အရွယ်အစားလည်း သေးပြီး လက္ခဏာလည်း မပြတဲ့အတွက် သတိမထားမိကြတာ များပါတယ်။ ဆေးစစ်ရင်းနဲ့ မတော်တဆတွေ့ကြတာမျိုးလောက်ပဲ ရှိပါတယ်။ ဥပမာ နေမကောင်းလို့ ရင်ဘတ်ဓာတ်မှန်တွေ၊ ကွန်ပျူတာဓာတ်မှန်တွေ ရိုက်ရာက အဆုတ်မှာ အစက်အပြောက်အနေနဲ့ စပြီး သတိထားမိတာမျိုးပါ။ ကယ်ဆီယမ်ဝင်ပြီးသား အကျိတ်တွေကတော့ ပိုပြီး ထင်ထင်ရှားရှား မြင်ရပါတယ်။
အကျိတ်က ကင်ဆာကျိတ်လား၊ ရိုးရိုး Granuloma အကျိတ်လားဆိုတာ ဆရာဝန်က ခွဲခြားပေးပါလိမ့်မယ်။ ဒီလို ခွဲခြားနိုင်ဖို့ လိုအပ်ရင် တခြားဆေးစစ်ချက်တွေ ဆက်စစ်ဆေးရပါမယ်။
ကင်ဆာလို့ယူဆရင် သေချာအောင် လေပြွန်ထဲ ထည့်လို့ရတဲ့ မှန်ပြောင်းကို သုံးပြီး အသားစယူ စစ်ဆေးပါလိမ့်မယ်။
Granuloma အကျိတ်ကို ဘယ်လို ကုသနိုင်သလဲ။
Granuloma အကျိတ်က လက္ခဏာလည်း မပြဘူး။ လူကိုလည်း ဒုက္ခမပေးဘူးဆိုရင် မကုဘဲ ထားလို့ရပါတယ်။
ဒါပေမယ့် Granuloma အကျိတ်ရဲ့ နောက်ကွယ်မှာ ရောဂါတစ်ခုခုရှိနိုင်တဲ့အတွက် ဒါကိုတော့ ကုသရပါမယ်။ ဥပမာ ပိုးဝင်တာကြောင့် လိုအပ်တဲ့ ပိုးသတ်ဆေးတွေ ပေးမယ်။ ရောင်ရမ်းနာကြောင့်ဆိုရင် စတီးရွိုက်တို့၊ တခြားဆေးဝါးတွေနဲ့ ကုသတာမျိုး လုပ်ပေးရပါမယ်။
Takeaways
Granuloma အကျိတ်က သာမန်အားဖြင့် ဘာမှမဖြစ်လို့ စိုးရိမ်စရာ မရှိပါဘူး။ ကင်ဆာကျိတ်လည်း မဟုတ်ပါဘူး။ နောက်ခံအကြောင်းရင်းကို သေချာကုသနိုင်ရင်တော့ Granuloma အကျိတ်တွေ ပွားမလာအောင် တားနိုင်ပါတယ်။ ဒါပေမယ့် အသက်ရှူလမ်းကြောင်း လက္ခဏာတွေ ခံစားနေရရင် ဆရာဝန်နဲ့ ပြဖြစ်အောင် ပြပါ။ Granuloma အကျိတ်က အန္တရာယ်မပေးသည့်တိုင်အောင် သူ့ကို ဖြစ်စေတဲ့ အကြောင်းကို ရှာဖွေကုသရမှာကြောင့် ဖြစ်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။