backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

မုဒိန်းမှုမှဖြစ်သည့် ရုပ်ပိုင်း စိတ်ပိုင်း သက်ရောက်မှုများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Phyo Wai Yan မှ ရေးသားသည်။ · 10/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

မုဒိန်းမှုမှဖြစ်သည့် ရုပ်ပိုင်း စိတ်ပိုင်း သက်ရောက်မှုများ

မုဒိန်းမှု (rape case)ဟာ များပြားတဲ့ ရုပ်ပိုင်း စိတ်ပိုင်း သက်ရောက်မှတွေဖြစ်စေတဲ့အတွက်ရာဇဝတ်မှုမြောက်ပါတယ်။ ဒီကိစ္စက လူတစ်ယောက်ဘဝကို ဘယ်လိုထိခိုက်စေလဲဆိုတာ ကြည့်လိုက်ရအောင်။

ရုပ်ပိုင်းဆိုင်ရာ သက်ရောက်မှုများ

မုဒိန်းမှုတွေမှာ သားကောင်ဖြစ်ရသူတွေဟာ ကျူးလွန်သူ တွေရဲ့ လိင်ပိုင်းအနိုင်ကျင့်မှုကြောင့် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေရှိနိုင်ပါတယ်။ အနိုင်အထက် ပြုခံရသူဟာ ဆေးကုသမှုတွေလည်း လိုအပ်ပါလိမ့်မယ်။ ဒီလိုဟာတွေဟာ အများအားဖြင့် ဘယ်ချိန်မှာ တွ့ရသလဲဆိုရင် :

– သားကောင်ဖြစ်ရသူဟာ နာကျင်နိင်လောက်တဲ့ ထိုးသွင်းမှုတွေခံရနိုင်ပြီး ဒီလိုနာကျင်မှုကို ဖြစ်နေဆဲသာမက ဖြစ်ပြီးချိန်မှာပါ ခံစားရပါတယ်။

– သားကောင်ဖြစ်ရသူဟာ ဆီးလမ်းကြောင်း ပိုးဝင်မှုတွေရှိပါတယ်။

– ပြီးတော့ ကိုယ်ဝန်လည်း ရသွားနိုင်ပြီး အများစုကဒီအဖြစ်ဆိုးကို သတိရစေတဲ့ကလေးဖြစ်သူကို မလိုချင်ကြပါဘူး။

– လိင်ကတစ်ဆင့်ကူးစက်တဲ့ရောဂါတွေ ဥပမာ HIV, ဆီးပူညောင်းကျ, chlamydia , အသည်းရောင် ဘီပိုး စတာတွေကူးနိုင်ပါသေးတယ်။

– အပြုခံရသူဟာ လမ်းမလျောက်နိုင်တာ အရိုးကျိုးတာတွေ ဖြစ်တတ်ပါတယ်။

စိတ်ပိုင်းဆိုင်ရာပြသနာများ

မုဒိန်းမှု ဖြစ်ပြီးချိန်မှာ သားကောင်ဟာ ကျန်းမာရေးနဲ့ စိတ်ပိုင်းမှာ အတော်ပျက်စီးတတ်ပါတယ်။

အပြစ်ရှိသလိုခံစားရခြင်း နဲ့ ရှက်ကြောက်ခြင်း

လူမှုအသိုင်းအဝိုင်းက ဘာမှမလုပ်တဲ့ သားကောင်ဖြစ်သူကိုပဲအပြစ်တင်ဖို့စဉ်းစားကြတဲ့အတွက် သူတို့စိတ်မှာမသက်မသာနဲ့အပြစ်ရှိတာတွေ ခံစားရပါတယ်။ ဒါ့အပြင် ခံရသူက မုဒိန်းကောင်ကိုဆွဲဆောင်တာကြောင့်ဖြစ်ရတာလို့ပါ တွေးလေ့ရှိကြပါသေးတယ်။

ရှက်နေတာကြောင့် ပြုကျင့်ခံရသူကအသံတိတ်နေရတဲ့ ကိစ္စတွေလည်းရှိပါတယ်။ အပြုကျင့်ခံရသူဟာ သူ့ဖြစ်ပုံကိုတာဝန်ရှိသူတွေသိအောင်မပြောတာကြောင့်

မုဒိန်းကောင်ဟာ ပြစ်ဒဏ်မခံရပဲ ဆက်ကျူ းလွန်နိုင်ပါတယ်။

ထိန်းချုပ်မှု လွတ်ခြင်း

ဒီလိုကိစ္စမျိုးုဖြစ်ပြီးရင် သားကောင်ဖြစ်သူဟာ မိမိကိုယ်ကို ယုံကြည်မှုပျောက်သွားတတ်ပါတယ်။ သူတို့ဟာ ဒီလို မုဒိမ်းမှု ဖြစ်တဲ့ထိကိုယ့်ကိုကိုမကာကွယ်နိင်, အစွမ်းမရှိ, အသုံးမကျတဲ့ လူတစ်ယောက်လို့ထင်လာတယ်။ ပြီးတော့ သူတို့ခံစားချက်တွေကို မထိန်းချုပ်နိုင် အပြုအမူတွေလည်းပျက်စီးပြီး ရှော့ရတတ်ပါတယ်။

ကြောက်ရွံ့ခြင်း

ပြုကျင့်ခံရသူဟာ ကျူ းလွန်တဲ့သူနောက်တစ်ခေါက်လာပြီး မတော်တရားလုပ်ဦးမယ်လို့တွေးကြောက်တတ်ပါတယ်။ ဒါ့အပြင်ဒီဖြစ်ရပ်ကို သူများတွေသိတဲ့အခါ အထင်သေးတဲ့မျက်လုံးနဲ့ကြည့်တာကိုလည်း ကြောက်နိုင်သေးတယ်။ ပြီးတော့ သူတို့တွေဟာကျူ းလွန်ခံရဖူးတဲ့ အရပ်ဒေသအပေါ်ကြောက်စိတ်တွေရှိဆဲပါ။

ဒေါသ

ဒေါသဆိုတာ နာကျင်စရာကိစ္စတိုင်းမှာ ဖြစ်တဲ့သာမန်အခြေအနေပါ။ ဒါဟာ သားကောင်ကို ပိုသန်မာလာစေတယ်လို့အမြင်ရောက်စေတယ်။ သူတို့ဟာ မုဒိန်းကောင်ရော သူတို့ကိုယ်တိုင်သာမက လာကူညီတဲ့သူတွေကိုပါ ဒေါသထွက်တတ်ပါတယ်။ တစ်ခါတစ်လေမှာ မုဒိန်းကောင်ကိုသတ်ပစ်တဲ့အထိဆိုးရွားပါတယ်။

ယုံကြည်မှုပျောက်ခြင်း

ပြုကျင့်ခံရသူ ၏ဟာ သူတို့ဘဝထဲကလူတွေအပေါ်ယုံကြည်မှုပျောက်သွားတတ်ပါတယ်။ သူတို့သိသူဖြစ်စေ သူစိမ်းဖြစ်စေ လူဆိုးဖြစ်နိုင်တယ်လို့ တွေးလာတတ်လို့ပါ။

အံ့သြခြင်း

သူတို့ဟာမုဒိန်းကောင်က ဘာလို့သူတို့ကိုမှရွေးတာလဲဆိုပြီးမှင်သက်နေတတ်တယ်။ ဘာလို့အခြားသူတွေကိုပစ်မှတ်မထားတာလဲ။ မုဒိမ်းကျင့်ခံရသူဟာ ဒီကိစ္စမျိုးတွေကြုံတဲ့သူအနည်းငယ်သာရှိတာဖြစ်လို့ ဖြစ်ပေါ်တတ်တဲ့သာမန်ခံစားမှုပါ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Phyo Wai Yan မှ ရေးသားသည်။ · 10/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement