backup og meta

လင်မယားတွေ ကုတင်ခွဲအိပ်ကြတာ ပုံမှန်ကိစ္စတစ်ခုပဲလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 09/03/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လင်မယားတွေ ကုတင်ခွဲအိပ်ကြတာ ပုံမှန်ကိစ္စတစ်ခုပဲလား

    လင်မယားတွေ ကုတင်ခွဲအိပ်ကြတာ ပုံမှန်ကိစ္စတစ်ခုပဲလား ….. ဒီကိစ္စမျိုးက အိမ်ထောင်သက်တမ်း ရင့်လာတဲ့ လင်မယားတွေမှာ မကြာခဏအတွေ့များတဲ့ ကိစ္စပါ။ ခင်ပွန်းနဲ့ ဇနီးဆိုတာ ခွဲမအိပ်ကောင်းဘူးဆိုပြီး ထင်တတ်ကြတဲ့ သူတွေလည်း အများကြီးပါပဲ။ တကယ်တော့ ဒါဟာ ပြဿနာလို့တောင် ခေါင်းစဉ်တပ်လို့ မရတဲ့ ပုံမှန်အခြေအနေတစ်ရပ်ပါပဲ။

    အိမ်ထောင် သက်တမ်းကြာလာမှ မဟုတ်ပါဘူး။ တခြားသော ကိစ္စ၊ အကြောင်းရင်းတွေကြောင့်လည်း ကုတင်ခွဲအိပ်တာမျိုးတွေ ရှိပါတယ်။ လူတွေထင်ထားကြသလို ကုတင်ခွဲအိပ်တာ အိမ်ထောင်ပျက်ဖို့ လမ်းစဆိုတာမျိုးတော့ လုံးဝမဟုတ်ပါဘူး။ အဓိကကတော့ ကာယကံရှင် ၂ဦးက အပြန်အလှန် ညှိနှိုင်းပြီး သဘောတူညီမှုရယူထားဖို့တော့ လိုတာပေါ့။

    လင်မယားတွေ ကုတင်ခွဲအိပ်ကြတာ ပုံမှန်ကိစ္စတစ်ခုပဲလား

    လင်မယားတွေ ကုတင်ခွဲအိပ်ကြတာ ပုံမှန်ကိစ္စတစ်ခုပဲလား ဆိုတော့ အခုလို အခြေအနေတွေကြောင့် ဖြစ်နိုင်ပါတယ်။

    ၁။ အလုပ်အကိုင်ကြောင့်

    ၂ဦးလုံး အလုပ်လုပ်နေတဲ့ အိမ်ထောင်တစ်ခုမှာ အမျိုးသားက ညတော်တော်နောက်ကျတဲ့အထိ အလုပ်လုပ်နေရပြီး အမျိုးသမီးက မနက်အစောကြီးထပြီး ချက်ပြုတ်ပြင်ဆင်ရ၊ အလုပ်သွားရတာမျိုးတွေ ရှိပါတယ်။ ဒီတော့ ကိုယ့်ရဲ့ တစ်နေ့တာအိပ်ချိန်မှာ ဘယ်လိုအနှောင့်အယှက်မျိုးမှ မရှိဘဲ ကောင်းကောင်းမွန်မွန် အိပ်စက်အနားယူဖို့ ဆုံးဖြတ်ချက်ချတဲ့အနေနဲ့ ကုတင်ခွဲအိပ်တတ်ကြပါတယ်။

    ၂။ ညဘက်မှာ ကောင်းစွာ အိပ်မပျော်နိုင်တာကြောင့်

    လင်မယား ၂ဦးမှာ တစ်ဦးက Insomnia လို့ ခေါ်တဲ့ ညဘက်ကောင်းကောင်း အိပ်မပျော်နိုင်တဲ့ ရောဂါ၊ အိပ်ပျော်ဖို့အတွက် အချိန်ယူရတာမျိုးတွေ၊ အိပ်ပျော်ဖို့ ခဲယဉ်းတဲ့ အခြေအနေမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒီတော့ ကိုယ်က ကောင်းကောင်းအိပ်ပျော်ဖို့အတွက် အားယူနေရတဲ့အချိန်မှာ ဘေးမှာ အိပ်နေတဲ့ ကိုယ့်အိမ်ထောင်ဖက်က ခဏခဏ လူးလိမ့်နေတာ၊ ဆီးထထသွားေနတာ၊ ဟောက်ေနတာမျိုးဆိုရင် ကြာရင် အဆင်ပြေမှာ မဟုတ်ပါဘူး။ ဒီအကြောင်းရင်းကြောင့်လည်း လင်မယားချင်း အခန်းခွဲအိပ်ဖို့ ဆုံးဖြတ်ချက်ချတာမျိုးတွေ ရှိပါတယ်။

    ၃။ ကလေးထပ်မယူချင်တော့တာ

    လင်မယားတွေအနေနဲ့ ကလေးထပ်မယူတော့ဖို့ ဆုံးဖြတ်လိုက်တာ၊ အိမ်ထောင်သက်တမ်း ကြာလာပြီးတဲ့နောက် လိင်မှုကိစ္စနဲ့ ပတ်သက်ပြီး တစ်ယောက် သို့မဟုတ် နှစ်ယောက်လုံးက သိပ်ပြီး စိတ်မပါတော့တာကြောင့်လည်း ကုတင်ခွဲအိပ်နိုင်ပါတယ်။

    ကုတင်ခွဲအိပ်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး စိုးရိမ်စရာရှိလား။ ရှိခဲ့ရင်ရော ဘယ်လိုဖြေရှင်းမလဲ။

    ကာယကံရှင် နှစ်ဦးလုံး သဘောတူ ညှိနှိုင်းထားပြီးသား ကိစ္စဖြစ်တဲ့အတွက် များသောအားဖြင့် စိတ်ပူစရာတော့ မရှိပါဘူး။ ဒါပေမဲ့ ဒီကုတင်ခွဲအိပ်တဲ့ ကိစ္စကြောင့် အိမ်ထောင်ရေး၊ မိသားစုမှာ ပြဿနာ၊ ရန်ဖြစ်စရာတွေ ကြုံလာပြီဆိုရင်တော့ သေချာပြန်စဉ်းစားကြည့်သင့်ပါတယ်။

    အိမ်ထောင်တစ်ခု သာယာဖို့ဆိုတာ နှစ်ဦးနှစ်ဖက်လုံး စိတ်ကျေနပ် ပျော်ရွှင်ဖို့ လိုအပ်သလို၊ ခင်ပွန်းနဲ့ ဇနီးအနေနဲ့လည်း အမြဲမဟုတ်ရင်တောင် တစ်ခါတလေတော့ ကြင်ကြင်နာနာ စကားပြောတာ၊ အတူဖက်ထားတာ၊ လက်ပွန်းတသီးနေတာမျိုးတွေ ရှိသင့်ပါတယ်။

    နောက်တစ်ခု သတိထားဖို့က ကုတင်ခွဲအိပ်ဖို့ ဆုံးဖြတ်ပြီးတဲ့တိုင်အောင် ရုံးပိတ်ရက်၊ အားလပ်ချိန်လေးမှာ တစ်ရက်တလေ ကိုယ့်ချစ်ရသူနဲ့ တစ်ကုတင်တည်း ပြန်ပြီး အိပ်ဖို့ပါ။ ညလုံးပေါက် မဟုတ်ရင်တောင် အချိန်အတိုင်းအတာ တစ်ခုလောက်အထိပေါ့။

    ဒီကုတင်ခွဲအိပ်တဲ့ ကိစ္စကြောင့် ကိုယ့်ရဲ့ စိတ်မှာ အထီးကျန်တဲ့ စိတ်တွေ ဖြစ်လာတာ၊ ချစ်ရသူနဲ့ စိတ်ချင်းဝေးသွားသလို ခံစားနေရတာ၊ ဒါမှမဟုတ် တခြား စိတ်မကျေနပ်စရာ ကိစ္စတစ်စုံတစ်ရာ ရှိလာခဲ့ရင်လည်း ဒီအတိုင်း မြိုသိပ်ထားတာထက် ကိုယ့်ရဲ့ အိမ်ထောင်ဖက်ကို ပွင့်ပွင့်လင်းလင်း ဖွင့်ပြောပြသင့်ပါတယ်။ ဒါမှပဲ ပြဿနာမီး ငြိမ်းအေးဖို့ ၂ဦးသား အဖြေတစ်ခုကို ရှာနိုင်မှာပေါ့။ လုံးဝအဖြေရှာလို့ မရဘူးဆိုရင်လည်း ကျွမ်းကျင်တဲ့ အိမ်ထောင်ရေးဆိုင်ရာ အတိုင်ပင်ခံတွေ ဒါမှမဟုတ် စိတ်ကုထုံးပညာရှင်တွေနဲ့ သေချာတိုင်ပင်ကြည့်လို့ ရပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 09/03/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement