို့တွေဟာ ဆံပင်ကို အရောင်ဖျော့လိုက် ရင့်လိုက်နဲ့ပဲ အရောင်တွေကို ကျွန်တော်တို့ဘဝထဲ ပိုပိုပြိး ထည့်သွင်းနေကြပါတယ်။

    highlights ဖြစ်စေ၊ Lowlights ဖြစ်စေ တစ်ခေါင်းလုံးဆိုးထားသည်ဖြစ်စေ ဒီဆေးဆိုးဆံပင်တွေကို ကျန်းမာသန်စွမ်းနေအောင်ဘယ်လိုထိန်းသိမ်းရမလဲဆိုတာ ကျွမ်းကျင်ပညာရှင်တွေရဲ့ အကူအညီတွေနဲ့အတူ ကြည့်လိုက်ရအောင်။

    ဆံပင်အဖျားတွေကိုဂရုစိုက်ပါ။

    သင့်ဆံပင်က ပိုကျန်းမာနေလေ အရောင်ကပိုကြာကြာခံလေပါပဲ။ ဒါကြောင့် ရက်သတ္တပတ် ၆ပတ်ကိုတစ်ခါလောက်တော့ salon ကိုပုံမှန်သွားကိုသွားသင့်ပါတယ်။

    နေရောင်ကာခရင်မ်တွေကိုအသုံးပြုပါ။

    နေရောင်ခြည်ကနေ သင့်အသားအရည်တစ်ခုတည်းကို ကာကွယ်ဖို့လိုအပ်တာမဟုတ်ပါဘူး။ သင်ဆိုးထားတဲ့အရောင်သစ်လေးကို ကြာရှည်ခံဖို့နဲ့ အမြဲတမ်းတောက်ပနေဖို့ သင့်ဆံပင်ကို နေရောင်ခြည်ဒဏ်ကနေကာကွယ်တာ သို့မဟုတ် ကာကွယ်ပေးနိုင်တဲ့ခရင်မ်တွေကိုသုံးပေးဖို့လိုပါတယ်။ အရောင်ဆိုးထားတဲ့ဆံပင်အတွက် ရေကိုအခြေခံထားတဲ့ပစ္စည်းတွေက အဆီကိုအခြေခံထုတ်တဲ့ပစ္စည်းတွေထက် ပိုပြီးသင့်လျော်ပါတယ်။

    ပျော့ဆေးသုံးပါ။

    အရောင်ဆိုးထားတဲ့ဆံပင်ဟာ ပုံမှန်ဆံပင်ထက် ပိုပြီးခြောက်သွေ့တတ်ပါတယ်။ ဒါကြောင့် သင့်ရဲ့ဆံပင်ထိန်းသိမ်းခြင်းလုပ်ငန်းစဉ်တွေထဲမှာ တစ်ပတ်တစ်ခါတော့ deep conditioning treatment ယူပေးသင့်ပါတယ်။ ပျော့ဆေးကို ရေနွေးနဲ့နယ်ပြီးဆံပင်ကိုလိမ်းပေးပါ။

    ဆေးကိုစုပ်ယူသွားနိုင်စေဖို့ နာရီဝက်ခန့် သဘက်နဲ့ပေါင်းထားပေးပါ။ ခေါင်းလျှော်ချလိုက်ပြီးရင်တော့ သင့်ဆံပင်ရဲ့ တောက်ပမှုကို သင်ပြန်လည် မြင်တွေ့ခံစားရမှာပါ။

    အတွင်းပိုင်း၌ ရေများခြင်း

    ဒါကတော့ သင့်ဆံပင်က သင့်ကျန်းမာရေးကို ယေဘုယျဖော်ပြနေတဲ့အဆင့်ပါ။ ရေနဲ့ လတ်ဆတ်တဲ့သစ်သီးဖျော်ရည်တွေ သေချာသောက်ပေးပြီး ရေဓါတ်ပြည့်နေပါစေ။ သင့်ခန္ဓါကိုယ်တစ်ခုလုံးက သင်လုပ်လိုက်တဲ့အရာတွေကို လက်ခံရမှာပါ။

    ပြီးရင်တော့ သင့်ဆံပင်နဲ့ သင့်အသားအရည်ကို ဘယ်လိုအကျိုးသက်ရောက်သလဲဆိုတာကိုလည်းသင်တွေ့ရမှာပါ။ သင့်ဆံပင်ကို ရေဓါတ်များများဖြည့်ပေးလေလေ အရောင်က ပိုကြာကြာခံလေပါပဲ။

    အတွင်းပိုင်းရော အပြင်ပိုင်းပါ ရေများခြင်း

    သင့်ဆံပင်က သူကိုယ်တိုင်ရေဓါတ်ပြန်လည်ဖြည့်တင်းနေနိုင်ပါပြီ။ အစိုဓါတ်ထိန်းပေးနိုင်တဲ့ပစ္စည်းတွေကိုသုံးပေးခြင်းက အရောင်တွေကို အမြစ်ကနေအဖျားထိထွင်းဖောက်သက်ရောက်စေနိုင်ပြီး ဆိုင်ကထွက်လာလာချင်းတွေ့ရတဲ့ အရောင်အတိုင်းလေးပဲ တောက်တောက်ပပဖြစ်နေအောင် ထိန်းသိမ်းပေးနိုင်ပါတယ်။

    အပြောင်းအလဲသိပ်မလုပ်ပါနဲ့

    သင်ဆံပင်အရောင်တစ်ခါပြောင်းလိုက်တိုင်းမှာ လိုအပ်တဲ့အခြေအနေထိရောက်အောင်သုံးရတဲ့ ဓါတုပစ္စည်း တွေပိုများလာပါလိမ့်မယ်။ ဓါတုပစ္စည်းပိုများခြင်းဟာ သင့်ဆံပင်ကိုပိုပျက်စီးစေနိုင်တယ်ဆိုတဲ့အဓိပ္ပါယ်ပါ။

    ဒါကြောင့် သင်ကပြောင်းလဲချင်နေတယ်ဆိုရင်တောင် အတော်ကြာမှပဲ ဖြည်းဖြည်းချင်းလုပ်ပါ။ သင့်ဆံပင်ကသင့်ကိုကျေးဇူးတင်နေပါလိမ့်မယ်။

    ရေသေချာဆေးပါ

    ဆားနဲ့ ကလိုရင်းတွေက ဆံသားကိုခြောက်သွေ့ပျက်စီးစေပါတယ်။ ဒါကြောင့် သင်က ရေကန်မှာဖြစ်စေ ကမ်းခြေမှာဖြစ်စေ ရေကူးပြီးတိုင်း ခေါင်းသေချာလျှော်ပေးပါ။

    မကိုင်ပါနဲ့

    သင့်ဆံပင်ပုံစံအသစ် အရောင်အသစ်ကို သင်သဘောကျနှစ်သက်နေမှာပါ။ ဒါပေမဲ့ မကိုင်နေမိအောင် သတိထားပါ။ သင့်လက်နဲ့ကိုင်ပြီး ညစ်ပတ်အောင်လုပ်လိုက်တာက ဆံသားအပေါ်ယံလွှာကို ပျက်စီးစေတာ သို့မဟုတ် သင့်ဦးရေပြားကို ထိခိုက်ဒဏ်ရာရစေနိုင်တာတွေ ဖြစ်စေပါတယ်။

    ဆံပင်ခြောက်စက် dryer သုံးတာဆင်ခြင်ပါ

    ခေါင်းလျှော်ပြီးတိုင်း dryer မသုံးပါနဲ့။ dryerတွေ၊ ကောက်စက်၊ဖြောင့်စက် စတာတွေသုံးတာက သင့်ဆံပင်ကို ကျိုးကြေစေပြီး ကျိုးကြေနေတဲ့ဆံပင်က အရောင်တွေကို သေချာထိန်းနိုင်မှာမဟုတ်တော့ပါဘူး။ ဒါကြောင့်ဖြစ်နိုင်ရင် သဘာဝအတိုင်းအခြောက်ခံပါ။

    မှန်ကန်တဲ့ ခေါင်းလျှော်ရည်ကိုအသုံးပြုပါ။ နောက်ဆုံးအချက်ကတော့ ဆေးဆိုးဆံပင်နဲ့သင့်ဦးရေပြားနဲ့ကိုက်ညီနိုင်မယ့် ခေါင်းလျှော်ရည်ကိုရွေးချယ်ပါ။ သင့်ဆံပင်က ဘာအရောင်ပဲဖြစ်နေပါစေ ခေါင်းလျှော်ရည်အပျော့စားတွေနဲ့ သင်နေ့တိုင်းခေါင်းလျှော်နိုင်ပြီး တောက်ပသန့်ရှင်းပြီး ကျန်းမာသန်စွမ်းတဲ့ဆံပင်တွေကို ပိုင်ဆိုင်နိုင်စေမှာပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Wathun Myat Chal မှ ရေးသားသည်။ · 18/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement