backup og meta

သုံးတဲ့ အလှကုန်တွေက ကိုယ့်အသားအရေနဲ့ မှားယွင်းနေတယ်ဆိုတာ သိနိုင်မယ့်အချက်များ


Eaindray Kha မှ ရေးသားသည်။ · 12/01/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သုံးတဲ့ အလှကုန်တွေက ကိုယ့်အသားအရေနဲ့ မှားယွင်းနေတယ်ဆိုတာ သိနိုင်မယ့်အချက်များ

    သုံးတဲ့ အလှကုန်တွေက ကိုယ့်အသားအရေနဲ့ မှားယွင်းနေတယ်ဆိုတာ သိနိုင်မယ့်အချက်များ

    ပျိုပျိုမေတို့ရေ တစ်ယောက်နဲ့တစ်ယောက် အသားအရေတွေက မတူညီကြပါဘူး။ အဲဒီတော့ သူများသုံးတဲ့ အလှကုန်ပစ္စည်းက ကိုယ်နဲ့လည်း တည့်ချင်မှ တည့်မှာပါ။

    ဒီတော့ အလှကုန်ပစ္စည်းတွေ ဝယ်ယူတဲ့အခါမှာ သူများအသားအရေနဲ့ကိုက်ညီတိုင်း ကိုယ်နဲ့ အဆင်ပြေချင်မှ ပြေမယ်ဆိုတာကို သတိရပါ။ ဝယ်ပြီးတဲအခါမှာလည်း ကိုယ့်အသားအရေနဲ့ကိုက်ညီမှု ရှိမရှိဆိုတာ စစ်ဆေးပါ။ စစ်ဆေးနိုင်မယ့် နည်းလမ်းတစ်ချို့ကို ဖော်ပြလိုက်ပါတယ်နော်။

    အဖုအပိန့်တွေ ထွက်လာခြင်း

    အဖုအပိန့်တွေ ထွက်တာဟာ တချို့ အလှကုန် ကုန်ပစ္စည်းတွေ အသုံးပြုခြင်းရဲ့ တုံ့ပြန်မှုကြောင့်ဖြစ်တဲ့ အလာဂျစ်တွေကြောင့် အများဆုံးဆိုပေမယ့် တခြားအချက်အလက်တွေ အများကြီး ရှိနေနိုင်ပါသေးတယ်။ မိတ်ကပ်တွေမှာ အလာ့ဂျစ်ဖြစ်စေတဲ့ ပစ္စည်းတွေ ပါဝင်မှု နည်းပေမယ့် မျက်နှာ ကြာရှည်စွဲထင်အောင်နဲ့ အနံ့ကောင်းအောင် ပြုလုပ်ထားတဲ့ ပစ္စည်းတွေကတော့ အဖုအဖိန့် ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အဖုအဖိန့်တွေ ဖြစ်လာတယ်ဆိုရင် ကိုယ်သုံးတဲ့ မိတ်ကပ်ကို ပြန်လည် စဉ်းစားကြည့်ပါ။

    ယားနာလိုလို အင်ပြင်တွေထခြင်း

    အဖုအပိန့်တွေလိုပဲ ယားယံပြီး အင်ပြင်တွေလို ဖြစ်တာကလည်း အလှကုန်ပစ္စည်း မှားပြီး သုံးမိတဲ့ လက္ခဏာတွေထဲက တစ်ခုပါပဲ။ အနီရောင် အရှိုးရာ(သို့) ကြိမ်ရာလိုမျိုးတွေ ပေါ်လာခြင်းပါ။ အသားအရေထိန်းပစ္စည်းတွေထဲမှာ အလာဂျစ်ဖြစ်စေနိုင်တာတွေ ပါဝင်နိုင်ပြီး ယားနာလိုမျိုးတွေ ဖြစ်နိုင်ပါတယ်။

    နောက်တစ်ခုက အလှကုန်ကြောင့် မဟုတ်ဘဲ ကိုယ့်အသားအရေကြောင့်လည်း ဖြစ်နိုင်ပါသေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ယားနာလိုလို အင်ပြင်တွေထွက်တယ်ဆိုရင်တော့ ဆက်မသုံးပါနဲ့တော့နော်။

    မျက်နှာမှာ တင်းတင်းကြီးဖြစ်နေခြင်း

    တစ်ခါတစ်လေ အလှကုန်ပစ္စည်းလိမ်းပြီးရင် မျက်နှာမှာ အသားအရေ ခပ်တင်းတင်းဖြစ်နေသလိုမျိုး ခံစားရတတ်ပါတယ်။ ဒါဟာ ကုန်ပစ္စည်းနဲ့ မတည့်ဘူးဆိုတဲ့ လက္ခဏာပါပဲ။ အထူးသဖြင့် မျက်နှာ ချေးချွတ်တာမျိုး သုံးမိရင် မျက်နှာအသားအရေရဲ့ အဆီ၊ ရေဓာတ်တွေကို စုပ်ယူသလိုဖြစ်ပြီး အသားအရေခြောက်တာနဲ့ ကျိန်းစပ်ခြင်းတွေ ဖြစ်လာနိုင်ပါတယ်။ ဒီလိုမျိုးခံစားရရင်တော့ မျက်နှာအသားအရေကို ပြန်လည်ကောင်းမွန်လာစေမယ့် pH ပမာဏထိန်းညှိပေးထားတဲ့ ပစ္စည်းတွေကို ရှာသုံးသင့်ပါတယ်။

    အဆီများများထွက်ခြင်း

    အဆီပြန်တာကို  ထိန်းချုပ်တဲ့ အပြင်းစား အလှကုန်ပစ္စည်း ဒါမှမဟုတ် ရေနွေးနဲ့ မျက်နှာသစ်တာတွေဟာ မျက်နှာရဲ့ အပေါ်ယံလွှာကို ခြောက်သွေ့စေနိုင်ပြီး အပေါ်ယံအသားအရေ ကွာကျတဲ့အခါ အဆီတွေ ပိုထွက်လာအောင် လှုံဆော်နိုင်ပါတယ်။

    ဒါကြောင့် မျက်နှာမှာ အဆီပြန်တာကို ထိန်းသိမ်းဖို့အတွက် အလှကုန်ပစ္စည်းတွေ သုံးရင်းနဲ့မှ အဆီက ထွက်နေသေးတယ်ဆိုရင်တော့ ပြန်လည်စဉ်းစားသင့်ပါတယ်။

    အသားအရေခြောက်ခြင်းနဲ့ ကွာခြင်း

    ကိုယ့်ရဲ့ အသားအရေတွေ ခြောက်ပြီး အဖတ်လန်သလို ကွာကျတယ်ဆိုရင်တော့ အလှကုန်ပစ္စည်း ပြောင်းသုံးသင့်ပါတယ်။ ပြင်းတဲ့ အက်ဆစ်ပါဝင်တဲ့ ကုန်ပစ္စည်းတွေဟာ အသားအရေကို မချောမွေ့စေဘဲ အဖတ်လန်တာမျိုးတွေ ရှိလာနိုင်ပါတယ်။

    အကယ်လို့ ကိုယ့်အသားရေဟာ အရမ်း အဖတ်တွေလန်ပြီး ကွာကျတယ်ဆိုရင် အက်ဆစ်များလွန်းတဲ့ ကုန်ပစ္စည်းကို သုံးမိတာကြောင့် ဖြစ်နိုင်ပါတယ်။ salicylic acids ၊ retinol နဲ့ alphahydroxy acids တွေကို ပေါင်းပြီး မသုံးပါနဲ့။ တစ်မျိုးဆိုရင် လုံလောက်ပါပြီ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Eaindray Kha မှ ရေးသားသည်။ · 12/01/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement