အိမ်ထောင်ပြုပြီးနောက်ပိုင်း အကြောင်းအမျိုးမျိုးကြောင့် ကိုယ်ဝန် မလိုချင်တဲ့ သူတွေအတွက် သန္ဓေတားနည်းတွေအများကြီးပါ။ တားဆေးသောက်မလား ၊ထိုးဆေးထိုးမလား၊ လက်မောင်းထဲ ပစ္စည်းထည့်မလား သားအိမ်တွင်းထည့် သန္ဓေတားပစ္စည်း ထည့်မလား စသဖြင့်ပေါ့။
အိမ်ထောင်ပြုပြီးနောက်ပိုင်း အကြောင်းအမျိုးမျိုးကြောင့် ကိုယ်ဝန် မလိုချင်တဲ့ သူတွေအတွက် သန္ဓေတားနည်းတွေအများကြီးပါ။ တားဆေးသောက်မလား ၊ထိုးဆေးထိုးမလား၊ လက်မောင်းထဲ ပစ္စည်းထည့်မလား သားအိမ်တွင်းထည့် သန္ဓေတားပစ္စည်း ထည့်မလား စသဖြင့်ပေါ့။
သားအိမ်တွင်းထည့် သန္ဓေတားပစ္စည်းတွေမှာ ဟော်မုန်းပါတာနဲ့ မပါတာရှိပြီး ၂ခုလုံးက နှစ်ရှည်ခံသန္ဓေတားနည်းလမ်းတွေ ဖြစ်ပါတယ်။
ဒီတော့ ကိုယ်ဝန်မလိုချင်သေးတာကြောင့် IUD နဲ့ သန္ဓေတားဖို့ပြင်ဆင်နေတဲ့သူတိုင်း၊ IUD သုံးထားတဲ့သူတိုင်း သိထားသင့်တဲ့အချက်တွေကို ပြောပြပေးချင်ပါတယ်။
IUD ဆိုတာ နှစ်ရှည်ခံ သန္ဓေသားပစ္စည်းလေးတစ်မျိုးဖြစ်ပြီး Y ပုံ သဏ္ဍန်ရှိပါတယ်။ သားအိမ်ရဲ့ ၄ ပုံ ၁ပုံ အရွယ်အစားရှိတဲ့ ပလတ်စတစ်ချောင်းလေးရဲ့ ကိုယ်ထည်မှာ ကြေးနီ ဒါမှမဟုတ် ဟော်မုန်း ထည့်ထားတာဖြစ်ပါတယ်။ ပစ္စည်းလေးရဲ့ အဆုံးမှာတော့ ကြိုးလေးနှစ်ချောင်းပါမှာဖြစ်ပါတယ်။
ကြေးနီပါဝင်တဲ့ သားအိမ်တွင်းထည့်ပစ္စည်းက သုက်ပိုးဟာ မမျိုးဥဆီမရောက်အောင်ခင် ရစ်ပတ်ထားတဲ့ ကြေးနီနဲ့တွေ့ပြီး အဆိပ်သင့်တားဆီးပေးခြင်းအားဖြင့် ကိုယ်ဝန်တားပေးပါတယ်။ ဟော်မုန်းပါတဲ့ သန္ဓေတားပစ္စည်းကတော့ ဟော်မုန်း ထုတ်ပြီး တားပေးပါတယ်။ IUDက တစ်ခါထည့်ထားရင် အနည်းဆုံး ၅ နှစ်လောက်အထိ ကိုယ်ဝန်ကို တားပေးမှာ ဖြစ်ပြီး ကလေးလိုချင်ရင် IUD ကို ပြန်ထုတ်လိုက်ရုံပါပဲ။
ဒီတော့အချုပ်ပြောရရင် ထည့်ထားတဲ့ IUD နေရာမှားနေတယ်၊ ထွက်ကျသွားတယ်၊ ဗိုက်ထဲဝင်သွားတယ် စတာတွေကို ပြောနိုင်တာက ကြိုးနှစ်ချောင်းကို စမ်းမှ သိနိုင်ဖြစ်တဲ့အတွက် အိမ်မှာ ကိုယ့်ဘာသာ တစ်လတစ်ခါ စမ်းကြည့်နေဖို့ လိုပါတယ်။ ။
ရေးသားသူ- Dr Thin Yadanar @ Frances
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
https://www.insider.com/how-to-tell-if-iud-is-perforated-out-of-place-2017-4
Accessed Date 24.7.2019
https://www.mayoclinic.org/tests-procedures/paragard/about/pac-20391270
Accessed Date 24.7.2019
https://www.google.com/search?q=iud+insertion&sa=X&ved=2ahUKEwi35bHSjM3jAhUh7HMBHVArDOYQ1QIoBXoECAwQBg
Accessed Date 24.7.2019
ယခုပုံစံ
26/05/2023
Hello Sayarwon Panel မှ ရေးသားသည်။
မှ အချက်အလက် စစ်ဆေးထားပါသည်။ Hello Sayarwon Panel
Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Hello Sayarwon Panel