backup og meta

လိင်ဆက်ဆံတိုင်း ကွန်ဒုံးကို အသုံးပြုပါ

လိင်မှုကိစ္စဆိုတာ ရှက်စရာ ရွံ့စရာ ကိစ္စတစ်ခု မဟုတ်ပါဘူး။ အိပ်၊ စား၊ ကာမ ၃မျိုးလုံးဟာ လူသားတွေရဲ့ နေ့စဉ်ဘဝအတွက် မရှိမဖြစ် အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေပါတယ်။ လိင်မှုကိစ္စနဲ့ ပတ်သက်လာရင် ကွန်ဒုံးကိုလည်း မေ့ထားလို့ မဖြစ်ဘူးနော်။ လိင်ဆက်ဆံတိုင်း ကွန်ဒုံးကို အသုံးပြုပါ လို့ ပြောပြောနေကြတာ ရှိတယ်မလား။

ဒါပေမဲ့ လူတော်တော်များများက ကွန်ဒုံးဝယ်ရမှာကို ရှက်ရွံ့ကြတယ်။ လိင်မှုကိစ္စအကြောင်း ပြောတော့မယ်ဆိုရင် ဟာသ တစ်ခုလို မြင်တတ်တယ်။ အပြစ်ကြီး တစ်ခုလုပ်သလို စိတ်ထဲမှာ ခံစားရတယ်။ ဒါဟာလည်း ပတ်ဝန်းကျင်၊ ဘာသာရေးအယူအဆတွေရဲ့ ရိုက်ခတ်မှုကြောင့်လည်း ဖြစ်မှာပါ။

လိင်ဆက်ဆံတိုင်း ကွန်ဒုံးကို အသုံးပြုပါ

လူတော်တော်များများက လိင်ဆက်ဆံတဲ့အချိန်မှာ ကွန်ဒုံးကို မသုံးတတ်ကြဘူး။ တချို့ကလည်း မေ့သွားလို့၊ တချို့ကလည်း ကွန်ဒုံးသုံးရတာ မကြိုက်လို့ အစရှိတဲ့ အကြောင်းပြချက် မျိုးစုံပါပဲ။ တကယ်ကတော့ လိင်ဆက်ဆံတိုင်း ကွန်ဒုံးကို အသုံးပြု သင့်ပါတယ်။  ဒီဆောင်းပါးမှာတော့ ကွန်ဒုံးရဲ့ အရေးပါပုံနဲ့ လိင်ဆက်ဆံတိုင်း ဘာကြောင့် ကွန်ဒုံးကို အသုံးပြုသင့်လဲဆိုတာ ပြောပြပေးချင်ပါတယ်။

၁။ လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေကို ထိရောက်စွာ ကာကွယ်နိုင်တယ်။

ကာလသားရောဂါ၊ ဆီးပူညောင်းကျရောဂါ၊ ဘီပိုး၊  HIV ရောဂါပိုး မကူးစက်စေဖို့ အထိရောက်ဆုံး ကာကွယ်ပေးနိုင်တဲ့ နည်းလမ်းကတော့ ကွန်ဒုံးကို စနစ်တကျ အသုံးပြုတာပါပဲ။ လိင်တူ၊ လိင်ကွဲ ဆက်ဆံရင်ဖြစ်စေ၊ ပါးစပ်နဲ့ ဖြစ်စေ၊ မိန်းမကိုယ်၊ စအိုနဲ့ လိင်ဆက်ဆံတာဖြစ်စေ ကွန်ဒုံးကို အသုံးပြုပေးဖို့ အလွန်အရေးကြီးပါတယ်။

၂။ သန္ဓေတားဖို့ အထောက်အကူပေးနိုင်တယ်။

ကွန်ဒုံးဟာ လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေသာမက မလိုအပ်ဘဲ ကိုယ်ဝန်ရသွားမှာကိုလည်း တားဆီးပေးနိုင်ပါတယ်။ သန္ဓေတားဆေးတွေဟာ ကိုယ်ဝန်မရအောင် တားပေးနိုင်ပေမယ့် လိင်ကနေတဆင့် ကူးစက်ရောဂါတွေကို မကာကွယ်ပေးနိုင်ပါဘူး။ ဒါကြောင့် ကွန်ဒုံးကိုလည်း လိင်ဆက်ဆံတိုင်းမှာ အသုံးပြုပါ။

၃။ ကွန်ဒုံးမှာ ဘေးထွက်ဆိုးကျိုး မရှိသလောက်နည်းပါတယ်။

သန္ဓေတားဆေးနဲ့ ယှဉ်လိုက်တဲ့အခါမှာ ကွန်ဒုံးတွေမှာ ဘေးထွက်ဆိုးကျိုး ဖြစ်တာမျိုး မတွေ့ရပါဘူး။ ရာဘာ (latex) နဲ့ ဓာတ်မတည့်တဲ့ လူနည်းစုမှာသာ အသုံးပြုချိန် ယားယံတာမျိုး ဖြစ်တတ်တာပါ။ ဒီအခါမှာ latex မပါဝင်တဲ့ ကွန်ဒုံးအမျိုးအစားကို ရှာဝယ်ပြီး အသုံးပြုနိုင်ပါတယ်။

၄။ ကွန်ဒုံးအများစုက ဈေးသက်သာပါတယ်။

ဆေးတွေထက်စာရင် ကွန်ဒုံးဟာ အလွယ်တကူ ဝယ်ယူလို့ ရတဲ့အပြင် ကုန်ကျစရိတ်လည်း နည်းပါးပါတယ်။

၅။ ကွန်ဒုံးတွေကို စတိုးဆိုင်တွေမှာ အလွယ်တကူ ရနိုင်ပါတယ်။

ဆရာဝန်နဲ့ ပြသစရာမလို၊ ဆေးအညွှန်းတွေ၊ ဘေးထွက်ဆိုးကျိုးတွေကိုလည်း ပူစရာ မလို၊ ဆေးဆိုင် ဒါမှမဟုတ် စတိုးဆိုင်တွေမှာ ကွန်ဒုံးတွေကို ဈေးသက်သက်သာသာနဲ့ ရနိုင်ပါတယ်။ ကွန်ဒုံးဝယ်ယူတဲ့အခါမှာ သက်တမ်းကုန်ဆုံးတဲ့ နေ့ရက်ကို သတိထားပြီး ကြည့်ဖို့တော့ လိုအပ်ပါတယ်။ သက်တမ်းလွန်နေတဲ့ ကွန်ဒုံးတွေဟာ ပေါက်ပြဲနိုင်တဲ့အပြင် ရောဂါပိုးတွေကိုလည်း ကူးစက်နိုင်ခြေ ပိုမြင့်စေတာကြောင့်ပါ။

၆။ သယ်ယူရ လွယ်ကူပါတယ်။

အထုပ်ကလေးတွေနဲ့ သေချာထုတ်ပိုးပြီး ထည့်ထားတာဖြစ်တယ်။ အလွယ်တကူ အသုံးပြုလို့ ရတယ်။ ခရီးသွားရင်လည်း အိတ်ဆောင်အနေနဲ့ ထည့်သွားလို့ လွယ်ကူပြီး ဝန်ထုပ်ဝန်ပိုး မဖြစ်စေပါဘူး။

[embed-health-tool-ovulation]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ref:

Benefits Of Using Condoms –https://www.plannedparenthood.org/learn/birth-control/condom/what-are-the-benefits-of-condoms

Accessed Dec 13, 2018.

Why Should We Use Condoms –https://medium.com/healthtap/5-unique-benefits-of-condom-use-60bf44c1ec8

Accessed Dec 13, 2018.

 

ယခုပုံစံ

14/02/2024

Ye Myo Myat မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကွန်ဒုံး ကို ပါးစပ်နဲ့လိင်ဆက်ဆံချိန် အသုံးပြုဖို့ လိုလား

ကွန်ဒုံးအသုံးပြုစဉ် မှားတတ်တဲ့အမှားငါးခု


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Ye Myo Myat မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 14/02/2024 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။