ခုတစ်လော လေထုညစ်ညမ်းမှု ဖြစ်နေတဲ့ဆိုတဲ့ သတင်းတွေ ကြားမိကြမှာပါ။ မော်တော်ယာဉ်တွေများပြားလာမှု၊ အပင်တွေရှားပါးလာမှုတို့နဲ့ စက်ရုံတွေ များပြားလာမှုကြောင့် ရန်ကုန်မှာ လေထုညစ်ညမ်းမှုတွေ ဖြစ်နေရပါတယ်။
ခုတစ်လော လေထုညစ်ညမ်းမှု ဖြစ်နေတဲ့ဆိုတဲ့ သတင်းတွေ ကြားမိကြမှာပါ။ မော်တော်ယာဉ်တွေများပြားလာမှု၊ အပင်တွေရှားပါးလာမှုတို့နဲ့ စက်ရုံတွေ များပြားလာမှုကြောင့် ရန်ကုန်မှာ လေထုညစ်ညမ်းမှုတွေ ဖြစ်နေရပါတယ်။

ဒီတော့ လေထုညစ်ညမ်းရင် ဘယ်လိုကျန်းမာရေး ပြဿနာတွေ ဖြစ်တတ်လဲဆိုတာ သိထားဖို့ လိုနေတာပေါ့။
လေထုထဲမှာ သက်ရှိလူသားတိရိစ္ဆာန်တွေနဲ့ ပတ်ဝန်းကျင် လောကကို ဒုက္ခဖြစ်စေနိုင်တဲ့ အမှုန်အမွှားတွေ၊ ဓါတ်ငွေ့တွေ ပါတာကို ပြောတာပါ။ ဒါတွေကို ေလထုညစ်ညမ်းပစ္စည်း air pollutants လို့ခေါ်ပါတယ်။ ဒီ air pollutants တွေဟာ သဘာဝတရားကြီးဆီကနေလာတာနည်းပြီး လူတွေကြောင့် ဖြစ်တဲ့ စက်ရုံ၊အလုပ်ရုံ၊ မော်တော်ကားဓါတ်ငွေ့ကြောင့် နဲ့ စိုက်ပျိုးလုပ်ငန်းကြီးတွေဆီကနေ လာတာများပါတယ်။
လေထုညစ်ညမ်းတာကြောင့် ဖြစ်ရတဲ့ ကျန်းမာရေးပြဿနာတွေဟာ အသက်ကြီးတဲ့သူတွေ၊ ကလေးတွေ၊ နဂိုရောဂါ အခံတစ်ခုခုရှိနေတဲ့သူတွေ ၊ခုခံအားကျဆင်းနေတဲ့သူတွေ မှာ အဖြစ်များပြီး ပိုပြင်းထန်တတ်ပါတယ်။
လေထုညစ်ညမ်း ပစ္စည်းတွေကြောင့် ဖြစ်တဲ့ ကျန်းမာရေးပြဿနာတွေကတော့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေဖြစ်တဲ့ ချောင်းဆိုးတာ၊ ေလပြွန်ရောင်တာနဲ့ ပန်းနာရင်ကြပ်ရောဂါ စတာတွေပဲ ဖြစ်ပါတယ်။
လေထု အဆိပ်သင့်တယ်ဆိုတာ လေထုထဲမှာ Air pollutants တွေ များများသိပ်သည်းလာခြင်းရဲက အဆိုးဆုံး အဆင့်ပဲဖြစ်ပါတယ်။ ဒီအခြေအနေထိရောက်သွားတာရှားတယ်ဆိုပေမယ့် သူဖြစ်ခဲ့ရင် သက်ရှိလူသားတွေနဲ့ အပင်တိရိစ္ဆာန်တွေ အားလုံးကိုသူက ဒုက္ခပေးမှာပါ။
လေထုအဆိပ်သ့င့်ခြင်းကို ဖြစ်စေတဲ့ အဓိက တရားခံတွေကတော့
ပတ်ဝန်းကျင်မျာရှိတဲ့ ဖုန်မှုန့်တွေ၊ သဲတွေကလည်း လေထုညစ်ညမ်းခြင်းကို ဖြစ်စေတဲ့ အကြောင်းအရာတွေထဲက တစ်ခုပါ။
သစ်ရွက်တွေ အမှိုက်တွေကို မီးရှို့ပြီး အပူလှုံကြတဲ့ ဓလေ့ဟာ ခုနောက်ပိုင်း အတော်လေးကို ရေပန်းစားလာတဲ့ အရာတစ်ခုပါ။ အမှိုက်လည်းရှင်း အပူလည်းရတယ် တစ်ချက်ခုတ် နှစ်ချက်ပြတ်ပေ့ါ။ ဒါပေမယ့် နောက်မှာ မပြတ်ဘဲ တန်းလန်းပါလာမယ့်အရာကတော့ လေထုညစ်ညမ်းမှုပါ။ ဒီလို သစ်ရွက်တွေကို မီးရှို့ရာကနေထွက်လာတဲ့ ဓါတ်ငွေ့ကို ရှူမိရင်
အထူးသဖြင့် ဆောင်းရာသီနဲ့ နွေဦးရာသီမှာဆို ဒီလို သစ်ရွက်ပုံတွေကို မီးရှို့ပြီး အပူလှုံလေ့ရှိပါတယ် ။ ။၏
Legionnaires’ disease ဆိုတာ ပတ်ဝန်းကျင်မှာရှိတဲ့ Legionella ဘက်တီးရီးယားကို ရှူလိုက်ရာကနေဖြစ်တဲ့ အသက်အန္တရာယ်ခြိမ်းခြောက်နိုင်တဲ့ အဆုတ်ပိုးဝင်ခြင်းတစ်မျိုးပါ။ သူတို့ဟာ ညစ်ညမ်းနေတဲ့လေထုထဲမှာ ပိုအသက်ရှင်နိုင်ကြပြီး ခုံခံအားနည်းနေတဲ့ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေဆီကို ဝင်တာများပါတယ်။
အချုပ်ပြန်ပြောရရင် အသက်တစ်ချက်ရှူလိုက်တိုင်း ရောဂါဖြစ်အောင် တွန်းပို့ပေးနေတဲ့လေတွေ ကိုယ်ထဲဝင်ဝင်လာတာလောက် ကြောက်စရာကောင်းတဲ့ အရာမရှိပါဘူး။ ဒါကြောင့် ကိုယ့်အိမ်ပတ်ဝန်းကျင်မှာ အပင်များများစိုက်ပါ။ လေထုညစ်ညမ်းမှုကို လျှော့ချတဲ့ အနေနဲ့ လမ်းခဏလောက်လျှောက်လိုက်ရင် ရောက်မယ့်နေရာကို ဆိုင်ကယ်တွေ ကားတွေသုံးပြီး မသွားပါနဲ့ ။
Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။