backup og meta

အိမ်ထောင်ရှင်မတို့ရဲ့ ရာသီလာစဉ် ကိုက်ခဲမှုကို သက်သာစေမယ့်အရာ

ရာသီလာစဉ်မှာ ခံစားရတဲ့ နာကျင်ကိုက်ခဲမှုတွေက အတော်လေး သည်းခံရခက်သလို နေ့စဉ် လုပ်ငန်းတာဝန်တွေပေါ်မှာပါ ထိခိုက်လာတာမျိုးတွေ ရှိနိုင်ပါတယ်။ ဒီဝေဒနာကို သက်သာစေဖို့ အိမ်တွင်းကုထုံးတွေနဲ့ ကုသတာတွေ ရှိသလို အကိုက်အခဲ ပျောက်ဆေးတွေ သောက်တာမျိုးလည်း ရှိပါတယ်။ အခုတစ်ခေါက်တော့ အိမ်ထောင်ရှင်မတို့ရဲ့ ရာသီလာစဉ် ကိုက်ခဲမှုကို သက်သာစေမယ့်အရာ ကို ပြောပြပေးချင်ပါတယ်။ ဒါကတော့ ………

အိမ်ထောင်ရှင်မတို့ရဲ့ ရာသီလာစဉ် ကိုက်ခဲမှုကို သက်သာစေမယ့်အရာ

အိမ်ထောင်ရှင်မတို့ရဲ့ ရာသီလာစဉ် ကိုက်ခဲမှုကို သက်သာစေမယ့် နည်းလမ်းတစ်ခုက လိင်စိတ်အထွတ်အထိပ်ရောက်ခြင်း (orgasm) ပါ။ ဒီခံစားမှုက သက်သောင့်သက်သာရှိတဲ့ ခံစားမှုကို ရရှိစေနိုင်ပါတယ်။

ရာသီလာနေချိန်မှာ အတူနေဖို့ကိစ္စကို အတော်များများက ရှောင်ကြပါတယ်။ ဒါပေမဲ့ အတူနေမှုကနေရရှိလာတဲ့ လိင်စိတ်အထွတ်အထိပ်ရောက်ခြင်းကလည်း ရာသီလာချိန်မှာ ကိုက်ခဲမှုတွေကို သက်သာစေဖို့ ကူညီပေးနိုင်ပါတယ်။ မတော်တဆ ကိုယ်ဝန်ရရှိနိုင်ခြေကို ကာကွယ်ဖို့အတွက် စိတ်ချရတဲ့ သားဆက်ခြားနည်းကို အသုံးပြုဖို့တော့ လိုပါမယ်။ (ရာသီလာချိန်မှာ ကိုယ်ဝန်ရနိုင်ခြေ နည်းပေမယ့် ရာသီရက်ရှည်ပြီး စက်ဝန်းတိုတဲ့ အမျိုးသမီးတွေက သတိထားသင့်ပါတယ်။)

ရာသီလာချိန်မှာ အတူနေခြင်းက ရာသီလာစဉ် နာကျင်ကိုက်ခဲမှုကို သက်သာစေနိုင်သလို ရာသီအကြို လက္ခဏာတွေ ဖြစ်ကြတဲ့ စိတ်ဖိစီးတာ၊ ခါးနာ၊ခေါင်းကိုက်တာ၊ စိတ်အတက်အကျ မြန်တာလိုမျိုး ဝေဒနာတွေကိုပါ သက်သာစေနိုင်တာပါ။

အတူမနေချင်ဘူးဆိုရင်လည်း တစ်ကိုယ်ရည် အာသာဖြေတာက အလားတူ ရလဒ်မျိုး ရနိုင်ပါတယ်။ အတူနေတယ်၊ အာသာဖြေတယ်ဆိုတာထက် ပြီးမြောက်ခြင်းကြောင့် ထွက်လာတဲ့ ဟော်မုန်းတွေက ကိုက်ခဲနာကျင်မှုတွေကို သက်သာစေတာ ဖြစ်ပါတယ်။

ဘယ်လိုထောက်ကူပေးလဲ……

လိင်စိတ်အထွတ်အထိပ်ရောက်ခြင်း (orgasm) ဖြစ်တဲ့အခါ ခန္ဓာကိုယ်က ဆီရိုတိုနင်၊ အောက်ဆီတိုစင် နဲ့ ဒိုပါမင် ဟော်မုန်းတွေထွက်ရှိလာပါတယ်။ ဒီဟော်မုန်းတွေက စိတ်ခံစားမှုကို ကောင်းစေသလို ရုပ်ပိုင်းဆိုင်ရာ နာကျင်မှုတွေကိုပါ သက်သာစေဖို့ အားဖြည့်ပေးပါတယ်။

အတူနေမှုကနေ လိင်စိတ်အထွတ်အထိပ်ရောက်သွားတဲ့အခါ ခန္ဓာကိုယ်က ထုတ်လွှတ်ပေးတဲ့ အောက်ဆီတိုစင် နဲ့ ဒိုပါမင် ဟော်မုန်းတွေ တွေက အကိုက်အခဲ ပျောက်စေဖို့ ထောက်ကူပေးပြီး ရာသီလာစဉ် နာကျင်ကိုက်ခဲမှုကို သက်သာစေနိုင်ပါတယ်။

စိတ်ဖိစီးမှုတွေကို ပြေလျော့စေသလို ခန္ဓာကိုယ်မှာ ထွက်လာတဲ့ endorphins ဟော်မုန်းက သက်သောင့်သက်သာ ဖြစ်စေပြီး ကောင်းကောင်း အိပ်ပျော်စေဖို့ ထောက်ကူပေးမှာပါ။

Endorphins ဟော်မုန်းက နာကျင်မှု ခံစားရတာကို လျော့ကျအောင် လုပ်ဆောင်ပေးပြီး ဆီရိုတိုနင် နဲ့ ဒိုပါမင် ဟော်မုန်းတွေက စိတ်ခံစားမှု ကောင်းစေဖို့ ထောက်ကူပေးတာကြောင့် ရာသီလာစဉ် ခံစားရတဲ့ နာကျင်မှုကို သက်သာစေသလို စိတ်ပိုင်းဆိုင်ရာ ခံစားရမှုတွေကိုလည်း ပြေလျော့စေမှာပါ။

အတူနေမှုကနေ လိင်စိတ်အထွတ်အထိပ်ရောက်သွားတဲ့အခါ သွေးစီးဆင်းမှုကောင်းစေပြီး ပျော်ရွှင်မှုကို ခံစားရသလို ခန္ဓာကိုယ်မှာ သက်သောင့်သက်သာ ဖြစ်တာ၊ နွေးထွေးတာမျိုးတွေကို ခံစားရတဲ့အပြင် ပြည့်ဝတဲ့ အိပ်စက်မှုတွေကိုပါ ရရှိစေမှာပါ။

မြန်မာနိုင်ငံရဲ့ လူနေမှုစံနှုန်းကြောင့် အိမ်ထောင်ရှင်မတွေလို့ ပြောပေမဲ့ လိုရင်းက ရာသီလာချိန်မှာ အတူနေပြီးပဲဖြစ်ဖြစ်၊ အာသာဖြေပြီးပဲ ဖြစ်ဖြစ် ပြီးမြောက်သွားခဲ့ရင် ထွက်လာတဲ့ ဟော်မုန်းတွေကြောင့် နာကျင်ကိုက်ခဲမှုတွေကို သက်သာတယ်လို့ ဆိုလိုတာ ဖြစ်ပါတယ်။

ကိုက်ခဲတာ သက်သာဖို့ မဖြစ်မနေ အတူနေရမယ်လို့လည်း ဆိုလိုတာ မဟုတ်ပါဘူး။ သာမန်နည်းလမ်းတွေဖြစ်တဲ့ နားနားနေနေနေတာ၊ ရေနွေးအိတ်ကပ်တာ၊ အကိုက်အခဲပျောက်ဆေးသောက်တာနဲ့လည်း သက်သာအောင် လုပ်လို့ရပါတယ်။ ရာသီလာတဲ့အချိန်မှာ အတူနေလေ့ရှိတဲ့ အတွဲတွေအတွက်ကတော့ အပိုကောင်းကျိုးရတယ်လို့ပဲ သတ်မှတ်နိုင်ပါတယ်။

[embed-health-tool-ovulation]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Can you masturbate on your period? https://www.medicalnewstoday.com/articles/can-you-masturbate-on-your-period Accessed Date 15 September 2021

Is It Safe to Have Sex During Your Period? Tips, Benefits, and Side Effects https://www.healthline.com/health/womens-health/sex-during-periods#side-effects Accessed Date 15 September 2021

ယခုပုံစံ

17/07/2023

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ရာသီလာချိန် ဗိုက်ပွ ဗိုက်ကယ်တာ သက်သာစေမယ့် နည်းလမ်း (၅) ခု

ဘာကြောင့် ရာသီလာချိန်မှာ ဖျားချင်သလိုလို ခံစားရတာလဲ။


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 17/07/2023 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement