ခေါင်းစဉ်ကိုမြင်တာနဲ့ ကျွန်တော်ဘာရေးတော့မယ်ဆိုတာ အများစုရိပ်စားမိကြမှာပါ။ မှန်ပါတယ်။ ဒီနေ့ခေတ်လူငယ်လူရွယ်အများစုကို အန္တရာယ်အပေးနိုင်ဆုံးရောဂါအုပ်စုတစ်ခုဖြစ်တဲ့ လိင်ဆက်ဆံတာကနေတဆင့်ကူးစက်တဲ့ရောဂါတွေအကြောင်း ဦးတည်ပြောပြချင်လို့ ဒီခေါင်းစဉ်လေးပေးထားတာဖြစ်ပါတယ်။ လိင်ဆက်ဆံရာကနေတစ်ဆင့်ကူးစက်တဲ့ ရောဂါလို့ပြောလိုက်တာနဲ့ လူ၁၀၀ မှာ ၉၀ လောက်က အေအိုင်ဒီအက်စ်၊ အိပ်ချ်အိုင်ဗီ ဒီလိုစကားလုံးတွေကိုပဲ တန်းစဉ်းစားမိကြမှာပဲ။
ရာသီစက်ဝန်းကို တွက်ချက်ပါ။