အန္တရာယ်ကင်းပြီး စိတ်ချရတဲ့ လိင်ဆက်ဆံခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date စက်တင်ဘာ 21, 2020 . 2 mins read
Share now

အန္တရာယ်ကင်းပြီး စိတ်ချရတဲ့ လိင်ဆက်ဆံခြင်း

အန္တရာယ်ကင်းပြီးစိတ်ချရတဲ့ လိင်ဆက်ဆံခြင်းဆိုတာ….လိင်ဆက်ဆံမှုပြုလုပ်ပေမယ့် သင်နဲ့သင့်အဖော်ကိုလဲကာကွယ်နေသလို၊ တစ်ပြိုင်နက်တည်းမှာပဲ ….လိင်ကတဆင့်ကူးစက်နိုင်တဲ့ရောဂါတွေနဲ့ မလိုချင်ဘဲကိုယ်ဝန်ရတာတွေကို ကာကွယ်တာလဲ ဟုတ်ပါတယ်။ တစ်နည်းအားဖြင့်ပြောရရင် တစ်ယောက်နဲ့တစ်ယောက် သုက်ရည်၊ မိန်းမကိုယ်ကထွက်တဲ့အရည်နဲ့ သွေးတွေကိုရောယှက်ခြင်း မရှိတဲ့ လိင်ဆက်ဆံခြင်းပါပဲ။ စိတ်မချရတဲ့လိင်ဆက်ဆံခြင်းကတော့…. သင်နဲ့သင့်ရဲ့ အဖော်ကို ကာလသားရောဂါလို HIV လို အသည်းရောင်အသားဝါ ဘီပိုး စီပိုးလို ဆီးပူညောင်းကျလို ရောဂါတွေ ကူးစက်စေနိုင်ရုံသာမက မလိုချင်တဲ့ ကိုယ်ဝန်ပါ ရနိုင်ပါတယ်။

စိတ်ချရတဲ့ လိင်ဆက်ဆံခြင်းနဲ့ ကွန်ဒုံး

ကွန်ဒုံးတွေဟာ မှန်မှန်ကန်ကန်သာ အသုံးပြုမယ်ဆိုရင် လိင်ဆက်ဆံဖော်ကြား သုက်ရည်၊ သွေးနဲ့ မိန်းမကိုယ်ကထွက်တဲ့ အရည်တွေကို မရောသွားအောင် နဲ့ ရောဂါပိုးတွေ ကူးစက်တာကို တားပေးနိုင်တဲ့ အကောင်းဆုံးအကာအကွယ် ပစ္စည်းပါပဲ။ ကွန်ဒုံးတွေကို အသုံးပြုမယ်ဆိုရင် သင့်အနေနဲ့ ဒါတွေကို သိထားဖို့လိုပါတယ်။

  • အမျိုးသားသုံးကွန်ဒုံးဟာ ရာဘာနဲ့လုပ်ထားတာဖြစ်ပြီး ပုံစံအမျိုးမျိုးအရွယ်အစားအမျိုးမျိုးရနိုင်ပါတယ်။ နှစ်ထပ်စွပ်ခြင်းဟာ လုံးဝမလုပ်သင့်တဲ့အရာတစ်ခုဖြစ်ပြီး တကယ်လို့ သင့်အနေနဲ့ လိင်ဆက်ဆံချိန် အရမ်းကြာလာရင်တော့ နောက်တစ်ခုကို လဲသင့်ပါတယ်။
  • အမျိုးသမီးသုံး ကွန်ဒုံးတွေကိုတော့ အရွယ်အစားတစ်မျိုးတည်း ပြုလုပ်လေ့ရှိပြီး လူတိုင်းနဲ့တော်ပါတယ်။
  • တကယ်လို့ သင့်အနေနဲ့ ထိုးသွင်းတဲ့လိင်ဆက်ဆံခြင်းမျိုးကို ဆောင်ရွက်မယ်ဆိုရင် ကွန်ဒုံးကို သုံးသင့်ပြီး လက်နဲ့လိင် ဆက်ဆံမယ် မိန်းမကိုယ် ဒါမှမဟုတ် စအိုထဲကို လက်နဲ့ထိုးသွင်းမယ်ဆိုရင်တော့ ရာဘာလက်အိတ်တွေကို သုံးသင့်ပါတယ်။ ပါးစပ်နဲ့ လိင်ဆက်ဆံခြင်းအတွက်လဲ dental gum လို့ခေါ်တဲ့ အကာအကွယ်ကို သုံးသင့်ပါတယ်။ Dental gum က အလွယ်တကူမရနိုင်ရင် ပါးစပ်နဲ့လိင်ဆက်ဆံခြင်းကို ရှောင်ကြဉ်တာက သင့်အတွက် အန္တရာယ်အကင်းဆုံးဖြစ်မှာပါ။
  • စိတ်ချရတဲ့ လိင်ဆက်ဆံမှုအတွက် ကွန်ဒုံးကို လိင်ဆက်ဆံမှု အစကနေ အဆုံးအထိ သုံးရမှာပါ။
  • ချောဆီသုတ်လိမ်းထားတဲ့ ကွန်ဒုံးအသစ်ကို သုံးရပါမယ်။ ဘူးခွံပေါ်က သက်တမ်းကုန်ဆုံးရက်ကို ကြည့်ရမှာဖြစ်သလို လက်သည်းတွေ လက်ဝတ်ရတနာတွေ သွားတွေကြောင့် အပေါက်အပြဲရှိနေမနေလည်း သေချာစစ်ဆေးရမှာပါ။
  • တကယ်လို့ ကွန်ဒုံးမှာပါတဲ့ ချောဆီတင်မက အပိုချောဆီထပ်လိုတယ်ဆိုရင် K Y Jelly လို ရေဓာတ်ကို အခြေခံတဲ့ ချောဆီကိုသာ သုံးပါ။ ရေဓာတ်အခြေမခံတဲ့ ချောဆီဆိုရင် ကွန်ဒုံးပေါက်နိုင်လို့ပါ။

အန္တရာယ်ကင်းပြီး စိတ်ချရတဲ့ လိင်ဆက်ဆံခြင်းအတွက် တခြားလိုက်နာရမယ့် အချက်များ

(၁) လိင်ဆက်ဆံဖော် တစ်ယောက်ပဲထားပါ။ သင်တို့နှစ်ယောက်လုံးမှာ လိင်ကတဆင့်ကူးစက်နိုင်တဲ့ရောဂါကင်းတယ်ဆိုရင် သင့်လိင်ဆက်ဆံခြင်းက အန္တရာယ်ကင်းနေမှာပါ။ သင့်မှာ လိင်ဆက်ဆံဖော်အသစ်ရှိတော့မယ်ဆိုရင် ဘီပိုး၊ စီပိုး၊ HIV ပိုးနဲ့ ကာလသားရောဂါ ကင်းမကင်းစစ်ဆေးပြီး ရှိရင်ကုသပါ။ ကုသသူ ဆရာဝန်က ကုသမှုပြီးဆုံးပြီး လိင်ဆက်ဆံမှုလုပ်လို့ပြီဆိုမှသာ လိင်ဆက်ဆံခြင်းကို စတင်ပါ။

(၂) သင့်ရဲ့လိင်ဆက်ဆံဖက်နဲ့ ရင်းနှီးပွင့်လင်းစွာ ဆက်နွယ်ပြီး သင်က ဘယ်လိုအရာကိုပိုကြိုက်တယ်၊ သူကဘယ်လိုဆက်ဆံမှုမျိုးကို ပိုနှစ်သက်တယ်ဆိုတာကို ဆွေးနွေးတိုင်ပင်ပြီး နေထိုင်ပါ။ တစ်ယောက်နဲ့တစ်ယောက် လေးစားမှုရှိပါစေ။

(၃) အရက်နဲ့ မူးယစ်ဆေးဝါးတွေဟာ သင့်ရဲ့မှန်ကန်စွာ ဆုံးဖြတ်နိုင်စွမ်းကို ကျဆင်းစေပါတယ်။ လုပ်ပြီးနောင်ကျရင် ပြန်နောင်တရမယ့် လိင်ဆက်ဆံခြင်းမျိုး ဒါမှမဟုတ် အတင်းအကျပ်တိုက်တွန်းခံရတဲ့ လိင်ဆက်ဆံခြင်းမျိုးမဖြစ်အောင် သင့်ကိုယ်သင် အမြဲကာကွယ်ပါ။ နောင်တရနေပြီဆိုရင် ချက်ချင်းရုန်းထွက်ပါ။

(၄) ကိုယ်ဝန်မရဖို့အတွက်ဆိုရင်တော့ လိုအပ်လာရင် တခြားနည်းလမ်းတွေဖြစ်တဲ့ တားဆေးသုံးတာမျိုးကိုလည်း လုပ်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

Sex education ကို ဘာကြောင့် သင်ပေးရတာလဲ။

Sex education လိင်ပညာပေး relationships မျိုးပွားခြင်း သန္ဓေတားနည်း ကွန်ဒုံး HIV ရာသီလာ ကိုယ်ဝန် အိမ်တွင်းအကြမ်းဖက်မှု လိင်မှတစ်ဆင့်ကူးစက်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win

ကျောင်းတွေမှာ ဘာလို့ sex education သင်ပေးသင့်တာလဲ။

sex education လိင်ပညာပေး လိင်ဆက်ဆံနည်း မုဒိန်းမှု လိင်ကတစ်ဆင့်မြီးကောင်ပေါက် အန္တရာယ်ကင်း ကွန်ဒုံး တားဆေး ကိုယ်ဝန် ကူးစက်ရောဂါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win

လိင်တူ၊ လိင်ကွဲ ၂မျိုးလုံးကို စိတ်ဝင်စားခြင်း (Bisexuality)

လိင်တူ လိင်ကွဲ ယောက်ျား မိန်းမ လိင်စိတ် လိင်စိတ်တိမ်းညွှတ်မှု လိင်ဆက်ဆံခြင်း လိင်ပညာပေး လူနေမှုဘဝ အမူအကျင့် စိတ်ဓာတ် အိမ်ထောင်ရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat

အာသာဖြေဖို့ပဲ ချောင်းနေတဲ့ဘော်ဒါတွေ ကိုယ့်စိတ်ကို ထိန်းချုပ်ဖို့လိုအပ်နေပြီလား

အာသာဖြေဖို့ပဲ ချောင်းနေတဲ့ဘော်ဒါတွေ ကိုယ့်စိတ်ကို ထိန်းချုပ်ဖို့လိုအပ်နေပြီလား....... အဖြေကို သိချင်တယ်ဆိုရင်တော့ ဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat

သင့်အတွက် ရွေးချယ်ထားသည်

အမျိုးသမီး များ အသက်အရွယ်တိုင်းမှာ ကျန်းမာနေစေဖို့

အမျိုးသမီး များ အသက်အရွယ်တိုင်းမှာ ကျန်းမာနေစေဖို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 11, 2020 . 3 mins read

ကလေးများ အသက်အရွယ်အလိုက် လိင်ပညာပေး သင်ကြားနည်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဩဂုတ် 12, 2020 . 3 mins read

လိင်ပညာပေး နဲ့ ပတ်သတ်ပြီး သင်သိထားတာတွေ မှန်ရဲ့လား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဇွန် 1, 2020 . 3 mins read
လိင်ပညာပေး သင်ကြားရာမှာ ကြုံလာနိုင်တဲ့ အခက်အခဲများ

လိင်ပညာပေး သင်ကြားရာမှာ ကြုံလာနိုင်တဲ့ အခက်အခဲများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် မေ 29, 2020 . 2 mins read