မလိုအပ်တဲ့ ကိုယ်ဝန်တွေမရစေဖို့အတွက် အမျိုးသမီးတွေမှာ လိင်မဆက်ဆံခင်နဲ့ လိင်ဆက်ဆံအပြီး သောက်ရတဲ့ အရေးပေါ်ကိုယ်ဝန်တားဆေးတွေ၊ လက်မောင်းတွင်း ထိုးဆေးတွေ အသုံးပြုရပါတယ်။ ဒီတော့ သန္ဓေတားဖို့အတွက် အမျိုးသမီးတွေမှာပဲ တာဝန်ရှိတာလားဆိုပြီး မေးစရာက ပေါ်လာပါတယ်။ တကယ်တော့ နှစ်ဦးနှစ်ဖက် သဘောတူလိင်ဆက်ဆံကြရာမှာ အမျိုးသားတွေဘက်ကလည်း မလိုလားအပ်တဲ့ ကိုယ်ဝန်တွေ မရစေဖို့ တစ်ဖက်တစ်လမ်းကနေ တားပေးနိုင်တဲ့ နည်းလမ်းတွေ ရှိတယ်ဆိုတာမေ့မထားသင့်ဘူးနော်။