၃။ နို့ထွက်ပြွန် ခဲပြီးပိတ်သွားခြင်း (Duct Ectasia)
နို့သီးခေါင်းအထဲမှာ ရှိနေတဲ့ နို့ထွက်ပြွန်တွေဟာ ကျဉ်းပြီး ရောင်လာရာမှ လုံးဝပိတ်သွားတဲ့ ရောဂါဖြစ်ပါတယ်။ ဒီပြဿနာ သင့်မှာရှိနေပြီဆိုရင်
- အစိမ်းရောင် သို့မဟုတ် အရောင်စုံ ပါဝင်တဲ့ အရည်တွေ ထွက်တာ
- ထွက်လာတဲ့ အရည်တွေက ပျစ်ချွဲပြီး စေးကပ်ကပ်ဖြစ်နေတာ
- နို့သီးခေါင်း တစ်ဘက်တည်းကနေ အရည်စိမ့်ထွက်ခြင်း
- နို့သီးခေါင်းထိပ်က ရောင်နေတာ၊ နာနေတာ၊ ယားနေသလို ခံစားရတာ
- အတွင်းသားတစ်ရှူးထိခိုက်မိတာ သို့မဟုတ် ရောဂါပိုး ကူးစက်ဝင်ရောက်ခြင်းကြောင့် အဖုလေးဖြစ်နေတာ အစရှိတဲ့ လက္ခဏာတွေကို တွေ့နိုင်ပါတယ်။
ဒီပြဿနာဟာ ကင်ဆာရောဂါမဟုတ်တဲ့အတွက် ကုသပျောက်ကင်းနိုင်လို့ သိပ်ပြီး စိုးရိမ်စရာတော့ မလိုအပ်ပါဘူး။
၄။ ရင်သားကြီးလာခြင်း (Gynecomastia)
ရင်အုပ်လို ကားထွက်လာတာမျိုးမဟုတ်ဘဲ အမျိုးသမီးများလို ရင်သားကြီးပြီး အရှေ့ဘက်ကို ထွက်လာတဲ့ ပြဿနာပါ။ ကလေးဘဝ၊ လူပျိုဖော်ဝင်ကာစ သို့မဟုတ် အသက် ၆၀ နောက်ပိုင်း အမျိုးသားတွေမှာ ရင်သားကြီးလာတတ်ပါတယ်။ ဟော်မုန်းအပြောင်းအလဲကြောင့်လည်း ဖြစ်နိုင်သလို သောက်ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးကြောင့်လည်း ရင်သား တစ်ဘက် သို့မဟုတ် နှစ်ဘက်လုံးမှာ ပုံမှန်ထက်ပိုပြီး ကြီးလာနိုင်ပါတယ်။ ရင်သားကြီးတာအပြင် ထိမိချိန်မှာ ပျော့အိအိဖြစ်နေတာ၊ နို့သီးခေါင်းထိပ်မှ အရည်ကြည်စိမ့်ထွက်လာတာမျိုးတွေလည်း ဖြစ်တတ်ပါတယ်။
၅။ ရင်သားပိုးဝင်ခြင်း
ကလေးကို နို့တိုက်နေရတဲ့ မိခင်တွေမှာ အဖြစ်များပြီး အမျိုးသားတွေမှာလည်း ဖြစ်တတ်ပါတယ်။ ရောဂါလက္ခဏာတွေကတော့
- စိမ်းဖန့်ဖန့် အရောင်ရှိပြီး ပျစ်ချွဲချွဲ အရည်တွေ စိမ့်ထွက်ခြင်း
- ရင်သားတစ်ဘက်တည်းကိုသာ ကူးစက်ခြင်း
- ထိကိုင်လိုက်ချိန်မှာ နွေးပြီး ရောင်နေသလို ခံစားရခြင်း
- နို့သီးခေါင်း တစ်ဝိုက်က နီရဲနေခြင်း တို့ပဲဖြစ်ပါတယ်။
၆။ ကင်ဆာမဟုတ်တဲ့ နို့ထွက်ပြွန်ကြား အလုံးပေါ်ခြင်း (Intraductal Papilloma)
နို့ထွက်စေတဲ့ ပြွန်တွေကြားထဲမှာ ကင်ဆာမဟုတ်တဲ့ အလုံးအကျိတ်လို အဖုလေး ကြီးထွားလာတာကို ခေါ်တာပါ။ တခြားလက္ခဏာတွေအနေနဲ့
- ရင်သားကြီးလာတာ
- နို့သီးခေါင်းနားမှာ အလုံး အကြီးကြီးဖြစ်နေတာ သို့မဟုတ် နို့သီးခေါင်းနဲ့ ဝေးရာနေရာမှာ သေးငယ်တဲ့ အလုံးလေးတွေ စုနေတာ
- သွေးရောင်ရှိပြီး စေးကပ်နေတဲ့ အရည်တွေ စိမ့်ထွက်လာတာကို တွေ့ရပါတယ်။
၇။ ကျားဟော်မုန်း ချို့တဲ့ခြင်း (Testosterone Deficiency)
အမျိုးသားတွေအတွက် မရှိမဖြစ် အရေးပါတဲ့ တက်စတိုစတီရုန်းလို့ခေါ်တဲ့ ကျားဟော်မုန်းတွေ နည်းလာတဲ့အခါမှာလည်း နို့သီးခေါင်းထိပ်ကနေ အရည်ကြည်တွေ ထွက်လာတတ်ပါတယ်။ များသောအားဖြင့် နှစ်ဘက်လုံးကနေ အရည်စိမ့်ထွက်ပါတယ်။ ဒီပြဿနာဟာ သိပ်ပြီး စိုးရိမ်ဖို့ မလိုပေမဲ့ ဆရာဝန်နဲ့သေချာပြကြည့်တာတော့ ပိုကောင်းပါတယ်။
ဘယ်လိုကုသမလဲ။
ဖြစ်ရတဲ့ အကြောင်းရင်းကို သေချာသိပြီဆိုမှ ဆရာဝန်အနေနဲ့ ကိုယ့်ရောဂါနဲ့ ကိုက်ညီမယ့် ကုထုံးကို စတင်မှာ ဖြစ်ပါတယ်။ ပိုးဝင်တာအတွက် Antibiotics ဆေး ပေးတာ၊ အကျိတ်တွေ၊ အလုံးတွေ၊ ပိတ်ဆို့နေတဲ့ အရာတွေကို ခွဲစိတ်ဖယ်ရှားတာ၊ ဓာတ်ရောင်ခြည်ကုထုံးနဲ့ ကုသတာ အစရှိသဖြင့် နည်းလမ်းအမျိုးမျိုးရှိပါတယ်။
အမျိုးသားတွေရဲ့ ရင်သားကနေ အရည်တွေစိမ့်ထွက်တယ်ဆိုတာ ပုံမှန်မဟုတ်တဲ့ ကျန်းမာရေးအခြေအနေဖြစ်တဲ့အတွက်ကြောင့် လက္ခဏာတွေ တွေ့ပြီဆိုတာနဲ့ ဆရာဝန်နဲ့ အမြန်ဆုံးပြသပြီး ကုသမှုခံယူဖို့ အရေးကြီးပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။