backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Upper Airway Obstruction (လေပြွန်အပေါ်ပိုင်းပိတ်ဆို့ခြင်း)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. May Myat Hnin Aung မှ ရေးသားသည်။ · 06/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Upper Airway Obstruction (လေပြွန်အပေါ်ပိုင်းပိတ်ဆို့ခြင်း) ကဘာလဲ။

အသက်ရှူလမ်းကြောင်းရဲ့ အပေါ်ပိုင်းမှာ ပိတ်ခြင်း၊ ကျဉ်းခြင်းတို့ကြောင့် အသက်ရှူရခက်ခြင်းဖြစ်ပါတယ်။ ထိခိုက်နိုင်တဲ့ အသက်ရှူလမ်းကြောင်းရဲ့ အပေါ်ဘက် အစိတ်အပိုင်းတွေကတော့ လေပြွန်၊ အသံအိုးနဲ့ လည်ချောင်းတို့ဖြစ်ပါတယ်။

Upper Airway Obstruction (လေပြွန်အပေါ်ပိုင်းပိတ်ဆို့ခြင်း) က ဘယ်လောက်အဖြစ်များသလဲ

အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Upper Airway Obstruction (လေပြွန်အပေါ်ပိုင်းပိတ်ဆို့ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

လေပြွန်အပေါ်ပိုင်းပိတ်ဆို့ခြင်းရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့

စိတ်တိုခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်း

ပြာနှမ်းလာခြင်း

သတိမကောင်းခြင်း

သီးခြင်း

အသက်ရှူရခက်ခြင်း

လေကိုရှိုက်ရှူရခြင်း

ထိတ်လန့်ခြင်း

သတိလစ်ခြင်း

ရွှီရွှီမြည်ခြင်းနှင့် အခြားပုံမမှန်သော အသက်၇ှူသံများဟာ အသက်ရှူရခက်ခဲနေကြောင်း ညွှန်ပြနေပါတယ်။

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်ဆီမှာအထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲကတစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာမတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကိုသင့်ဆရာဝန်နဲ့ တိုင်ပင်တာကအကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Upper Airway Obstruction (လေပြွန်အပေါ်ပိုင်းပိတ်ဆို့ခြင်း) ကိုဘာတွေကဖြစ်စေသလဲ

ပျားတုတ်ခံရခြင်း၊ မြေပဲ၊ penicillin ကဲ့သို့ ပဋိဇီဝဆေးများ၊ သွေးပေါင်ကျဆေးများနှင့် ဓါတ်မတည့်ခြင်းကြောင့် လေပြွန်/လည်ချောင်းတို့ ရောင်ရမ်းပြီး ပိတ်ဆို့ခြင်း။

ဓါတုပစ္စည်းများလောင်ခြင်း၊ဓါတ်ပြုခြင်း။

အပြင်းအထန်ချောင်းဆိုးခြင်း။

လေပြွန်နှင့် အစာမျိုပြွန်ခြားထားသောအစိတ်အပိုင်း ရောင်ရမ်းခြင်း။

မီးလောင်သည့်နေရာမှ မီးခိုးငွေ့များရှူမိခြင်း။

မြေပဲစေ့နှင့် အခြားစားစရာများ၊ ပူဖောင်းအစအနများ၊ ကြယ်သီးများ၊ အကြွေစေ့များ၊ အရုပ်ကလေးများကဲ့သို့ ပြင်ပအရာဝတ္တုများ ဝင်ခြင်း။

ဗိုင်းရပ်စ်/ဘက်တီးရီးယားပိုးဝင်ခြင်း။

အာခေါင်အနီးတဝိုက်တွင် ပြည်တည်နာဖြစ်ခြင်း။

လည်ချောင်းအနောက်တွင် ပြည်တည်နာဖြစ်ခြင်း။

လည်ချောင်းကင်ဆာ။

လေပြွန်ပျော့သည့်ရောဂါ။

ထိခိုက်ဒဏ်ရာရခြင်း။

အသံကြိုးပြဿနာ။

ဖြစ်နိုင်ခြေများ

Upper Airway Obstruction (လေပြွန်အပေါ်ပိုင်းပိတ်ဆို့ခြင်း) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

လေပြွန်အပေါ်ပိုင်းပိတ်ဆို့ခြင်းဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

ဓါတ်မတည့်မှုဖြစ်လေ့ရှိသူများ

ဗိုင်းရပ်စ်နှင့် ဘက်တီးရီးယားပိုးဝင်ခြင်း

မီးခိုးရှူမိခြင်း

ထိခိုက်ဒဏ်ရာ

အသံကြိုးများထိခိုက်မိခြင်းနှင့် ကျန်းမာရေးပြဿနာများ

အာခေါင်အနီးတဝိုက်တွင် ပြည်တည်နာဖြစ်ခြင်း

လည်ချောင်းအနောက်/ လေပြွန်အနောက်ဘက်တွင် ပြည်တည်နာဖြစ်ခြင်း

လည်ချောင်းကင်ဆာ တို့ဖြစ်ပါတယ်။

အထက်ပါဖြစ်ပွားနိုင်ချေများမရှိခြင်းကြောင့် သင့်မှာ လေပြွန်အပေါ်ပိုင်းပိတ်ဆို့ခြင်းမဖြစ်ဘူးလို့ ပြောလို့မရနိုင်ပါဘူး။ ဒီအချက်လက်များဟာမှီငြမ်းကြည့်ရှုဖို့အတွက်ပဲဖြစ်ပါတယ်။ အသေးစိတ်သိရှိလိုပါက ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးဖို့ လိုအပ်ပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Upper Airway Obstruction (လေပြွန်အပေါ်ပိုင်းပိတ်ဆို့ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

ဆရာဝန်က စမ်းသပ်တဲ့အခါ အဆုတ်မှာ အသက်ရှူသံတိုးနေပြီး အသက်ရှူမြန်ခြင်း၊ တိမ်ခြင်း၊ နှေးခြင်းတို့ကို တွေ့ရပါမယ်။

အများအားဖြင့် စစ်ဆေးမှုလုပ်ဖို့မလိုပေမယ့်

လေပြွန်မှန်ပြောင်းကြည့်ခြင်း

အသံအိုးမှန်ပြောင်းကြည့်ခြင်း

ဓါတ်မှန်ရိုက်ခြင်းတို့ လိုနိုင်ပါတယ်။

Upper Airway Obstruction (လေပြွန်အပေါ်ပိုင်းပိတ်ဆို့ခြင်း) ကို ဘယ်လိုကုသပါသလဲ

ကုသမှုဟာ လေပြွန်ပိတ်ရခြင်းအကြောင်းအပေါ် မူတည်ပါတယ်။

လေပြွန်မှာပိတ်ဆို့နေတဲ့ အရာများကို အထူးပြုလုပ်ထားတဲ့ ကိရိယာနဲ့ ထုတ်ယူနိုင်ပါတယ်။

လေပြွန်ထဲကို ပိုက်ထည့်ပြီး အသက်ရှူရာမှာ ကူညီပေးနိုင်ပါတယ်။

တခါတရံ လည်ပင်းမှတဆင့် လေပြွန်ကို အပေါက်ဖောက်ဖို့လိုပါတယ်။

ပိတ်ဆို့ခြင်းဟာ ပြင်ပကအရာဝတ္တုကြောင့် ဖြစ်ပါက ဝမ်းပိုက်ကို ပင့်တွန်းခြင်းဖြင့် အရေးပေါ်အသက်ကယ်နိုင်ပါတယ်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက လေပြွန်အပေါ်ပိုင်းပိတ်ဆို့ခြင်းကိုကုသရာမှာဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများကသင့်အနေဖြင့် လေပြွန်အပေါ်ပိုင်းပိတ်ဆို့ခြင်းကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာအကူအညီပေးနိုင်ပါတယ်။

အစားအစာကို ဖြည်းဖြည်းချင်း ကြေညက်အောင်ဝါးစားပါ။

အစာမစားခင်နှင့် စားနေစဉ် အရက်အလွန်အကျွံသောက်ခြင်းကို ရှောင်ပါ။

သေးငယ်သောပစ္စည်းများကို ကလေးငယ်များနှင့် ဝေးဝေးမှာထားပါ။

သွားတုများတပ်ထားပါက ခိုင်မြဲအောင် သတိပြုပါ။

အကယ်၍သင့်မှာမေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr. May Myat Hnin Aung မှ ရေးသားသည်။ · 06/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement