backup og meta

လေဒီလေးတို့ သိထားသင့်တဲ့ Baking Soda Scrub အကြောင်း

လေဒီလေးတို့ သိထားသင့်တဲ့ Baking Soda Scrub အကြောင်း

အသားအရေလေး လှပချင်တာက လေဒီလေးတိုင်းရဲ့ စိတ်ကူးပါ။ ဒီလို လှပမှုအတွက် အသုံးတည့်တဲ့အရာလေးတစ်ခုရှိပါတယ်။ ဒါကတော့ မုန့်ဖုတ်ဆော်ဒါလို့ သိထားကြတဲ့ (Baking Soda) ပါ။ ဒီတစ်ခေါက်တော့ လေဒီလေးတွေအတွက် အသုံးတည့်မယ့် အလှအပအတွက် Baking soda အသုံးပြုနည်းလေးကို ပြောပြပေးမယ်နော်။

Baking Soda Scrub က ဘာတွေ အသုံးတည့်လဲ……….

Baking Soda Scrub ကို အသုံးပြုပေးမယ်ဆိုရင်

(၁) အသားအရေ ကြည်လင်စေတယ်

ကြည်လင်တဲ့အသားအရေက ကျန်းမာခြင်းရဲ့ လက္ခဏာတစ်ရပ်ပါ။ ဒါပေမယ့် ရရှိဖို့ကတော့ မလွယ်လှပါဘူး။ ဒီတော့ အသားအရေကို အညစ်အကြေး ကင်းစင်ပြီး ကြည်လင်စေဖို့အတွက် ဗီတာမင် C ကြွယ်ဝတဲ့ လိမ္မော်သီးအရည်နဲ့ မုန့်ဖုတ်ဆော်ဒါကို သုံးလို့ရပါတယ်။ ဒီနည်းက ဆဲလ်သေတွေကို အထိရောက်ဆုံး ဖယ်ရှားနိုင်မှာပါ။

baking soda လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာကို လိမ္မော်ရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်းနဲ့ရောပါ။ ရလာတဲ့အရောကို သန့်စင်ထားတဲ့ မျက်နှာနဲ့ လည်ပင်းအရေပြားပေါ်မှာ ခပ်ပါးပါးလေးလိမ်းပေးပါ။ ၁၅ မိနစ်လောက်ထားပြီး အခြောက်ခံပါ။ ပြီးရင် တဘက်စသန့်သန့်မှာ ရေဆွတ်ပြီး သန့်စင်ပါ။ ပြီးရင်တော့ ရေအေးအေးနဲ့ ဆေးကြောလိုက်ပါ။ အသားအရေကို ကြည်လင်စေမှာပါ။

# တစ်ပတ်ကို တစ်ကြိမ်သာ ပြုလုပ်ပါရန်

(၂) ဝက်ခြံ သက်သာစေတယ်

Baking Soda က ဆဲလ်သေတွေကို အထိရောက်ဆုံး ဖယ်ရှားပေးနိုင်ပါတယ်။ ဝက်ခြံတွေကို သက်သာစေနိုင်တဲ့ အာနိသင်လည်းရှိပါတယ်။ ဝက်ခြံတွေကို ဖြစ်စေတဲ့ ဘက်တီးရီးယားတွေကိုလည်း အထိရောက်ဆုံး တိုက်ဖျက်ပေးနိုင်ပါတယ်။

baking soda လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာကို ရေလက်ဖက်ရည်ဇွန်း တစ်ဇွန်းစာနဲ့ရောပါ။ ရလာတဲ့အရောကို သန့်စင်ထားတဲ့ မျက်နှာပေါ်က ဝက်ခြံတွေပေါ်မှာ လိမ်းပေးပါ။ ၂ မိနစ်၊ ၃မိနစ်လောက်ထားပါ။ ပြီးရင် မျက်နှာကို ရေနွေးနွေးလေးနဲ့ ဆေးချလိုက်ပါ။ ပြီးရင်တော့ မျက်နှာကို ရေစင်​အောင်သုတ်လို့ ရေခဲဝတ်လေး ကပ်ပေးပါ။

# တစ်ပတ်ကို အများဆုံး ၂ ကြိမ်သာ ပြုလုပ်ပါရန်

(၃) အမည်းစက်တွေကို သက်သာစေနိုင်တယ်

အရေပြားပေါ်က အမည်းစက်တွေကို သက်သာချင်တယ်ဆိုရင် baking soda သုံးလို့ရပါတယ်။ baking sodaက အသားအရေပေါ်က အမည်းစက်တွေကို မှိန်စေနိုင်တဲ့ အာနိသင်ရှိပါတယ်။

အရေပြားပေါ်က အမည်းစက်တွေ သက်သာစေဖို့အတွက် Baking soda လက်ဖက်ရည်ဇွန်း ၁ ဇွန်းစာကို  သံပုရာသီး တစ်ခြမ်းစာကို အရည်ညှစ်ထားတဲ့ သံပုရာရည် နဲ့ရောစပ်လိုက်ပါ။ ခပ်ပျစ်ပျစ်လေးဖျော်လို့ လာတဲ့အနှစ်ကို သန့်စင်ထားတဲ့ မျက်နှာပေါ်မှာ လိမ်းလိုက်ပါ။ ခြောက်သွားအောင်ထားပြီး ရေနွေးနွေးလေးနဲ့ သန့်စင်ပါ။

# တစ်ပတ်ကို အများဆုံး ၂ ကြိမ်သာ ပြုလုပ်ပါရန်

(၄) ဆားဝက်ခြံ သက်သာစေနိုင်တယ်

အဆီပြန်တဲ့ အသားအရေပိုင်ရှင်ဖြစ်မယ်ဆိုရင် ဝက်ခြံဖြစ်လွယ်သလို ဆားဝက်ခြံဖြစ်ဖို့လည်း လွယ်ကူပါတယ်။ ချွေးပေါက်တွေကျယ်နေမယ်ဆိုရင် ဆားဝက်ခြံမဖြစ်စေဖို့ သေချာလေးဂရုစိုက် သန့်စင်ရပါမယ်။ ဒီလိုမှမဟုတ်ဘူးဆိုရင် ချွေးပေါက်တွေထဲမှာ အညစ်အကြေးတွေ ပိတ်ဆို့ပြီး ဆားဝက်ခြံအလွယ်တကူဖြစ်လာပါမယ်။

baking soda လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာကို စပရေးဗူးထဲထည့်ပါ။ ပြီးရင် ရေအပြည့်ဖြည့်လို့ သမသွားအောင် လှုပ်ပေးပါ။ သမသွားပြီဆိုရင် သန့်စင်ထားတဲ့ မျက်နှာပေါ်ကို အနှံ့ဖြန်းပါ။ ခြောက်သွားတဲ့အထိထားပါ။ ပြီးရင် moisturiser သုံးလိုက်ပါ။

# နေ့တိုင်း natural toner အဖြစ်အသုံးပြုပေးလို့ရပါတယ်။ 

(၅) ဆဲလ်သေတွေ ဖယ်ရှားပေးတယ်

မျက်နှအသားအရေပေါ်က ချွေးပေါက်တွေကို ပိတ်ဆို့စေပြီး ဝက်ခြံတွေဖြစ်စေတဲ့ ဆဲလ်သေတွေကို ဖယ်ရှားဖို့ အတွက်လည်း baking soda ကို သုံးလို့ ရပါတယ်။ ချွေးပေါက်တွေထဲက အညစ်အကြေးတွေကိုပါ အထိရောက်ဆုံး ဖယ်ရှားနိုင်ပါတယ်။

ဆဲလ်သေတွေ ဖယ်ရှားဖို့ဆိုရင် baking soda လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာကို ရေလက်ဖက်ရည်ဇွန်း တစ်ဝက်စာနဲ့ရောပါ။ ခပ်ပျစ်ပျစ်လေး ဖြစ်နေပါစေ။ ပြီးရင် သန့်စင်ထားတဲ့ မျက်နှာပေါ်မှာ စက်ဝိုင်းပုံစံ လိမ်းကျံလိုက်ပါ။ မျက်လုံးတစ်ဝိုက်ကို ရှောင်လို့ လက်ချောင်းထိပ်လေးတွေ သုံးပြီး နှိပ်နယ်ပါ။ ပြီးရင် ခြောက်သွားအောင်ထားလိုက်ပါ။ ပြီးရင် မျက်နှာကို ပုံမှန်အတိုင်း သန့်စင်ပေးလိုက်ရုံပါ။ သန့်စင်ပြီးရင်တော့ moisturiser လိမ်းပေးပါ။

# sensitive skin ပိုင်ရှင်တွေ နဲ့ အသားအရေ​ ခြောက်သွေ့သူတွေ သုံးဖို့ မသင့်တော်ပါဘူး။

# တစ်ပတ်ကို တစ်ကြိမ်သာ အသုံးပြုပါရန်

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Can I Use Baking Soda for Face Wash? https://www.healthline.com/health/baking-soda-for-face#1 Accessed Date 15 May 2020

8 Ways to Use Baking Soda For The Most Common Skin Problems https://food.ndtv.com/beauty/8-ways-to-use-baking-soda-for-the-most-common-skin-problems-1682288 Accessed Date 15 May 2020

Top 10 Benefits of Baking Soda for Your Skin https://www.femina.in/beauty/skin/benefits-of-baking-soda-for-your-skin-77418.html Accessed Date 15 May 2020

ယခုပုံစံ

02/02/2022

Aye Thi Mon မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

နနွင်း ကပေးတဲ့ အသားအရေ လှပမှု

ပျားရည် ကပေးတဲ့ အသားအရေ ကျန်းမာရေး



Aye Thi Mon မှ ရေးသားသည်။ · 02/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement