ဖြစ်နိုင်ခြေများ
Painful intercourse (dyspareunia) (လိင်ဆက်ဆံချိန် နာကျင်ခြင်း ) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ
လိင်ဆက်ဆံချိန်နာကျင်ခြင်း (dyspareunia) ကိုဖြစ်စေနိုင်တဲ့ အန္တရာယ်အများကြီးရှိပါတယ်။ဥပမာ-
- ယခင်ကလိင်မဆက်ဆံဖူးသူ ( အထူးသဖြင့် လိင်ဆက်ဆံဖက်ပါ မကြုံတွေ့ဖူးသူဖြစ်လျှင် ပိုဖြစ်တတ်ပါတယ်)
- သွေးဆုံးခါနီးနှင့် သွေးဆုံးပြီးချိန် အမျိုးသမီးများ
- သားအိမ်ထုတ်ခြင်းကြောင့် နာကျင်နိုင်တဲ့ အန္တရာယ်ပိုများတတ်ပေမဲ့ တစ်ခါတစ်လေမှာလည်း ဆန့်ကျင်ဖက်ဖြစ်နေတတ်ပါတယ်။
ရောဂါအဖြေရှာခြင်းနှင့် ကုသမှု
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
Painful intercourse (dyspareunia) (လိင်ဆက်ဆံချိန် နာကျင်ခြင်း ) ကို ဘယ်လိုအတည်ပြုပါသလဲ
လိင်ဆက်ဆံချိန်နာကျင်ခြင်း (dyspareunia) ကို ရောဂါရှာဖွေမှုမှာပါဝင်တာတွေကတော့
- ကောင်းမွန်သော ဆေးကုသမှုရာဇဝင် – သင့်ဆရာဝန်က သင်ဘယ်အချိန်မှာစတင်နာကျင်လဲ၊ ဘယ်လိုပုံစံနာကျင်လဲ၊ ဘယ်လိုခံစားရလဲ၊ လိင်ဆက်ဆံဖော်တိုင်းနဲ့ ဖြစ်တာလား၊ ဘယ်လိုပုံစံနဲ့ လိင်ဆက်ဆံရင်ပဲဖြစ်ဖြစ်နာသလားဆိုတာတွေကို မေးမြန်းပါလိမ့်မယ်။ သင့်ဆရာဝန်က သင့်လိင်ဆက်ဆံမှုရာဇဝင်၊ ခွဲစိတ်မှုရာဇဝင် နဲ့ ကလေးမွေးဖွားမှု အတွေ့အကြုံတွေကို မေးမြန်းပါလိမ့်မယ်။ ရှက်ကြောက်မှုကြောင့် မှန်ကန်တဲ့ အဖြေတွေကို မပေးပဲမနေပါနဲ့။ သင်ရဲ့ မှန်ကန်တဲ့အဖြေတွေက ဖြစ်ပွားစေတဲ့ အကြောင်းရင်းမှန်ကို ရဖို့အတွက်သဲလွန်စပေးမှာမို့လို့ပါ။
- တင်ပဆုံစစ်ဆေးခြင်း-တင်ပဆုံစစ်ဆေးနေစဉ်အတွင်းမှာ ဆရာဝန်က သင်အရေပြားရောဂါနဲ့ သားဖွားလမ်းကြောင်းပုံစံမှန် မမှန်စစ်ဆေးပါမယ်။ ဘယ်နေရာကနာတယ်ဆိုတာကို သိဖို့ မိန်းမကိုယ်နဲ့ တင်ပဆုံကြွက်သားတွေကို ဆရာဝန်မှ ညင်သာစွာ ဖိကြည့်ပါမယ်။ ဘဲနှုတ်သီးလို့ အရပ်ထဲခေါ်တဲ့ speculum နဲ့ သားလမ်းကြောင်းနံရံတွေကို သေချာစွာမျက်လုံးအမြင်နဲ့ ကြည့်ရှုပါမယ်။ ဆရာဝန်က ဘယ်လိုညင်သာစွာ စမ်းသပ်ပေမဲ့လည်း လိင်ဆက်ဆံစဉ်နာကျင်တတ်တဲ့ အမျိုးသမီးတွေဟာ ဒီလို တင်ပဆုံစစ်ဆေးနေစဉ်မှာနေထိုင်ရအဆင်မပြေဖြစ်နိုင်ပါတယ်။ အရမ်းနာကျင်လာရင်တော့ စမ်းသပ်မှုကို ရပ်ဖို့ တောင်းဆိုနိုင်ပါတယ်။
- အခြားသောစစ်ဆေးမှုများ – အချို့သော အကြောင်းများကြောင့် နာကျင်မှုဖြစ်တတ်လို့ ဆရာဝန်မှ ထင်ခဲ့ရင် သင့်ကို တင်ပဆုံ Ultrasound ရိုက်ဖို့ ပြောပါလိမ့်မယ်။
Painful intercourse (dyspareunia) (လိင်ဆက်ဆံချိန် နာကျင်ခြင်း ) ကို ဘယ်လိုကုသပါသလဲ
ဖြစ်ပွားစေတဲ့အကြောင်းရင်းကို အဓိကထားပြီး ကုသမှုပေးပါလိမ့်မယ်။ ဆေးသောက်ခြင်း၊ ဆွေးနွေးခြင်းများနဲ့ ကုသနိုင်ပါတယ်။
ပိုးဝင်တာကြောင့် ဖြစ်ခဲ့မယ်ဆိုရင် ဆေးသောက်ခြင်းနဲ့ ကုသလို့ရပါတယ်။
ပုံမှန်သောက်နေကျဆေးများကြောင့် မိန်းမကိုယ်ခြောက်သွေ့မှုကိုဖြစ်စေခဲ့မယ်ဆိုရင် ဆရာဝန်မှ အခြားဆေးပြောင်ပေးပါလိမ့်မယ်။
မိန်းမဟော်မုန်းကျခြင်းကြောင့် မိန်းမကိုယ်ခြောက်သွေ့ခဲ့မယ်ဆိုရင် ဟော်မုန်းလိမ်းဆေးသုံးလို့ရပါတယ်။ ၂၀၁၃ခုနှစ်မှာ အမေရိကန်ပြည်ထောင်စု အစားသောက်နဲ့ ဆေးဝါးကွပ်ကဲရေးမှ အတည်ပြုပေးခဲ့တဲ့ ospemifene ဆေး ကို သွေးဆုံးမှုကြောင့်ဖြစ်တဲ့ လိင်ဆက်ဆံချိန်နာကျင်ခြင်း (dyspareunia)ကို ကုသရာမှာ အသုံးပြုနိုင်ပါတယ်။ ၆၀ မီလီဂရမ် တစ်နေ့တစ်လုံးသောက်သုံးရပါမယ်။
ဘေးထွက်ဆိုးကျိုးအနေနဲ့တော့ မသိမသာမှ အသင့်အတင့် မျက်နှာပူရှိန်းရှိန်းဖြစ်ခြင်းကို ခံစားရပါမယ်။
မိန်းမကိုယ်ကြွက်သားကိုဖြေလျော့စေနိုင်မဲ့ နည်းလမ်းတွေဟာလမ်း နာကျင်မှုကို သက်သာစေပါမယ်။
စိတ်ဒဏ်ရာဖြစ်ခြင်း၊ လိင်အကြမ်းဖက်ခံရခြင်း နဲ့ အနာတရဖြစ်ခြင်းတို့ကြောင့် လိင်ဆက်ဆံချိန်နာကျင်ခြင်း (dyspareunia) ဖြစ်ခဲ့မယ်ဆိုရင် ဆွေးနွေးတိုင်ပင်တဲ့ နည်းလမ်းနဲ့ ကုသလို့ရပါတယ်။
စိတ်ဝေဒနာမရှိခဲ့ပေမဲ့ လိင်ဆက်ဆံချိန်နာကျင်ခြင်း (dyspareunia) ရှိတဲ့အမျိုးသမီးများဟာလည်း ဆွေးနွေးတိုင်ပင်မှုပြုခြင်းအားဖြင့် နာကျင်ခြင်းကြောင့်ဖြစ်လာတဲ့ စိတ်ခံစားမှုတွေကို ကိုင်တွယ်ဖြေရှင်းလာနိုင်ပါလိမ့်မယ်။ လိင်ဆက်ဆံစဉ်နာကျင်ကြောင့် အမျိုးသားနှင့် အမျိုးသမီးအကြား ပြသနာတွေရှိလာမယ်ဆိုရင် နှစ်ဦးလုံးနှင့် ဆွေးနွေးတိုင်ပင်မှုလုပ်လို့ရပါတယ်။
လူနေမှုဘဝပုံစံပြောင်းလဲခြင်းနှင့်အိမ်တွင်ဆေးနည်းများ
လိင်ဆက်ဆံချိန်နာကျင်ခြင်း (dyspareunia)
ကို ရင်ဆိုင်နိုင်စေဖို့ လူနေမှုဘဝပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းဆေးနည်းတွေက ဘာတွေလဲ။
အောက်ပါလူနေမှုဘဝပုံစံပြောင်းလဲခြင်းတွေနဲ့ အိမ်တွင်းဆေးနည်းတွေက လိင်ဆက်ဆံချိန်နာကျင်ခြင်း (dyspareunia) ကို
ရင်ဆိုင်နိုင်စေဖို့ ကူညီပေးပါလိမ့်မယ်။
- လိင်ဆက်ဆံသည်ပုံစံပြောင်းခြင်း – ထိုးသွင်းသည့် အချိန် စူးရှသော နာကျင်မှုဖြစ်လျှင် လိင်တံသည် သားအိမ်ခေါင်းကို ထိုးမိခြင်း ဒါမှမဟုတ် တင်ပဆုံကြွက်သားများကို ဖိမိခြင်းဖြစ်နိုင်ပါတယ်။ ဆက်ဆံမှုပုံစံပြောင်းလဲလိုက်ပါ။ အမျိုးသားပေါ်မှ အမျိုးသမီးဆက်ဆံခြင်းကို စမ်းကြည့်ပါ။ အမျိုးသမီးသည် အပေါ်မှနေပြီး ထိန်းချုပ်မှုရသောကြောင့် နေသာရုံအနက်ထိသာ ထိုးဝင်မှုကို ချိန်ညှိနိုင်ပါလိမ့်မယ်။
- စကားပြောပါ – ဘယ်လိုနေလျှင် ကောင်းသည် ဘယ်လိုနေလျှင် ဆိုးသည်ကို သင့်အဖော်နှင့် ပွင့်ပွင့်လင်းလင်းပြောပြပါ။ ဖြေးဖြေးနေမည်ပြောလျှင် လိုက်နာပေးပါ။
- မလောပါနဲ့ – အချိန်ကြာ နိုးဆွခြင်းဖြင့် သဘာဝချောမွေ့အရည်ထွက်ခြင်းကို ဖြစ်စေပါမယ်။ အပြည့်အဝနိုးဆွပြီးမှ ထိုးသွင်းခြင်းဖြင့်လည်း နာကျင်မှုကို လျော့ပါးစေပါမယ်။
- ချောဆီသုံးခြင်း – ချောဆီသုံးခြင်းဖြင့် ပိုပြီး သက်တောင့်သက်သာဖြစ်စေပါမယ်။ သင်နှင့် အသုံးတည့်မည့် တံဆိပ်မျိုးကိုရသည်ထိ စမ်းသုံးကြည့်ပါ။
သိချင်တာတွေရှိမယ်ဆိုရင် အကောင်းဆုံးဖြေရှင်းနည်းလမ်းတွေကို ပိုမိုနားလည်သိရှိစေနိုင်ရန်အတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။