backup og meta

မိန်းမကိုယ်ထဲ ကွန်ဒုံးကျန်နေခဲ့ရင် ဘယ်လိုလုပ်မလဲ

ဆန်းဆန်းပြားပြား မတော်တဆမှုတွေထဲမှာ ဒီကိစ္စဟာလည်း စုံတွဲတွေကြားမှာ တော်တော်လေး အဖြစ်များတယ်လို့ ဆိုရမှာပါ။ ကွန်ဒုံး ကိုယ်တိုင်က အမျိုးသမီးတွေအတွက် ပြဿနာမရှိပေမဲ့ သူ့ထဲမှာ သိုလှောင်ထားတဲ့ သုက်ရည်တွေက အဓိကပြဿနာပါ။ ဒီသုက်ရည်ကြောင့် မလိုလားအပ်တဲ့ ကိုယ်ဝန်တွေ၊ လိင်မှတစ်ဆင့် ရောဂါတွေ ကူးစက်နိုင်တာကိုး။ ဒီလိုအခြေအနေမျိုးနဲ့ ကြုံလာခဲ့ရင် ပျာယာမခတ်ဘဲ ဘယ်လိုဖြေရှင်းမလဲဆိုတာကို ဒီနေ့ဆောင်းပါးမှာ ပြောပြပေးချင်ပါတယ်။ ကဲ …… မိန်းမကိုယ်ထဲ ကွန်ဒုံးကျန်နေခဲ့ရင် ဘယ်လိုလုပ်မလဲ ဆိုတာ ​ကြည့်လိုက်ရအောင်နော်။

မိန်းမကိုယ်ထဲ ကွန်ဒုံးကျန်နေခဲ့ရင် ဘယ်လိုလုပ်မလဲ

မိန်းမကိုယ်ထဲ ကွန်ဒုံးကျန်နေခဲ့ရင် ဘယ်လိုလုပ်မလဲ ဆိုတော့

အရင်ဆုံး ပြဿနာကို ဖြေရှင်းမယ်။

၁။ မိန်းမကိုယ်ထဲ လက်ချောင်းအရင်ထည့်ကြည့်ပြီး ကွန်ဒုံး ကျန်နေလားဆိုတာကို စမ်းပါ။

၂။ ကွန်ဒုံးက အထဲသိပ်မရောက်နေဘူးဆိုရင် ကိုယ်တိုင် လက်မ၊ လက်ညှိုးနဲ့ ညှပ်ပြီး ဆွဲထုတ်လို့ ရမှာပါ။

၃။ ဆွဲထုတ်လိုက်တဲ့အခါ ကွန်ဒုံးက ပေါက်ပြဲနေတာမျိုး ရှိ၊ မရှိ အရင်စစ်ကြည့်ပါ။

၄။ ကွန်ဒုံးကို လုံးဝထုတ်ပြီးသွားတဲ့အခါမှသာ မိန်းမကိုယ်ကို သေချာဆေးကြောပါ။

၅။ ကိုယ်က လက်နဲ့ ဆွဲထုတ်လို့မရဘူး၊ ဒါမှမဟုတ် ကွန်ဒုံး အစအနလေးတွေ အထဲမှာ ကျန်နေခဲ့တယ်ဆိုရင်တော့ ဆေးရုံကို သွားပြီး ဆရာဝန်ရဲ့ အကူအညီနဲ့ ထုတ်ဖို့ ကြိုးစားပါ။

၆။ ကိုယ့်ဘာသာ ထုတ်လို့ရခဲ့ရင်တောင် ကွန်ဒုံးထဲမှာ ရှိနေတဲ့ သုက်ရည်တွေဟာ ဖိတ်ကျနိုင်တဲ့အတွက် ကိုယ်ဝန်တွေ မရအောင် ကာကွယ်ချင်တယ်ဆိုရင် လိင်ဆက်ဆံပြီး ၇၂နာရီအတွင်း အရေးပေါ်သန္ဓေတားဆေး အမြန်သောက်ပါ။

၇။ ၃လပြည့်တဲ့အချိန်မှာ လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေ ရှိ၊ မရှိကို ဆေးခန်းမှာ သွေးဖောက်စစ်ဆေးကြည့်ပါ။

နောက်ကို ဒီလိုမဖြစ်အောင် ကာကွယ်ကြမယ်။

၁။ ကွန်ဒုံး ကျွတ်ကျန်ခဲ့တဲ့ အကြောင်းရင်းတွေထဲမှာ အမျိုးသားတွေက ကိုယ့်ပစ္စည်းအရွယ်နဲ့ မကိုက်တဲ့ ကွန်ဒုံးဆိုဒ် အကြီးတွေ ဝယ်တာကြောင့်လည်း ပါပါတယ်။ ဒါကြောင့် အမျိုးသားတွေအနေနဲ့ ကိုယ်က ဘယ်အရွယ်နဲ့ အနေတော်ဖြစ်မလဲဆိုတာကို ဆက်ဆံခြင်းမပြုခင် ကိုယ်တိုင်စွပ်ပြီး စမ်းကြည့်ပါ။

၂။ ကွန်ဒုံးကို ကျကျနန ဝတ်ဆင်ပါ။ ကွန်ဒုံးက ကိုယ်နဲ့ မတော်လို့ဖြစ်ဖြစ်၊ ကိုယ်က မစွပ်တတ် စွပ်တတ်နဲ့ စွပ်ချလိုက်တဲ့အခါ အလယ်မှာ ရောက်နေပြီး ဆက်ဆံပြီးချိန်မှာရော ဆက်ဆံနေတဲ့အချိန်မှာပါ ကျွတ်ထွက်ဖို့ အရမ်းလွယ်ပါတယ်။

၃။ ကွန်ဒုံးကို လိင်တံ အရင်းနား ရောက်တဲ့အထိ ဆွဲပါ။ ကွန်ဒုံးက အလယ်ထိပဲ ဆွဲချလို့ရတယ်ဆိုရင် အမျိုးသားရဲ့ ငယ်ပါနဲ့ ဆိုဒ်မတော်တာ သေချာပါပြီ။ ပတ်လည်မှာ လေခိုနေတာမျိုး မရှိပါစေနဲ့။

၄။ ဆက်ဆံပြီးလို့ ကွန်ဒုံးကို ချွတ်တော့မယ်ဆိုရင် အရင်းနားမှာ ရှိနေတဲ့ ကွန်ဒုံး အစကို သေချာ ဖိထိန်းပြီးမှ ဆွဲချွတ်ပါ။ ထောင်မတ်နေတဲ့ အချိန်မှာ ချွတ်ပါ။ ပျော့သွားတဲ့ အချိန်ထိ မစောင့်ပါနဲ့။

၅။ အမှိုက်ပုံးထဲမှာ ကွန်ဒုံးနဲ့ သူ့ထဲမှာ ပါနေတဲ့ သုက်ရည်တွေ အကုန် သေချာစွန့်ပစ်ပါ။ အပြင်ကို ဖိတ်မကျစေဖို့ သေချာဂရုစိုက်ပါ။

မတော်တဆမှု ဆိုတာ မဖြစ်ခင်က ကြိုတင်ကာကွယ်တာ အကောင်းဆုံးမို့ အမျိုးသားရော၊ အမျိုးသမီးတွေပါ ဒီအချက်တွေ သိထားဖို့ လိုမယ်နော်။

[embed-health-tool-ovulation]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

What To Do If Condom Is Stuck Inside Vagina –https://www.cosmopolitan.com/sex-love/advice/a306/stuck-inside-me/ (June 11, 2019)

Methods To Pull Out Condom Inside Vagina –https://kidshealth.org/en/teens/lost-condom.html?WT.ac=ctg (June 11, 2019)

ယခုပုံစံ

17/10/2022

Ye Myo Myat မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကွန်ဒုံးသုံးပြီး အထိရောက်ဆုံးကိုယ်ဝန်တားပါ

လိင်ဆက်ဆံတိုင်း ကွန်ဒုံးကို အသုံးပြုပါ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Ye Myo Myat မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 17/10/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။