ကွန်ဒုံး တွေဟာ စနစ်တကျသုံးတတ်မယ်ဆိုရင် သင့်ကို မလိုချင်တဲ့ကိုယ်ဝန်မရအောင် တားဆီးပေးနိုင်ရုံသာမက လိင်ကတဆင့်ကူးစက်တတ်တဲ့ ရောဂါတွေကိုလဲ ကာကွယ်ပေးနိုင်ပါတယ်။ ကွန်ဒုံးတွေကို အရောင်စုံ၊ အနံ့စုံ၊ အရွယ်အစားအစုံရနိုင်ပြီး မိန်းမကိုယ်သာမက စအိုနဲ့ ဆက်ဆံခြင်းတွေမှာလည်း သုံးလို့ရပါတယ်။ ကိုယ်ဝန်ရနိုင်ခြေကိုလည်း 98% လောက်ထိတားနိုင်တယ် ဆိုပါတယ်။
ဒါပေမယ့် သင့်ရဲ့သုံးပုံသုံးနည်း မှန်ကန်စနစ်ကျဖို့တော့ အရေးကြီးပါတယ်။ အောက်မှာ ဖော်ပြပေးမှာကတော့ ကွန်ဒုံးတွေကို ဘယ်လိုစနစ်တကျ မှန်မှန်ကန်ကန် အသုံးပြုမလဲဆိုတာပါပဲ။
ကွန်ဒုံး ကို ဘယ်လို စနစ်တကျ သုံးမလဲ
- ကွန်ဒုံး အိတ်ပေါ်မှာရှိတဲ့ သက်တမ်းကုန်ဆုံးရက်နဲ့ ကွန်ဒုံးပေါ်မှာ အပေါက်အပြဲရှိမရှိသေချာစစ်ပါ၊၊
ကွန်ဒုံးအိတ် ဒါမှမဟုတ် ကွန်ဒုံးမှာ အပေါက်အပြဲအပျက်အစီးရှိနေတယ်ဆို
- အထုပ်ကို သေချာဖွင့်ပြီး ကွန်ဒုံးကို ထုတ်ပါ၊၊
ကွန်ဒုံးထုပ်ကို ဂရုတစိုက်ဖွင့်ပြီးတဲ့အခါ သင့်လက်နဲ့ သေချာထုတ်ယူပါ။ သွားနဲ့ကိုက်ဖောက်တာ၊ ကတ်ကြေးနဲ့ညှပ်ပြီးဖွင့်တာမျိူး
- သင့်လိင်တံမာအောင်စောင့်ပြီး ကွန်ဒုံးကို စွပ်ပါ၊၊
ကွန်ဒုံးကို စွပ်တဲ့အချိန်မှာ သင့်လိင်တံ ထိုက်သင့်သလောက်မာနေပါစေ။ စွပ်တဲ့အခါ ကွန်ဒုံးနဲ့ သင့်လိင်တံကြားမှာ လေခိုမနေစေဖို့အတွက် ကွန်ဒုံးရဲ့ထိပ်ကို ဖိပြီးမှ ပွင့်နေတဲ့ ကွန်ဒုံးအဝကနေ သင့်လိင်တံမှာစွပ်ပါ။
- ရေဓာတ်ကိုအခြေခံတဲ့ ချောဆီသုတ်ရင်သုတ်ပါ၊၊ ဆီကိုအခြေခံတဲ့ ချောဆီ ဒါမှမဟုတ် ဆီမှန်သမျှကိုရှောင်ပါ၊၊
လိင်ဆက်ဆံချိန်ကြာတဲ့အခါ၊ ကြမ်းတဲ့အခါ ပွတ်တိုက်မှုတွေဖြစ်ပြီး မတော်တဆကွန်ဒုံးပေါက်တာမျိုး ဖြစ်နိုင်ပါတယ်။ ဒါကိုရှောင်နိုင်ဖို့ ရေဓာတ်ကို အခြေခံတဲ့ ချောဆီ ဥပမာ KY jelly လိုမျိုးကို သုံးပေးနိုင်ပါတယ်။
နောက်ပိုင်းထုတ် ကွန်ဒုံးတော်တော်များများမှာတော့
- လိင်ဆက်ဆံချိန်တလျှောက်လုံး ကွန်ဒုံး ကိုသုံးပါ
သုက်ရည်ထွက်ထွက် မထွက်ထွက် သင်လိင်ဆက်ဆံချိန်တိုင်းကွန်ဒုံးကို သုံးသင့်ပါတယ်။
သုက်ရည်မထွက်ပေမယ့် အရည်ကြည်မှာတောင် သုက်ပိုးပါနိုင်တဲ့အတွက် ကွန်ဒုံးမသုံးရင် ကိုယ်ဝန်ရနိုင်သလို ရောဂါပိုးတွေကူးစက်နိုင်လို့ လိင်ဆက်ဆံချိန်အစကနေ အဆုံးအထိ ကွန်ဒုံးကို မဖြစ်မနေသုံးဖို့လိုအပ်ပါတယ်။
- ချွတ်တဲ့အခါ သတိပြုပါ
သင်လိင်ဆက်ဆံမှု ပြီးဆုံးလို့ ဖြစ်ဖြစ်၊ လိင်ဆက်ဆံချိန် ကြာလို့ နောက်ကွန်ဒုံးတစ်ခုလဲတဲ့အခါဖြစ်ဖြစ် ကွန်ဒုံးကို ချွတ်တဲ့အခါ ကွန်ဒုံးရဲ့ ကွင်းအမာဖက်ကနေ အောက်ကို ဖြည်းဖြည်းချင်းဆင်းပြီး လက်တစ်ဖက်က သင့်လိင်တံကိုကိုင်ပြီး ဆွဲချွတ်ပါ။ ဒီလိုချွတ်တဲ့အခါ ကွန်ဒုံးထဲက အရည်တွေ အပြင်ကို မထွက်စေဖို့ ဂရုစိုက်ပါ။
- အမှိုက်ပုံးထဲ စွန့်ပစ်ပါ
ချွတ်ပြီးတဲ့ ကွန်ဒုံးကို ကွင်းအမာဖက်ကနေ ပိတ်ချည်ပြီး အမှိုက်ပုံးထဲကို စနစ်တကျစွန့်ပစ်ပါ။ စွန့်ပစ်ပြီးတဲ့နောက် သင့်လက်ကို ဆပ်ပြာ ရေတို့နဲ့ သေချာသန့်စင်ပါ..။
- နှစ်ထပ်မသုံးပါနဲ့
တချို့တွေ လွဲမှားစွာ ယူဆကြတာက ကွန်ဒုံးနှစ်ထပ်သုံးရင် ပိုအန္တရာယ်ကင်းမယ်လို့ ထင်ကြတာပါပဲ။ လက်တွေ့မှာတော့ ဒါက ပိုမကာကွယ်နိုင်တဲ့အပြင် ကွန်ဒုံးကို ပိုပေါက်လွယ်စေတာမို့ မလုပ်သင့်ပါဘူး။
- နောက်တစ်ကြိမ် လိင်ဆက်ဆံရင် ကွန်ဒုံး အသစ်ကိုပဲ သုံးပါ
တကယ်လို့ သင်နဲ့ သင့်အဖော်က နောက်တစ်ကြိမ်လိင်ဆက်ဆံဖို့ ဆန္ဒရှိနေတယ်ဆိုရင် နောက်ထပ် ကွန်ဒုံးအသစ်ကိုသုံးပါ။ သုက်ရည်ထွက်ထွက်မထွက်ထွက်၊ဘယ်အချိန် လိင်ဆက်ဆံမှုကိုလုပ်လု
[embed-health-tool-ovulation]