မျက်နှာလှပစေဖို့ Skin careနဲ့ မိတ်ကပ်တွေရဲ့ အကူအညီကို ကျွန်မတို့ယူကြလေ့ရှိပါတယ်။ ဒါပေမယ့် ကိုယ်ခန္ဓာတွင်းမှာ လိုအပ်တဲ့အာဟာရဓာတ်တွေ ပြည့်ဝနေခြင်းဖြင့် အသားအရေကို ပိုမို Glow စေတယ်ဆိုတာကော သတိထားမိကြပါသလား။ အခုဆောင်းပါးလေးမှာတော့ ပတ်ဝန်းကျင်မှာ အလွယ်တကူရနိုင်ပြီး အသားအရေကို ကြည်လင်လှပစေမယ့် အစားအစာတွေကို ဖော်ပြပေးလိုက်တယ်နော်။ သင့်မျက်နှာလေး Glow ဖို့ရာ ဒီအစားအစာတွေ နေ့စဉ်စားပါ ။
သင့်မျက်နှာလေး Glow ဖို့ရာ ဒီအစားအစာတွေ နေ့စဉ်စားပါ
သင့်မျက်နှာလေး Glow ဖို့ရာ ဒီအစားအစာတွေ နေ့စဉ်စားပါဆိုတော့ ဘာတွေ ဖြစ်မလဲ ကြည့်လိုက်တော့နော်။
(၁) ကီဝီသီး
ဗီတာမင်စီကြွယ်ဝသော ကီဝီသီးကို နေ့စဉ်စားခြင်းဖြင့် ကိုယ်ခံအားကောင်းစေရုံမကဘဲ အသားအရေဖြူစင်ကြည်လင်ခြင်း၊ အရေးကြောင်းတွေကို ကာကွယ်ခြင်း၊ အသားအရေအစိုဓာတ်ကို ထိန်းပေးခြင်းစတဲ့ အကျိူးကျေးဇူးတွေပါ ရရှိစေမှာဖြစ်ပါတယ်။ ကီဝီသီးတစ်လုံးမှာ အသားအရေအတွက် ကောင်းကျိူးပြုတဲ့ အာဟာရဓာတ်ပေါင်း ၆၀မီလီဂရမ်ပါဝင်ပါတယ်။
(၂) ကိုကိုး
ကိုကိုး၊ ဝိုင်နီနဲ့ လက်ဖက်ရည်ကြမ်းတို့မှာပါတဲ့ Flavonoids ဆိုသော anti-oxidantsပါဝင်တဲ့အတွက် ပုံမှန်စားသုံးပေးပါက အသားအရေကို နေရောင်ခြည်ကြောင့်ပျက်စီးခြင်းကနေ ကာကွယ်ပေးခြင်း၊ အရေပြားဆီ သွေးလှည့်ပတ်မှုကောင်းစေခြင်းနဲ့ အရေပြားကြမ်းတမ်းခြင်းကို ကာကွယ်ပေးပါတယ်။
(၃) ဗာဒံစေ့
ဗာဒံစေ့တွေဟာ ဗီတာမင်အီး၊ antioxidantsများနဲ့ linoleic acidပါဝင်တဲ့အတွက် အသားအရေကို လှစေပြီး နေရောင်ခြည်ကြောင့် ပျက်စီးခြင်းကို ကာကွယ်ပေးပါလိမ့်မယ်။
(၄) ဖရဲသီး
ဖရဲသီးတွေဟာ ချိူမွေးပြီး ရင်ကိုအေးစေမယ့်အပြင် အသားအရေအတွက်လည်း ကောင်းကျိူးများစွာ ပေးနိုင်ပါတယ်။ လိုင်ကိုပင်း၊ ကရိုတီးနွိုက်ကွန်ပေါင်းများ ကြွယ်ဝစွာပါဝင်တဲ့အတွက် အသားအရေကို နူးညံ့စေပြီး နေရောင်ဒဏ်မှ ကာကွယ်ပေးပါတယ်။
(၅) ပဲပိစပ်
ပဲပိစပ်တွေမှာ isoflavonesလို့ခေါ်တဲ့ antioxidantsတွေ ပါဝင်နေပြီး အရေပြားကြမ်းတမ်းခြင်းကို ကာကွယ်ပေးတဲ့အပြင် ကော်လဂျင်ပိုမိုထွက်စေပြီး အသားအရေကို တင်းရင်းလှပစေနိုင်ပါတယ်။
(၆) အစိမ်းရင့်ရောင်အရွက်များ
ဟင်းနုနယ်၊ ကိုက်လန်နဲ့ အခြားအစိမ်းရင့်ရောင်အရွက်တွေမှာ Luteinဆိုတဲ့ ဓာတ်တစ်မျိူးပါဝင်တဲ့အတွက် ပိုမိုကျန်းမာသောအရေပြားကို သင့်အတွက် ပေးစွမ်းပါလိမ့်မယ်။ အီတလီနိုင်ငံမှ လေ့လာချက်တစ်ခုအရ တစ်နေ့ကို အစိမ်းရင့်ရောင်အရွက်သုံးခွက်ခန့်စားသူတွေဟာ အရေပြားကင်ဆာဖြစ်ခြင်းနည်းပါးပါတယ်။
(၇) မုန်လာဥနီ
Beta-carotene ကြွယ်ဝသော မုန်လာဥနီ များဟာ နေရောင်ခြည်ကြောင့် ဖြစ်သော အမည်းစက်များနဲ့ အရေးအကြောင်းများကို ကာကွယ်ပေးနိုင်ပါတယ်။ မုန်လာဥနီ အပြင် ကန်စွန်းဥ၊ သရက်သီး၊ သင်္ဘောသီး၊ ဟင်းနုနယ်နဲ့ ကိုက်လန်တို့ကိုလည်း စားသုံးနိုင်ပါတယ်။
(၈) ရေနွေးကြမ်း
လက်ဖက်စိမ်း ရေနွေးကြမ်းကို နေ့စဉ် သောက်ခြင်းဖြင့် ကျန်းမာရေး ကောင်းကျိူးများစွာ ရနိုင်တာ အားလုံး သိရှိပြီး ဖြစ်ပါလိမ့်မယ်။
ရေနွေး နေ့စဉ် သောက်သူတွေဟာ မျက်နှာ အရေးအကြောင်းတွေ ဖြစ်ခြင်းကို လျှော့ချနိုင်တဲ့အပြင် အသားအရေကို ပိုမို တင်းရင်းစေ ပါတယ်။ ထို့ပြင် အရေပြားကင်ဆာဖြစ်ခြင်းမှလည်း ကာကွယ်ပေးနိုင် ပါသေးတယ်။
ပျိူမေတို့ရေ ဈေးကြီးတဲ့ skin careတွေ သုံးနေရုံနဲ့ မပြီးသေးဘူးနော်။ အသားအရေလေး အမြဲတမ်း Glowဖို့ အတွက် အခု ဖော်ပြသွားတဲ့အစားအစာတွေကိုလည်း နေ့စဉ် စားပေးကြပါဦးနော်။
ရေးသားသူ – Dr. Rose
[embed-health-tool-bmi]