မေးမြန်းပြီး ကိုယ်ကာယစစ်ဆေးခြင်း ပြုလုပ်ပါလိမ့်မည်။ ရောဂါကိုသိရှိနိုင်ရန် ဆရာဝန်မှ အောက်ပါစစ်ဆေးချက်များကို ပြုလုပ်ပါလိမ့်မည်။
-Spirometry။ ။ ဆရာဝန်သည် Spirometer ဟုခေါ်သော ဆေးဘက်ဆိုင်ရာစက်တစ်မျိုးကို အသုံးပြုပြီး သင် မည်မျှ လေကိုရှူသွင်း ရှူထုတ်နိုင်သည်ကို တိုင်းတာနိုင်သည်။ ဆရာဝန်မှဆေးပေးပြီးနောက် သင့်ရလဒ်များ တိုးတက်လာသည်ကိုသိနိုင်ရန် ထပ်မံစစ်ဆေးနိုင်ပါသည်။
-Bronchoprovocation။ ။ အဆုတ်၏လုပ်ဆောင်ချက်ကို စစ်ဆေးရန် Spirometry ကို အသုံးပြုပြီး အဆုတ်ကို ဖိအားပေး၍တိုင်းတာသည်။ ၎င်းသည် လေ့ကျင့်ခန်းပြုလုပ်နေစဉ် သို့မဟုတ် လေအများကြီး ရှူသွင်းပြီးသည့်နောက်တွင် တိုင်းတာနိုင်သည်။
-Chest Xray သို့မဟုတ် EKG (electrocardiogram)။ ။ ထိုစစ်ဆေးချက်များသည် အခြားသော ရောဂါ သို့မဟုတ် အရာဝတ္ထု တစ်ခုခု ကြောင့် လက္ခဏာများပေါ်နိုင်သည့်အတွက် စစ်ဆေးကြည့်ရန်ဖြစ်သည်။
–အခြားသော စစ်ဆေးမှုများ။ ။ ဆရာဝန်မှ အခြားသော အကြောင်းရင်းများသည်လည်း ဤရောဂါ လက္ခဏာများကို ဖြစ်စေနိုင်သည့်အတွက် အခြားသောစစ်ဆေးချက်များကို ပြုလုပ်လိုခြင်းဖြစ်နိုင်သည်။ ထိုစစ်ဆေးမှုများတွင် အစာအိမ်မှ အက်ဆစ်ဓါတ်များ အပေါ်သို့ပြန်တက်ခြင်း၊ အသံကြိုးပြသနာများနှင့် အိပ်သညိအခါ အသက်ရှူမဝခြင်းတို့ကိုစစ်ဆေးခြင်းဖြစ်သည်။
နာတာရှည် အသက်ရှူလမ်းကြောင်းပိတ်သည့် ရောဂါကို စစ်ဆေးခြင်း။
သင့်ဆရာဝန်မှ ဤရောဂါရှိကြောင်း သိရှိရန် အောက်ပါတို့ကို စစ်ဆေးနိုင်သည်။
-ရောဂါလက္ခဏာများကို မေးမြန်းခြင်း။
-ကျန်းမာရေးရာဇဝင်၊ မိသားစုရာဇဝင် ကို မေးမြန်းခြင်း။
-ရောဂါကို ဖြစ်စေသော အခြားသောအကြောင်းရင်းများကို မေးမြန်းခြင်း၊ (ဆေးလိပ်သောက်ခြင်း၊ လေထုညစ်ညမ်းခြင်း နှင့် အခြားသောဓါတုပစ္စည်းများနှင့် ထိတွေ့ခြင်း၊ စသည်ဖြင့်)
-ကိုယ်ကာယစစ်ဆေးမှုပြုလုပ်သည့်အခါ နားကြပ်ဖြင့် အသက်ရှူသည့်အခါ ကြားရသည့် ပုံမှန်မဟုတ်သော အသံများကို နားထောင်ခြင်း။
အဓိက စစ်ဆေးသည်မှာ Spirometry ဖြစ်သည်။ ၎င်းကို ပြုလုပ်ရန်အတွက် အသက်ကိုပြင်းပြင်းရှူရန်လိုအပ်ပြီး Spirometer နှင့် ဆက်ထားသောပြွန်တစ်ခုထဲသို့မှုတ်ထုတ်ရမည်။ဤစစ်ဆေးမှု ဖြင့် သင်မည်မျှ လေရှူသွင်း၊ ရှူထုတ်နိုင်သည်ကိုတိုင်းတာနိုင်သည်။ အခြားသော စစ်ဆေးချက်များတွင် အောက်ပါတို့ပါဝင်သည်။
-Chest Xray or chest computed tomography (CT scan)။ ရင်ခေါင်းဓါတ်မှန် သို့မဟုတ် ကွန်ပြူတာဓါတ်မှန်ရိုက်ကူးခြင်း။ ထိုသို့ စစ်ဆေးခြင်းဖြင့် နှလုံးနှင့် အဆုတ်ကို ဓါတ်ပုံဖြင့်တွေ့ရနိုင်သည်။ ထိုပုံရိပ်များသည် အသက်ရှူလမ်းကြောင်း ပိတ်သည့်ရောဂါ၏ လက္ခဏာများကို ပြနိုင်သည်။ အခြားသောအခြေအနေများဖြစ်သည့် နှလုံးရောဂါကိုလည်း ပြနိုင်သည်။
-သွေးကြောထဲမှ ဓတ်ငွေ့ပါဝင်မှုကို စစ်ဆေးခြင်း။ ။ သွေးစစ်ဆေးခြင်းဖြင့် အောက်ဆီဂျင်နှင့် ကာဗွန်ဒိုင်အောက်ဆိုဒ်ပမာဏကို တိုင်းတာနိုင်သည်။ ၎င်းသည် အသက်ရှူလမ်းကြောင်းပိတ်သည့်ရောဂါ၏ ပြင်းထန်မှုကိုသိရှိနိုင်ပြီး၊ အောက်ဆီဂျင်လိုအပ်နေသည်ကိုလည်း သိရှိနိုင်သည်။
အဆုတ်ကင်ဆာရောဂါကို စစ်ဆေးခြင်း။
အဆုတ်ကင်ဆာရောဂါကို စမ်းသပ်စစ်ဆေးရန် အောက်ပါစစ်ဆေးချက်များကို အသုံးပြုရသည်။
-Chest Xray။ ။ ရင်ဘတ်ဓါတ်မှန်ဖြင့် အဆုတ်တွင် ပုံမှန်မဟုတ်သော ကြီးထွားမှုများကိုသိနိုင်သည်။
Computerized tomography scans။ ။ ကွန်ပြူတာဓါတ်မှန်သည်ပို၍အသုံးတည့်ပြီးကင်ဆာကို အခြားသို့မပျံနှံ့မီ စစ်ဆေးတွေ့ရှိနိုင်သည်။
-ချောင်းဆိုးသည့်အခါပါလာသော အချွဲများတွင်ကင်ဆာဆဲလ်များ ရှိမရှိစစ်ဆေးနိုင်သည်။
-ပါးစပ်နှင့်နှာခေါင်းမှ တဆင့် အဆုတ်ထဲသို့ မှန်ပြောင်းထည့်ပြီးကြည့်နိုင်သည်။ အသားစ စစ်ဆေးရန် အတွက်လည်း ယူနိုင်သည်။
-အပ်ဖြင့် အဆုတ်ထဲသို့ ထိုးသွင်းပြီးအသားစ သို့မဟုတအရည်ကို နမူနာအဖြစ်ယူနိုင်သည်။
-ရင်ဘတ်မှခွဲစိတ်ပြီးလည်း အဆုတ်မှအသားစကို ယူနိုင်သည်။
Lung Disease (အဆုတ်ရောဂါ) ကို ဘယ်လိုကုသပါသလဲ
- ရင်ကြပ်ရောဂါကို ကုသခြင်း။
ရင်ကြပ်ရောဂါသည်နာတာရှည်ရောဂါဖြစ်ပြီး၊ ဆေးသောက်ခြင်းဖြင့် သက်သာနိုင်သော်လည်း ကုသပျောက်ကင်းရန် မဖြစ်နိုင်ပေ။ ရောဂါလက္ခဏာသက်သာစေရန် ဆရာဝန်ညွှန်ကြားသည့်အတိုင်းလိုက်နာပြီး ပြုလုပ်နိုင်သည်။ သက်သာစေသောဆေးများသုံးပြီး၊ ရင်ကြပ်ရောကို ပိုဆိုးစေမည့် အရာများကို မပြုလုပ်သင့်ပါ။
-ရင်ကြပ်ရောဂါအတွက် အောက်ပါတို့ကို လုပ်ဆောင်နိုင်သည်။
-သင်သောက်သည့် ဆေးကို သိထားသင့်သည်။
-ဆေးကို မည်သည့်အချိန်သောက်မည်ကို သိထားသင့်သည်။ ရင်ကြပ်ရောဂါသည် မည်သည့် အချိန်တင် သတိထားစောင့်ကြည့်ရမည်ကိုလည်းသိထားသင့်သည်။
-ပိုဆိုးစေမည့် အချက်များကိုရှောင်ကြဉ်ရမည်။
-ဆရာဝန်ကို မည်သည့်အချိန်တွင်ခေါ်ရမည်၊
မည်သည့် အချိန်တွင်ု အရေးပေါ်အခန်းသို့သွားသင့်သည်။ ဆိုသည်များကို သိရှိထားရမည်။၏
ရင်ကြပ်ရောဂါ၏ဆေးများသည် အသက်ရှူလမ်းကြောင်းများကိုဖွင့်ပေးခြင်းဖြင့် ရင်ကြပ်ရောဂါကိုပျောက်အော် လုပ်သည်။
ရေတာရှည်ဖြစ်သောလူနာများတွင်ဆေးကို နေ့စဉ်သောက်ရသည်။ ၎င်းသည် ရောဂါလက္ခဏာများဖြစ်ပေါ်မှုကိုလည်းတားသည်။ လက္ခဏာများသည် ဖြစ်လျှင် ရုတ်တရက်မြန်ဆန်စွာမသက်သာနိုင်ပေး။ အသုံးပြုသောဆေးများတွင် အောက်ပါတို့ ပါဝင်သည်။
-Corticosteroid ရှူဆေးသည် နာတာရှည် လူနာများအတွက်ဖြစ်သည်။ လေလမ်းကြောင်းရောင်ရမ်းမှုကို သက်သာစေသည်။
-Long acting beta 2agonists သည်လည်း corticosteroid နှင့်တွဲပြီးပေးသောရှူဆေးဖြစ်သည်။
-Leukotriene modifiers သည် အသက်ရှူလမ်းကြောင်းတွင် ရောင်ရမ်းမှုကို သက်သာစေသော သောက်ဆေးဖြစ်သည်။
-Cromolyn and nedocromil သည် ရင်ကြပ်ရောဂါကို ပိုဆိုးစေသော အရာများကို တုံ့ပြန်မှုကို လှံု့ဆော်သည်။-Theophylline သည် အသက်ရှူလမ်းကြောင်းကို ပွင့်စေသော ဆေးတစ်မျိုးဖြစ်သည်။
လျင်မြန်စွာ သက်သာစေသော ဆေးများကို လိုအပ်သောအခါမှသာ အသုံပြုသည်။ ၎င်းတို့တွင် short acting beta2 agonists and short acting bronchodilators များပါဝင်သည်။ လျင်မြန်စွာသက်သာစေသော ဆေးများသည် မိနစ်ပိုင်းနှင့်ပင် လက္ခဏာများကို သက်သာစေနိုင်သည်။
၎င်းတို့သည် အသက်ရှူလမ်းကြောင်း တဝိုက်ရှိ ကြွက်သားများကို ပြေလျော့စေခြင်းဖြင့် သက်သာစေသည်။ ၎င်းတို့ကို ရင်ကြပ်ရောဂါလက္ခဏာများ ဆိုးလာသည့်အခါ တားဆီးနိုင်ရန် အသုံးပြုသည်။
ရင်ကြပ်ရောဂါကို ပိုဆိုးစေသောအရာများကို ရှောင်ပါ။ ဓါတ်မတည့်သည့်အရာများကို ရှောင်ပါ။ သင့်ဆရာဝန်ကို ဓါတ်မတည့်သ့် ဆေးများရှိလျင် ပြောပြထားပါ။
နာတာရှည် အသက်ရှူလမ်းကြောင်းပိတ်သည့်ရောဂါကို ကုသခြင်း
အဆုတ်ကိုပျက်စီးစေပြီးလျှင် ပြန်ပြင်၍မရနိုင်ပေ။ အန္တရာယ်ဖြစ်စေသော အကြောင်းအချက်များကို ရှောင်ခြင်းအားဖြင့် ရောဂါတိုးတက်မှုကို နှေးကွေးစေနိုင်သည်။ ဆေးလိပ်သောက်သူများအနေဖြင့် ဆေးလိပ်ဖြတ်ခြင်းသည် အကောင်းဆုံးနည်းလမ်းဖြစ်သည်။
ဆေးလိပ်ငွေ့၊ ဖုန်ငွေ့၊ မီးခိုးငွေ့ နှင့် အခြားသော အိမ်နှင့် အလုပ်တွင် ထိတွေ့စေနိုင်သော မတည့်သည့် အနံ့များကို ရှောင်ပါ။ အပြင်ဘက်တွင် တွေ့ကြုံနိုင်သော လေထုညစ်ညမ်းခြင်းများကိုလည်း ရှောင်ပါ။ ဆေးကုသခြင်းဖြင့် လက္ခဏာများကို သက်သာစေနိုင်သည်။ အသုံးများသော ဆေးဝါးများမှာ
-အသက်ရှူလမ်းကြောင်းကို ပွင့်စေသော ဆေးများ
-အဆုတ်ရောင်ရမ်းခြင်းကို သက်သာစေသော ရှူဆေးများ
-အဆုတ်တွင် ရောဂါပိုးဝင်ခြင်းကို သက်သာစေရန်သုံးသော ပိုးသတ်ဆေးများ
နာတာရှည် အသက်ရှူလမ်းကြောင်းပိတ်သည့် လူနာများကို အောက်ပါဆေးများပေးနိုင်သည်။
-တုပ်ကွေးရောဂါ ကာကွယ်ဆေး
-နမိုးနီးယားကာကွယ်ဆေး
-အဆုတ်ပြန်လည်ကျန်းမာလာစေသော ကုသနည်းများ။ ။ နာတာရှည် အသက်ရှူလမ်းကြောင်းပိတ်သည့် ရောဂါရှိသူများသည် ကိုယ်ကာယအပြင် စိတ်ပိုင်းဆိုင်ရာလည်း ကုသရန်လိုအပ်သည်။ လေ့ကျင့်ခန်းလုပ်ခြင်း၊ ရောဂါကို သက်သာအောင် ပြုလုပ်သော လေ့ကျင့်ခန်းများ၊ အာဟာရ အကြံဉာဏ်များ၊ နှင့် နှစ်သိမ့်ဆွေးနွေးခြင်းများကို ပြုလုပ်ပေးနိုင်သည်။
-အောက်ဆီဂျင်ပေးခြင်း၊ လူနာကို ပိုက် သို့မဟုတ်၊ မျက်နှာအုပ်သည့် ကိရိယာဖြင့် အောက်ဆီဂျင်ပေးနိုင်သည်။
-ခွဲစိတ်ကုသခြင်း။ ။ တခါတရံတွင် ခွဲစိတ်ခြင်းအားဖြင့် လူနာကို သက်သာစေနိုင်သည်။ အဆုတ်ကို အစားထိုးကုသခြင်းလည်း ပြုလုပ်နိုင်သည်။
အဆုတ်ကင်ဆာကို ကုသခြင်း
တခါတရံတွင် အဆုတ်ကင်ဆာကုသမှုများသည် အဆုတ်ကင်ဆာကို ပျောက်ကင်းအောင် ကုသနိုင်သည်။ အခြားသော အချိန်တွင် ကုသမှုများသည် ကင်ဆာရောဂါကို ထပ်၍မပျံ့နှံ့ စေရန်နှင့် ရောဂါလက္ခဏာများ သက်သာစေရန်ဖြစ်သည်။
သင့်အတွက် ကုသမှုသည် အောက်ပါတို့ပေါ်တွင် မူတည်သည်။
-အဆုတ်ကင်ဆာ အမျိုးအစား
-ကင်ဆာသည် ဘယ်နေရာတွင်ဖြစ်ပြီး အခြားခန္ဓါကိုယ် အစိတ်အပိုင်းများသို့ ပျံ့နှံ့နေသည့်အခြေအနေ
-သင့်အသက်အရွယ်နှင့် ကျန်းမာရေးအခြေအနေ
သင့်ဆရာဝန်သည် ကုသမှုကိ ုတစ်မျိုးတည်းဖြစ်စေ၊ ကုသမှုများပေါင်း၍ ဖြစ်စေ ပေးနိုင်သည်။
-ခွဲစိတ်ကုသခြင်းသည် အဆုတ်၏ ကင်ဆာရှိသော အစိတ်အပိုင်းကို ဖယ်ထုတ်ပစ်ရန်ဖြစ်သည်။ အဆုတ်၏ တစိတ်တပိုင်းဖြစ်စေ၊ အားလုံးကို ဖြစ်စေထုတ်ပစ်ရန်လိုအပ်သည်။
-ဓါတ်ရောင်ခြည်ဖြင့် ကုသမှုသည် ကင်ဆာအဖုအကျိတ်ကို ဓါတ်ရောင်ခြည်ထိတွေ့စေပြီး ကင်ဆာဆဲလ်များသေစေရန်ဖြစ်သည်။ နာကျင်မှုကို သက်သာစေပြီး လူနာကိုလည်း ခံစာရခြင်းများ သက်သာစေသည်။
-ဓါတုဆေးဝါးများပေး၍ ကုသခြင်းသည် ကင်ဆာဆဲလ်များကို သတ်နိုင်သည်။ ဆေးများသည် သွေးကြောထဲမှ ထိုးသွင်းခြင်းဖြင့် လည်းကောင်း၊ ဆေးလုံးအနေဖြင့် လည်းကောင်းရှိနိုင်သည်။
ဘဝနေထိုင်နည်းပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများ
အောက်ပါတို့သည် အဆုတ်ကင်ဆာရောဂါကို သက်သာစေနိုင်မည့် နည်းလမ်းများနှင့် အိမ်တွင်းကုထုံးများဖြစ်ကြပါသည်။
-ဆေးလိပ်သောက်ခြင်းကို ဖြတ်ပါ။ ဆေးလိပ်ဖြတ်ရန်နည်းလမ်းများကို သင့်ဆရာဝန်နှင့် တိုင်ပင်ပါ။
-အခြားသူထံမှ ဆေးလိပ်ငွေ့မရစေရန် ဂရုစိုက်ပါ။
-အိမ်နှင့် အလုပ်ပတ်ဝန်းကျင်တွင် radon gas ပါဝင်မှုကို စစ်ဆေးပါ။
-Asbestos နှင့် ထိတွေ့ခြင်းသည် အဆုတ်ရောဂါကို ပြင်းထန်စေသည့်အတွက် ရှောင်ပါ။ အလုပ်တွင် ထိတွေ့မှုရှိသော လူများသည် လုံခြုံရေးအတွက် မည်သို့လုပ်ရမည်ကို သင်တန်းများရရှိထားသင့်ပြီး၊ ပုံမှန်စစ်ဆေးမှုများလုပ်သင့်သည်။
-ဖုန်၊ နှင့် အခြားသော ဓါတုဓါတ်ငွေ့များနှင့် ထိတွေ့မှုကို ရှောင်ကြဉ်ပါ။ မရှောင်နိုင်လျင် ကာကွယ်ရေးပစ္စည်းများကို ဝတ်ဆင်ပါ။
-ကျန်းမာရေးနှင့် ညီညွတ်သော အာဟာရကို စားသောက်ပါ။
-အသက်ရှူသည့် လေဖိအားတိုင်းတာခြင်းကို စစ်ဆေးရန် လိုမလို သင့်ဆရာဝန်ကို မေးမြန်းပါ။
-တုပ်ကွေးနှင့်နမိုးနီးယားရောဂါများကို ကာကွယ်ရန် ကာကွယ်ဆေးထိုးပါ။
-ချောင်းဆိုးကြာရှည်နေလျင်၊ အသက်ရှူရခက်နေလျင်၊ ရင်ဘတ်အောင့်လျင် သင့်ဆရာဝန်နှင့် ပြသဆွေးနွေးပါ။
မေးမြန်းလိုသည်များရှိပါက သင့်အတွက် အကောင်းဆုံးအဖြေကို ရရှိနိုင်ရန် သင့်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။