brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

Sex Toys တွေကို အဆိပ်ဖြစ်စေတဲ့ တရားခံတွေ

အရင်ခေတ်တွေတုန်းက Sex Toys ဆိုတာတွေက သိပ် ခေတ်မစားလှပေမယ့် အခုနောက်ပိုင်းမှာတော့ Sex Toys တွေ ထုတ်လုပ်မှုတွေ များလာသလို အသုံးပြုသူတွေကလည်း များလာပါ။ ဒီလိုမျိုး Sex Toys တွေကို ထုတ်လုပ်တဲ့အခါ သုံးစွဲသူတွေ နှစ်သက်စေဖို့ အမျိုးမျိုးသော တီထွင်မှုတွေကို လုပ်ဆောင်ရင်း ထိတွေ့ခံစားမှုကောင်းစေဖို့အတွက် ဓာတုဗေဒပစ္စည်း အမျိုးမျိုးကို အသုံးပြုလာကြတာတွ ရှိပါတယ်။

Sex Toys တွေကို အဆိပ်ဖြစ်စေတဲ့ တရားခံတွေ

ဒီလို အသုံးပြုတဲ့ ဓာတုပစ္စည်းအချို့က ဓာတ်ခွဲစမ်းသပ်လိုက်တဲ့အခါ အဆိပ်အတောက် ဖြစ်စေနိုင်တာကို တွေ့ရှိခဲ့ရပါတယ်။ အခုနောက်ပိုင်း ထုတ်လုပ်မှုတွေမှာ အန္တရာယ်ဖြစ်စေတဲ့ ဓာတုပစ္စည်း ပါဝင်မှုတွေ လျော့ကျလာပြီဆိုပေမယ့် သတိထားနိုင်စေဖို့ ဖော်ပြပေးလိုက်ပါတယ်။ Sex Toys တွေကို အဆိပ်ဖြစ်စေတဲ့ တရားခံတွေ က ဘာတွေဖြစ်မလဲ ဆိုတာ နဲ့ ဘယ်လိုတွေ ထိခိုက်စေနိုင်လဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။

Sex Toys တွေကို အဆိပ်ဖြစ်စေတဲ့ တရားခံတွေ

Sex Toys တွေကို အဆိပ်ဖြစ်စေတဲ့ တရားခံတွေ က ဘာတွေဖြစ်မလဲဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။

# Phthalate

ဒီဓာတုပစ္စည်းတွေကို PVC၊ ရော်ဘာ နဲ့ အမျိုးမျိုးသော ပလပ်စတစ်တွေကို နူးညံ့စေဖို့ လုပ်ဆောင်ရာမှာ အသုံးပြုကြပါတယ်။ ဒီဓာတုပစ္စည်းတွေကို ပလပ်စတစ်နဲ့ လုပ်ထားတဲ့ပစ္စည်း တော်တော်များများမှာ တွေ့ရှိနိုင်ပါတယ်။ ဥပမာ – မီးဖိုချောင်သုံးပစ္စည်းတွေ၊ ပလပ်စတစ် ပုလင်းတွေ၊ ကားဒတ်ဘုတ်ခ်တို့မှာ တွေ့ရှိရနိုင်ပါတယ်။

ဒီဓာတုပစ္စည်းဖြစ်တဲ့ phthalates ကို ပမာဏ များစွာ ထိတွေ့မိတာက ကင်ဆာဖြစ်စေနိုင်သလို အမျိုးသားတွေမှာ သုက်ပိုးအရေအတွက် နည်းစေတာမျိုး ဖြစ်စေနိုင်ပါတယ်။ ဒါတင်လားဆိုတော့ မဟုတ်သေးပါဘူး။ ကျောက်ကပ်၊ အဆုတ်၊ အသည်း နဲ့ အစာခြေစနစ်ကို ထိခိုက်စေနိုင်ပါတယ်။

# Latex

Latex က ပုံမှန်အားဖြင့်တော့ အဆိပ်အတောက် မဖြစ်စေပါဘူး။ ဓာတ်မတည့်မှု ဖြစ်စေတာမျိုးတော့ ရှိပါတယ်။ ဒီဓာတုပစ္စည်း ဖြစ်တဲ့ latexက ပန်းနာရင်ကျပ်ဖြစ်တာ၊ နှင်းခူ စတာလိုမျိုး ကျန်းမာရေး ပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။ ဒါ့ပြင် latex က Sex Toys တွေ မှာပါတဲ့ အခြားဓာတုပစ္စည်းတွေနဲ့ ဓာတ်ပြုမိမယ်ဆိုရင် အဆိပ်အတောက် ဖြစ်စေနိုင်ပါတယ်။

#Bisphenol A (BPA)

Bisphenol A (BPA) ဆိုတာက ပလပ်စတစ်ထဲမှာ ပါဝင်နေတတ်တဲ့ ဓာတုပစ္စည်း တစ်မျိုးပါ။ ဆေးဝါးပစ္စည်းတွေမှာ အသုံးပြုကြတာ များပါတယ်။ အစားအစာ ထုပ်ပိုးတဲ့ ဗူးတွေ၊ ရေဗူးတွေမှာလည်း တွေ့ရနိုင်ပါတယ်။ ဒီ Bisphenol A (BPA) က

  • တက်စထရိုစတုန်း ပမာဏ ကျဆင်းစေတာ
  • ဟော်မုန်းတွေကို အနှောင့်အယှက် ဖြစ်စေတာ
  • သန္ဓေသား ဖွံ့ဖြိုးမှုကို အနှောင့်အယှက် ဖြစ်စေတာ
  • ဦးနှောက်နဲ့ အပြုအမူဆိုင်ရာ ပြဿနာတွေ ခံစားရတာ
  • ကင်ဆာ
  • အန်ဒရိုဂျင်ပမာဏ ကျဆင်းတာ
  • နှလုံးကျန်းမာရေး ပြဿနာ
  • ဆီးချို
  • အဝလွန်တာတွေ ခံစားရနိုင်ပါတယ်။

#Melamine

ဒီဓာတုပစ္စည်းကလည်း ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ Melamine ပါဝင်နေတဲ့ Sex Toys တွေ ကို ပါးစပ်ထဲထည့်တာ၊ ကိုယ်တွင်းကို ထိုးသွင်းတာတွေ လုပ်ဆောင်တာကြောင့် ထိခိုက်မှုတွေ ဖြစ်ရတာပါ။ ဒီဓာတုပစ္စည်းကြောင့် ခန္ဓာကိုယ်မှာ

  • ကျောက်ကပ်ပျက်စီးတာ
  • ဆီးကျန်နေတာ
  • သွေးတိုးတာ
  • ကျောက်ကပ် လုပ်ဆောင်နိုင်စွမ်း ထိခိုက်တာမျိုးတွေကို ဖြစ်စေနိုင်ပါတယ်။

#Glycerin

Glycerin က အရောင်မရှိပါဘူး။ ချိုတဲ့အရသာ ရှိတဲ့ အရည်တစ်မျိုးပါ။ ကွန်ဒုံးတွေမှာ တွေ့ရနိုင်သလို Sex Toys တွေ မှာလည်း တွေ့ရနိုင်ပါတယ်။ ပမာဏ နည်းနည်းဆို ထိခိုက်စေနိုင်တာမျိုး မရှိပေမယ့် ပမာဏများရင်တော့ မိန်းမကိုယ် ခြောက်သွေ့တာ၊ မှိုပိုးဝင်တာတွေ ဖြစ်စေနိုင်သလို လိင်ဆက်ဆံရာကနေတဆင့် ကူးစက်နိုင်တဲ့ရောဂါတွေ ခံစားရနိုင်ခြေ များပါတယ်။

#Parabens

Parabens က Sex Toys တွေ မှာပါတဲ့ နောက်ထပ် အန္တရာယ်ရှိစေနိုင်တဲ့ ဓာတုပစ္စည်း တစ်မျိုးပါ။ တာရှည်ခံစေဖို့ အသုံးပြုကြသလို ချောဆီအနေနဲ့ အသုံးပြုကြတာမျိုးလည်း ရှိပါတယ်။

ဒီ Parabens ကို အခြား petrochemicals တွေနဲ့ တွဲဖက် အသုံးပြုမိတဲ့အခါ

  • ရာသီစက်ဝန်း ထိခိုက်စေတာ
  • အမျိုးသမီးတွေရဲ့ မျိုးအောင်နိုင်စွမ်း ထိခိုက်စေတာ
  • အမျိုးသားတွေမှာ သုက်ပိုးထွက်ရှိမှု ထိခိုက်စေတာ
  • သိုင်းရွိုက်ဂလင်း လုပ်ဆောင်မှု ကမောက်ကမ ဖြစ်တာ
  • ကင်ဆာဆဲလ်တွေ ကြီးထွားစေတာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။

ဒီဓာတုပစ္စည်းတွေက ကျန်းမာရေးကို ထိခိုက်စေနိုင်တာကြောင့် Sex Toys တွေကို အသုံးပြုမယ်ဆိုရင် အခုပြောခဲ့တဲ့ ဓာတုပစ္စည်းတွေ ပါဝင်နေသလား ဆိုတာကို သေချာလေး ဆန်းစစ်ကြည့်ဖို့ လိုပါမယ်။ နည်းနည်းပါးပါး ပါတာက ပြဿနာမဟုတ်ပေမယ့် တားမြစ်ထားတဲ့ ပမာဏထက် ပိုပါနေမယ်ဆိုရင်တော့ ကျန်းမာ‌ရေး ထိခိုက်နိုင်ပါတယ်။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 23/05/2023 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။