backup og meta

နှုတ်ခမ်းမှာပေါက်တဲ့ ဝက်ခြံ

ဝက်ခြံ အသားရှိတဲ့နေရာတိုင်းမှာပေါက်တတ်တဲ့ဝက်ခြံက နှုတ်ခမ်းမှာရော ပေါက်တတ်လားဆိုတော့ ပေါက်တတ်ပါတယ်။ နှုတ်ခမ်းသား နဲ့ နှုတ်ခမ်းသားတဝိုက်မှာ ဝက်ခြံပေါက်တာက ပုံမှန်ဖြစ်လေ့ဖြစ်ထရှိတဲ့ အရေပြားပြဿနာတစ်ရပ်ပါ။ ဒါပေမယ့် နှုတ်ခမ်းမှာ ဝက်ခြံပေါက်တာက မျက်နှာရဲ့ အခြားနေရာမှာပေါက်တဲ့ ဝက်ခြံတွေထက်ပိုနာသလို ကုသစောင့်ရှောက်မှုလုပ်ရတာကလည်း ခက်ပါတယ်။

နှုတ်ခမ်းမှာပေါက်တဲ့ ဝက်ခြံတွေကို သက်သာစေဖို့

နှုတ်ခမ်းမှာပေါက်တဲ့ ဝက်ခြံပေါက်တဲ့အခါ ဆေးလူးဖို့ခက်သလို တစ်ခုခုသုံးမယ်ကြံလိုက်တိုင်း ပါးစပ်ထဲဝင်သွားရင် ဒုက္ခဆိုပြီး တွေးပူနေရတယ်ဆိုရင်တော့ နည်းလမ်းကောင်းလေးတွေ ပြောပြပေးမယ်နော်။
ဘက်တီးရီးယားတွေကို အထိရောက်ဆုံးတိုက်ဖျက်ပေးနိုင်သလို ပါးစပ်ထဲဝင်သွားရင်လည်း ထိခိုက်မှုမရှိပါဘူး။ ဝက်ခြံကိုလည်း မြန်မြန်သက်သာစေမှာပါ။ ကြ်ခြံနောက်ထပ်မပွားစေဖို့လည်း အထိရောက်ဆုံး တားဆီးပေးနိုင်မှာဖြစ်ပါတယ်။ သံပရာရည်ကို ဂွမ်းစလေးနဲ့တို့ပြီး ဝက်ခြံပေါ်မှာ ဆွတ်ပေးပါ။ ခဏလောက်ထားပြီး ရေအေးလေးနဲ့ဆေးချပေးပါ။ ပြီးရင် တဘက်စနုနုလေးနဲ့ ခြောက်သွေ့အောင်သုတ်ပေးပါ။

ရေခဲ

နှုတ်ခမ်းပေါ်က ဝက်ခြံနီမြန်းရောင်ရမ်းနေမယ်ဆိုရင် တဘက်စသန့်သန့်လေးနဲ့ ရေခဲတွေကိုထုတ်ပြီး ကပ်ပေးလို့ရပါတယ်။ နီမြန်းရောင်ရမ်းမှုကို သက်သာစေမှာဖြစ်သလို နာကျင်မှုကိုလည်း သက်သာစေမှာပါ။

ပင်စိမ်းရွက်က ဘက်တီးရီးယားတွေကိုတိုက်ဖျက်ပေးနိုင်ပြီး ဝက်ခြံကို အမြန်ဆုံးသက်သာစေနိုင်ပါတယ်။ ပင်စိမ်းရွက်ကို ကြိတ်ခြေပြီး ရလာတဲ့အရည်ကို ဂွမ်းစလေးနဲ့ယူပြီး ဝက်ခြံပေါ်မှာ တို့ပေးရုံပါ။

တမာရွက်

တမာရွက်က ပိုးတွေကိုသေစေနိုင်ပြီး အနာကျက်စေနိုင်တဲ့ အာနိသင်ရှိပါတယ်။ ရော်ငရမ်းမှုကို သက်သာစေနိုင်ပါတယ်။ ဒါ​ကြောင့် တမာရွက်ကို ရေစင်အောင်ဆေးပြီး အနှစ်ကြိတ်လို့ ရလာတဲ့အနျစ်ကို ဝက်ခြံပေါ်မှာ အုံထားပေးပါ။ အရည်တို့ပေးလို့လည်းရပါတယ်။

လက်ဖက်စိမ်းရေနွေးကြမ်း

ပျားရည်

ဘက်တီးရီးယားတွေကို ဖယ်ရှားပေးပြီး အနာကျက်မြန်စေနိုင်ပါတယ်။ အရောင်ကျစေနိုင်ပြီး နာကျင်မှုကို သက်သာစေနိုင်ပါတယ်။ ပျားရည်လေးကို ဝက်ခြံပေါ်မှာ တို့ထားပေးရုံနဲ့ သက်သာလာမှာပါ။

နနွင်း

အရောင်ကျစေနိုင်ပြီး ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးသလို အဆီဖြစ်ပေါ်မှုကို လျှော့ချပေးနိုင်ပါတယ်။ နနွင်းမှုန့်ကို ဒိန်ချဉ်နဲ့ရောပြီး အနှစ်၇အောင်မွှေပါ။ ရေနဲ့ပဲခပ်ပျစ်ပျစ်လေးအနှစ်ဖြစ်အောင်လုပ်ရင်လည်းရပါတယ်။ ရလာတဲ့အနှစ်ကို ဝက်ခြံပေးမှာ လိမ်းပေးလိုက်ပါ။ ခြောက်သွားရင် ရေဆေးချလိုက်ပါ။

သတိထားရမယ့်အချက်တွေက ဘာတွေဖြစ်မလဲ……

နှုတ်ခမ်းမှာ ဝက်ခြံဖြစ်တဲ့အခါ သက်သာစေဖို့ အပေါ်ကနည်းလမ်းလေးတွေကို အသုံးပြုလို့ရသလို ဒီအချက်တွေကိုလည်း သတိထားဖို့လိုပါမယ်။

နှုတ်ခမ်းနီမဆိုးပါနဲ့ – နှုတ်ခမ်းမှာ ဝက်ခြံဖြစ်နေချိန်မှာ နှုတ်ခမ်းနီဆိုးတာက ဝက်ခြံကို ပိုဆိုးစေနိုင်ပါတယ်။

သန့်ရှင်းအောင်ထားပါ – အစားတစ်ခုခုစားပြီးတိုင်း ပါးစပ်တဝိုက်နဲ့နှုတ်ခမ်းကို သန့်စင်ပေးပါ။ တဘက်စနုနုလေးနဲ့ဖြစ်ဖြစ်ပေါ့။

သဘာဝပစ္စည်းတွေနဲ့လုပ်ထားတဲ့ သွားတိုက်ဆေးကိုသုံးပါ – နှုတ်ခမ်းမှာ ဝက်ခြံပေါက်နေချိန်မှာ ဓာတုပစ္စည်းတွေပါတဲ့ သွားတိုက်ဆေးက ဝက်ခြံကို ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် ဝက်ခြံဖြစ်နေချိန်မှာ သဘာဝပစ္စည်းတွေနဲ့လုပ်ထားတဲ့ သွားတိုက်ဆေးကိုသုံးပါ။

ပွတ်တိုက်တာမျိုးမလုပ်ပါနဲ့ -ပုံမှန်တော့ နှုတ်ခမ်းက ဆဲလ်သေတွေကိုဖယ်ရှားဖို့ သွားတိုက်တဲ့အခါ နှုတ်ခမ်းသားကိုပါ တိုက်ရတယ်ဆိုပေမယ့် ဝက်ခြံပေါက်နေချိန်မှာတော့ မလုပ်ပါနဲ့။ ဒီလိုလုပ်တာက ဝက်ခြံကို ပိုဆိုးစေပါလိမ့်မယ်။

လက်နဲ့မကိုင်ပါနဲ့လက်က ဘက်တီးရီးယားအများဆုံး စုဝေးရာနေရာပါ။ ဒါ​ကြောင့် ပိုးဝင်ပြီး ဝက်ခြံပိုဆိုးမသွားစေဖို့ လက်နဲ့ ဝက်ခြံကို ကိုင်တွယ်တာမျိုးမလုပ်ပါနဲ့။

မညှစ်ပါနဲ့ – ဝက်ခြံဖြစ်ရင် ညှစ်ထုတ်ပစ်ချင်တာမှန်ပေမယ့် မညှစ်ပါနဲ့။ ကြ်ခြံပိုဆိုးသွားပါလိမ့်မယ်။ ဒါကြောင့် ဝက်ခြံကို မညှစ်ဖို့ သတိထားပါ။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

How To Get Rid Of Pimples On Your Lip Naturally https://www.curejoy.com/content/how-to-get-rid-of-lip-pimples-naturally/ Accessed Date 14 January 2020

How to Treat Pimples on the Lips https://www.healthline.com/health/how-to-get-rid-of-pimple-on-lip Accessed Date 14 January 2020

ယခုပုံစံ

13/10/2022

Aye Thi Mon မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဝက်ခြံအကြောင်း ဆွေးနွေးရအောင် လေဒီလေးတို့ရေ

ဝက်ခြံ သက်သာစေမယ့် နည်းလမ်းလေးတွေ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 13/10/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement