- ထိခိုက်စေသော ဓါတ်ပေါင်းများ
မီးလောင်ခြင်းဖြင့် သင့်အရေပြားနှင့် ချွဲလွှာများကို တိုက်ရိုက်ထိခိုက်စေသော ဓါတုပစ္စည်းများ ထွက်လာပါသည်။ ယင်းတို့သည် အသက်ရှုလမ်းကြောင်းရှိ သဘာဝချွဲ အမြှေးများကို ပျက်စီးစေသောကြောင့် အသက်ရှုလမ်းကြောင်း ရောင်ရမ်းခြင်း၊ လေအိတ်လေးများ ပြားခြင်း၊ အသက်ရှုကျပ်ခြင်းတို့ဖြစ်နိုင်ပါသည်။
ဥပမာ- မီးခိုးမှုန်များတွင်ပါဝင်သော sulfur dioxide, ammonia, hydrogen chloride စသည့်ဓါတုပစ္စည်းများကြောင့် ဖြစ်သည်။
ထို့ပြင် အပူချိန်မြင့်မားသော မီးလောင်မှုများကြောင့်လည်း အသက်ရှုလမ်းကြောင်းကို ထိခိုက်စေပါသည်။
- အသက်ရှုကျပ်စေသော ဓါတုပစ္စည်းများ
မီးလောင်ခြင်းကြောင့် ထွက်ရှိလာသော Carbon monoxide, hydrogen cyanide, hydrogen sulfide စသည့်ဓါတ်ပေါင်းများကြောင့် အောက်ဆီဂျင်ကို သွေးထဲရှိ ဆဲလ်များကယူမသုံးနိုင်တော့အောင် ဖြစ်စေပါသည်။
ထိုအခါဆဲလ်များသည် အောက်ဆီဂျင် သယ်ယူပို့ဆောင်ရေးကို မလုပ်နိုင်တော့ဘဲ သေဆုံးသွားရသည်။ မီးလောင်မှုဖြစ်ပွားရာတွင် သေဆုံးရခြင်း၏ အကြောင်းများအနက် လောင်ကျွမ်းရာမှ ထွက်လာသည့် ကာဗွန်ဒိုင်အောက်ဆိုက်ဓါတ်ငွေ့ရှုမိခြင်းကြောင့် အသက်ရှုလမ်းကြောင်းကို ထိခိုက်ပြီး သေဆုံးခြင်းသည် အများဆုံးဖြစ်သည်။
ဖြစ်နိုင်ခြေများ
Inhalation Injury (အသက်ရှုလမ်းကြောင်းကို ထိခိုက်ခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ
ဆေးလိပ် အလွန်အကျွံသောက်ခြင်းသည် အသက်ရှုလမ်းကြောင်းကို ထိခိုက်ခြင်း ကို ဖြစ်နိုင်ချေအများဆုံး အကြောင်းရင်းဖြစ်သည်။
ရောဂါအဖြေရှာခြင်းနှင့် ကုသမှု
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
Inhalation Injury (အသက်ရှုလမ်းကြောင်းကို ထိခိုက်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ
ရောဂါလက္ခဏာများ ပြင်းထန်မှုအပေါ်မူတည်ပြီး ချက်ချင်းစစ်ဆေးသင့်သည်များ ကို ဆရာဝန်က ဆုံးဖြတ်ပေးလိမ့်မည်။
အဆက်မပြတ်ချောင်းဆိုးနေခြင်း၊ အသက်ရှုကျပ်ခြင်း တို့ဖြစ်လျှင် ရင်ဘတ်ဓါတ်မှန်ရိုက်ရန် လိုအပ်သည်။ သင့်တွင်ရောဂါလက္ခဏာများ ပြင်းထန်နေသောလည်း ပထမဆုံးစစ်ဆေးသော ရင်ဘတ်ဓါတ်မှန်ရိုက် တွင် မည်သည့်ထိခိုက်မှုမျှ မတွေ့ရသည်မျိုးလည်းဖြစ်နိုင်သည်။
သို့သော် အချိန်ကြာသွားမှ အဆုတ်ထိခိုက်သော လက္ခဏာများသည် ဓါတ်မှန်တွင် ပေါ်လာနိုင်သည့်အတွက် စောင့်ကြည့်ကာလအတွင်း ရင်ဘတ်ဓါတ်မှန်ကို ထပ်ရိုက်ပြီး စစ်ဆေးသင့်သည်။
- သွေးထဲရှိအောက်ဆီဂျင် တိုင်းတာခြင်း
သွေးထဲတွင်ရှိသော အောက်ဆီဂျင်ပမာဏကို တိုင်းတာသည့် စက်ကလေးကို လက်ချောင်း၊ ခြေချောင်းထိပ်များ နှင့် နားထိပ်တွင် တပ်ပြီးတိုင်းခြင်းဖြစ်သည်။
သို့သော် သွေးပေါင်ကျနေသော အနေအထားမျိုးတွင် မူ သွေးကြောများထဲတွင် သွေးလုံလောက်စွာမရှိခြင်းကြောင့် ထိုစက်နှင့် သွေးထဲရှိအောက်ဆီဂျင်ပမာဏကို တိုင်းရာတွင် မှန်ကန်မှုမရှိနိုင်ပါ။
သွေးဥရေအနည်းအများကို စစ်ခြင်း၊ သွေးပြန်ကြောထဲရှိ ဓါတ်များကို စစ်ဆေးခြင်း၊ သွေးထဲရှိ carboxyhemoglobin နှင့် methemoglobin ဓါတ်များကို စစ်ဆေးခြင်းတို့ပြုလုပ်နိုင်သည်။
Inhalation Injury (အသက်ရှုလမ်းကြောင်းကို ထိခိုက်ခြင်း) ကို ဘယ်လိုကုသပါသလဲ
- အိမ်တွင် ဂရုစိုက်စောင့်ကြည့်ခြင်း
ရှေးဦးစွာ လူနာကို မီးခိုးငွေ့များနှင့် ဝေးရာ သန့်ရှင်းသော လေရှိရာဆီသို့ပြောင်းရွှေ့ပါ။ မီးလောင်ပြင်ထဲသို့ရောက်နေသော သူများကို အပြင်မဆွဲထုတ်မီ သင့်ကိုယ်သင်လည်း အန ္တရာယ်မဖြစ်အောင် ကာကွယ်ပါ။
အကယ်၍ သင်သည် ထိုသို့ ကယ်ဆယ်ရန် မစွမ်းသာပါက အခင်းဖြစ်ရာသို့ စနစ်တကျလေ့ကျင့်ထားသော မီးသတ် တပ်ဖွဲ့ဝင်များ လာသည်အထိစောင့်ဆိုင်းပါ။
ဆေးဖက်ဆိုင်ရာ အဖွဲ့အစည်းများရောက်မလာမီ တွင် အရေးပေါ်အသက်ကယ်ခြင်းပညာများ တတ်မြောက်သူများက လိုအပ်လျှင် လိအပ်သလို ကူညီဆောင်ရွက်ပေးနိုင်ပါသည်။
လူနာ၏ အခြေအနေအပေါ်မူတည်ပြီး ကုသမှုများစွာကို လိုအပ်သလို လုပ်ဆောင်ရပါသည်။
အောက်ဆီဂျင်သည် အဓိကကျသော ကုသမှုထဲတွင် ပါဝင်သည်။ အောက်ဆီဂျင်ကို နှာခေါင်းပိုက် ၊ နှာခေါင်းအုပ် သို့မဟုတ် လည်ချောင်းထဲ ထည့်ရသော ပြွန်ချောင်းဖြင့် နည်းအမျိုးမျိုးပေးနိုင်သည်။
ဥပမာအားဖြင့် အသံပြာနေသော သူများအတွက် အောက်ဆီဂျင်ကို ပြွန်ချောင်းဖြင့်ပေးရန်လိုအပ်ပါသည်။ ဆရာဝန်သည် လည်ချောင်းထဲသို့ ပြွန်ချောင်းထဲ့ခြင်းဖြင် လေလမ်းကြောင်းရောင်ရမ်းခြင်းကြောင့် ပိတ်သွားခြင်းမျိုးကို ကာကွယ်ပြီးသားဖြစ်သွားသည်။
ထိုအချိန်တွင် လူနာသည် အသက်ရှုကျပ်ခြင်း၊ စိတ်အခြေအနေမူမမှန်ခြင်းများဖြစ်လာလျှင် အနီးရှိတာဝန်ရှိသူများက လူနာကို အသက်ရှုအောင်လုပ်ခြင်း၊ အသက်ရှုလမ်းကြောင်းတွင် ပိတ်ဆို့နေသည့် အရိအချွဲများကိုစုပ်ထုတ်ခြင်း နှင့် အစားအိမ်ထဲမှ အစာဟောင်များ အသက် ရှုလမ်းကြောင်းထဲသို့ ပြန်မတက်လာရန် လုပ်ခြင်း တို့ကို လုပ်ဆောင်ရပါသည်။
- အဆုတ်ထဲသို့ မှန်ပြောင်းကြည့်ခြင်း
အဆုတ်လေပြွန်များထဲသို့ မှန်ပြောင်းငယ်ဖြင့် ကြည့်ခြင်းဖြင့် အသက်ရှုလမ်းကြောင်းများထဲခိုက်မှု ပမာဏနှင့် ယင်းတွင် ပိတ်ဆို့နေသော အရာများရှိပါက စုပ်ယူထုတ်ရန် လိုမလို သိနိုင်ပါသည်။
- ဖိအားမြှင့် အောက်ဆီဂျင်ပေးခြင်း
လူနာသည် ကာဗွန်မိုနောက်ဆိုက် အဆိပ်သင့်နေသော အခါ ဖိအားမြှင့် အောက်ဆီဂျင်ပေးနိုင်သည်။ ဖိအားမြှင့် အောက်ဆီဂျင်ပေးခြင်းသည် အောက်ဆီဂျင်ကို အိုးများထဲတွင်ဖိအားသုံးပြီး ထဲ့ထားသော အောက်ဆီဂျင်ဓါတ်ငွေ့များဖြစ်ပါသည်။
နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများ
နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများကိုပြုလုပ်ခြင်းဖြင့် အသက်ရှုလမ်းကြောင်းကို ထိခိုက်သူများအတွက် ဘယ်လိုသက်ရောက်မှုရှိနိုင်သလဲ။
အောက်ပါနေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများသည် သင့်အတွက်အကူအညီဖြစ်နိုင်ပါသည်။
- မီးခိုးငွေ့အာရုံခံစနစ်များကို အခန်းများတွင် တပ်ဆင်ထားသင့်သည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် မီးခိုးထွက်နေသောနေရာကို စောလျင်စွာ သိနိုင်ပြီး ဘေးကင်းရာသို့ လျင်မြန်စွာရွှေ့ပြောင်းချိန်ရနိုင်ပါသည်။
- ကာဗွန်မိုနောက်ဆိုက် အာရုံခံကိရိယာများကို လည်း မီးပြင်းဖို၊ ကားဂိုဒေါင်ကဲ့သို့သော ကာဗွန်မိုနောက်ဆိုက်နှင့် ထိတွေ့နေသောနေရာများတွင် တပ်ဆင်ထားသင့်သည်။
- မီးလောင်မှုဖြစ်ခဲ့လျှင် ထွက်ပြေးရမည့်လမ်းကြောင်းများနှင့် မည်သို့ထွက်ပြေးလွတ်မြောက်အောင်ပြုလုပ်ရမည်ကို သင်တန်းများပေးခြင်း မှန်မှန်လေ့ကျင်ြ့ခင်းတို့ကို ပြုလုပ်သင့်သည်။
- အရေးပေါ်အထွက်ခေါ်ဆိုရမည့် ရဲ၊ မီးသတ်ဌာနနှင့် ဗဟိုတည်နေရာများကို ဆက်သွယ်နိုင်မည့် နေရာများကို မြင်သာသောနေရာများတွင် ကပ်ထားသင့်သည်။ ထို့ပြင် မိမိနိုင်ငံ၏ သက်ဆိုင်ရာမြို့နယ်အလိုက် တည်နေရာများကို အင်တာနက်စာမျက်နှာများမှ တဆင့်ရှာဖွေနိုင်သည်။
သင်သိလိုသည်များရှိသော် ဆရာဝန်နှင့်တိုင်ပင်ကာ ပိုမိုကောင်းမွန်သော အကြံဉာဏ်များရယူနိုင်ပါသည်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ