backup og meta

ဗောက်ကင်းစေဖို့ ဒါတွေစားပါ။

ခေါင်းတွေ ယားလိုက်တာဆိုပြီး ကုတ်လိုက်မိတိုင်း ဗောက်တွေပဲ ဖြစ်ဖြစ်နေလို့ စိတ်ညစ်နေပြီလား….. ဗောက်ပျောက်စေတယ်ဆိုတဲ့ ခေါင်းလျှော်ရည်တွေနဲ့ လျှော်ပေမယ့် ဗောက်က သက်သာမသွားလို့ ဗောက်သက်သာစေဖို့ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိဘူး ဖြစ်နေပြီလား ….. ဒါဆိုရင်တော့ စိတ်ညစ်မနေပါနဲ့တော့ ဒီဆောင်းပါးလေး ဖတ်ကြည့်လိုက်နော်။

ဗောက်ကင်းစေဖို့ ဒါတွေစားပါ။

အဖြစ်အများဆုံး ဆံသားနဲ့ ဦးရေပြား ပြဿနာ

အဖြစ်များတဲ့ ဆံသားနဲ့ ဦးရေပြား ပြဿနာက ဗောက်ထတာပါ။ ဗောက်မထဘူးသူဆိုတာ ခပ်ရှားရှားပါ။ ဗောက် နည်းနည်း ထတာနဲ့ များများ ထတာပဲ ကွာပေမယ့် လူတိုင်းလိုလို ဗောက်ဖြစ်ဖူးပါတယ်။

အေးမြ ခြောက်သွေ့တဲ့ ဆောင်းရာသီမှာဆိုရင် ဗောက်တွေက ပိုဖြစ်ပါတယ်။ ဒီတော့ ဗောက်ကြောင့် အလှပျက်တာမျိုး မဖြစ်စေဖို့အတွက် ဒီဆောင်းပါးလေးကနေတဆင့်  ပြောပြပေးသွားပါမယ်။

ဗောက်ကင်းစေဖို့ ဒါတွေစားပါ။

ဗောက်ကင်းစေဖို့ ဒါတွေစားပါ။ ဘာတွေ စားရမှာလဲဆိုတော့

ကုလားပဲ

ကုလားပဲ

ကုလားပဲက စားရတာ အရသာရှိသလို ဗောက်တွေ သက်သာစေဖို့လည်း ထောက်ကူပေးပါတယ်။ ပရိုတင်း ပြည့်ဝစေပြီး ဆံသားနဲ့ ဦးရေပြားကိုလည်း ကျန်းမာစေနိုင်ပါတယ်။ ကုလားပဲမှာ ဗောက်တွေကို တိုက်ထုတ်ပေးမယ့် အာဟာရဓာတ် နှစ်မျိုးဖြစ်တဲ့ ဗီတာမင် B6 နဲ့ ဇင့်တို့ ပါဝင်နေပါတယ်။

ကုလားပဲ ကြိုက်တတ်သူတွေဆိုရင်တော့ ဗောက်ကင်းပြီး ကျန်းမာနေမှာ အသေအချာပါပဲ။ ကုလားပဲ မကြိုက်ဘူးဆိုရင်လည်း ကုလားပဲမှုန့်ကို ရေပျစ်ပျစ် ဖျော်ပြီး ဦးရေပြားမှာ လိမ်းပေးလို့ ရပါတယ်။ ပြီးရင် ခဏထားပြီး ရေစင်အောင် ဆေးကြောလိုက်ပါ။

ချင်း (ဂျင်း)

ချင်း (ဂျင်း)

ချင်း (ဂျင်း) စားတာက ကျန်းမာရေးအတွက် အများကြီး အထောက်အကူ ပြုပေးနိုင်ပါတယ်။ ချင်း (ဂျင်း) စားတာက ဦးရေပြားပေါ်က အဖြူဖတ်ဖတ် ဗောက်တွေကို သက်သာစေနိုင်ပါတယ်။ ဗောက်ဖြစ်စေတဲ့ ဘက်တီးရီးယားတွေနဲ့ မှိုတွေကို တိုက်ဖျက်ပေးနိုင်ပြီး ချင်း(ဂျင်း)က ဗောက်တွေကို သက်သာစေနိုင်ပါတယ်။

ကြက်သွန်ဖြူ

ကြက်သွန်ဖြူ

ကြက်သွန်ဖြူမှာ ဗောက်ပျောက်စေနိုင်တဲ့ သဘာဝ ဒြပ်ပေါင်း တစ်မျိုးဖြစ်တဲ့ allicin ကြွယ်ဝစွာ ပါဝင်နေတာကြောင့် မှိုတွေကို တိုက်ဖျက်ပေးနိုင်ပြီး ဗောက်တွေကို သက်သာစေနိုင်ပါတယ်။

ဒါကြောင့် ဗောက်ပျောက်စေဖို့ ကြက်သွန်ဖြူကို စားပေးလို့ ရသလို ဦးရေပြားမှာ ကြက်သွန်ဖြူ သတ္တုရည်ကိုလည်း စွတ်ပေးလို့ ရပါတယ်။

နေကြာစေ့

နေကြာစေ့

နေကြာစေ့က ဗောက်သက်သာစေဖို့ ကုသပေးနိုင်တဲ့ သဘာဝဆေးနည်း တစ်မျိုးပါ။ နေ့စဉ်စားသုံးမှုမှာ နေကြာစေ့ ပါအောင် စားသုံးပေးတာကလည်း ဗောက်သက်သာစေမယ့် နည်းလမ်းကောင်း တစ်ရပ်ပါ။

နေကြာစေ့မှာ ဦးရေပြား ကျန်းမာစေနိုင်တဲ့ အာဟာရဓာတ် များစွာ ပါဝင်နေပါတယ်။ အဆီထွက်ရှိမှုကို ထိန်းညှိပေးနိုင်တဲ့ ဇင့်နဲ့ ဗီတာမင်B6 တို့ ပါဝင်နေပါတယ်။ ဇီဝကမ္မ ဖြစ်စဉ်တွေကို တိုးတက်စေနိုင်သလို ဗောက်မဖြစ်အောင် ကာကွယ်ပေးပါတယ်။

ပန်းသီး

ပန်းသီး

တစ်နေ့ကို ပန်းသီး တစ်လုံးစားတာက ကျန်းမာစေရုံတင် မဟုတ်ပါဘူး ဗောက်တွေကိုလည်း ကင်းစေနိုင်ပါတယ်။ ပန်းသီးကို စားပေးလို့ ရသလို ပန်းသီးကို ကြိတ်ပြီးတော့လည်း ဦးရေပြားမှာ လိမ်းပေးလို့ ရပါတယ်။ သေချာလေး ရေဆေးချဖို့တော့ မမေ့ပါနဲ့။

ငှက်ပျောသီး

ငှက်ပျောသီး

ငှက်ပျောသီးမှာ ဗီတာမင် B6၊ ဗီတာမင် A၊ ဗီတာမင် C၊ ဗီတာမင် E နဲ့ သတ္တုဓာတ်တွေ ဖြစ်ကြတဲ့ ဇင့်၊ ပိုတက်ဆီယမ်၊ သံဓာတ်တို့ ပါဝင်နေသလို ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ နဲ့ အမိုင်နိုအက်ဆစ်တွေ ပါဝင်နေတာကြောင့် ဗောက်သက်သာစေနိုင်ပါတယ်။

ငှက်ပျောသီး စားပေးတာက ဗောက်သက်သာစေနိုင်သလို ငှက်ပျောသီးကို ကြိတ်ခြေပြီး ဦးရေပြားမှာ လိမ်းပေးတာကလည်း နည်းလမ်းကောင်း တစ်ရပ်ပါ။

ကဲ ……. အခုပြောခဲ့တာလေးတွေကို အရသာရှိရှိစားပြီး ဗောက်သက်သာအောင် လုပ်ကြစို့လား ……

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Get rid of dandruff naturally by including these foods to your diet https://www.healthshots.com/beauty/hair-care/this-is-the-ultimate-dandruff-diet-for-hair/ Accessed Date 20 December 2021

7 Super Foods That Are Effective In Treating Dandruff Naturally https://www.bollywoodshaadis.com/articles/best-foods-to-get-rid-of-dandruff-naturally-2331 Accessed Date 20 December 2021

ယခုပုံစံ

10/03/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဗောက် ပြဿနာကြောင့် စိတ်ညစ်နေပြီလား

ဆောင်းရာသီ နဲ့ ဗောက်ပြဿနာ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 10/03/2022 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။