backup og meta

အသက်သေဆုံးသည်အထိ ပြင်းထန်တဲ့တုပ်ကွေးများအကြောင်း တစ်စေ့တစ်စောင်း

အသက်သေဆုံးသည်အထိ ပြင်းထန်တဲ့တုပ်ကွေးများအကြောင်း တစ်စေ့တစ်စောင်း

အအေးမိ တုပ်ကွေးလို့ လူတွေပြောလေ့ရှိတာဆိုတော့ တုပ်ကွေးဆိုတာက သိပ်ပြင်းထန်တဲ့ရောဂါတစ်ခုမဟုတ်ဘူးလို့ လူတွေထင်စရာရှိပါတယ်။ တကယ်တမ်းက ရာသီအလိုက်အဖြစ်များလေ့ရှိတဲ့တုပ်ကွေးအပျော့စားကြောင့်သာ တုပ်ကွေးဆိုတာက သိပ်မပြင်းထန်တဲ့ရောဂါတစ်ခုလို့ ထင်မြင်ရတာပါ။ တကယ်တမ်းမှာတော့ အရမ်းပြင်းထန်တဲ့တုပ်ကွေးဗိုင်းရပ်စ်ေတွလည်း ရှိပါတယ်။ ဒီဆောင်းပါးမှာတော့ အသက်သေဆုံးသည်အထိ ပြင်းထန်နိုင်တဲ့တုပ်ကွေးတွေအကြောင်းကို ပြောပြပေးသွားမှာပါ။

တုပ်ကွေးဘာကြောင့်ဖြစ်ရတာလဲ

တုပ်ကွေးဆိုတာ Influenza လို့ခေါ်တဲ့ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ရတာပါ။ သူက အဓိကအားဖြင့် အသက်ရှူလမ်းကြောင်းကို ဒုက္ခပေးတာဖြစ်ပါတယ်။ အဖြစ်များတဲ့ လက္ခဏာတွေကတော့

တုပ်ကွေး ဘယ်နှစ်မျိုးရှိလဲ

Influenza Virus ကို A, B, C ဆိုပြီး အုပ်စု ကြီး၃ခုခွဲလို့ရပါတယ်။

Influenza Virus A

Influenza A ဗိုင်းရပ်စ်ကို Avian Influenza ( Bird Influenza) လို့ လူသိများပါတယ်။ Influenza A ဗိုင်းရပ်စ်က တိရစ ္ဆာန်တွေ၊ ငှက်တွေမှာ အဖြစ်များပါတယ်။ ပိုးကူးစက်ခံနေရတဲ့ ငှက်တွေ ကြက်တွေကတစ်ဆင့် လူတွေဆီကို ကူးစက်တာဖြစ်ပါတယ်။ Influenza A ဗိုင်းရပ်စ်က ပျံ့နှံမှု အများဆုံးဖြစ်ပြီး လူတွေကို ဒုက္ခအပေးနိုင်ဆုံးပါ။ Influenza A ဗိုင်းရပ်စ်မှာ H1N1 နဲ့ H5N1တို့က နာမည် အကြီးဆုံးပါ။ လူတွေကို အသက်သေဆုံးတဲ့ အထိ ဒုက္ခပေးနိုင်ပါတယ်။ ထိန်းမနိုင်လောက်အောင်ကို ကူးစက်တဲ့ နှုန်းမြန်ပြီး ရောဂါဖြစ်တဲ့ သူတွေ ခဏလေးအတွင်းမှာများလာနိုင်ပါတယ်။

၁။ H1N1 တုပ်ကွေး။ ။ သေပျောက်နှုန်း – ၂.၅ မှ ၅၀ရာခိုင်နှုန်း။

H1N1 ကို ဝက်တုပ်ကွေးလို့လည်းခေါ်ပါတယ်။ ပိုးကူးစက်ခံနေရတဲ့ ဝက်တွေကို ထိတွေ့ကိုင်တွယ်မိပြီး လူဆီကို ကူးစက်ကာ ပျံ့နှံ့လာတဲ့ တုပ်ကွေးဖြစ်ပါတယ်။ အရင် အချိန်တွေတုန်းကတော့ ကြောက်ဖို့မကောင်းခဲ့ပေမယ့် ခုနောက်ပိုင်း H1N1 မျိုးစိတ်အသစ်တွေ ထွက်လာလို့ လူတွေကို အသက်သေဆုံးသည် အထိဒုက္ခပေးနိုင်တဲ့ ကြောက်စရာ အကောင်းဆုံး တုပ်ကွေးစာရင်းကို ဝင်လာခဲ့ပါပြီ။ ရောဂါလက္ခဏာတွေကတော့ တခြားရာသီတုပ်ကွေးတွေလိုပါပဲ။ ချောင်းဆိုးမယ်။ နှာစေးမယ်၊ ကိုယ်အပူချိန်တက်မယ်၊ ချမ်းတုန်ပြီး အဖျားတက်မယ်၊ ခေါင်းကိုက်မယ်၊ ကိုယ်တွေလက်တွေ နာကျင် ကိုက်ခဲမယ်။ ပြင်းထန်တဲ့ အဆင့်ရောက်သွားပြီဆို

  • အသက်ရှူကြပ်လာမယ်၊
  • ဗိုက်အောင့်မယ်၊
  • ပျို့အန်မယ်၊
  • မူးဝေပြီး သတိလစ်ကာ အသက်သေဆုံးသည် အထိပြင်းထန်ပါတယ်။ ၂၀၁၇ ခုနှစ်မိုးရာသီမှာ မြန်မာပြည်တွင် ဟိုးလေးတစ်ကျော်ကျော် ဖြစ်ခဲ့တဲ့ တုပ်ကွေးတစ်ခုပါ။

၂။ H5N1 ကြက်ငှက်တုပ်ကွေး။ ။ သေပျောက်နှုန်း ၆၀ ရာခိုင်နှုန်း။

H5N1 ကိုတော့ ကြက်ငှက်တုပ်ကွေးလို့ လူသိများပါတယ်။H5N1ကို ၁၉၉၇ မှာ စပြီး တွေ့ရှိခဲ့ကြပါတယ်။ ကြက်တွေ၊ငှက်တွေမှာ ဗိုင်းရပ်စ်ပိုး ကူးစက်ရာကတစ်ဆင့် ထိုကြက်တွေကို ကိုင်မိတဲ့ လူတွေဆီကို ရောက်လာတာဖြစ်ပါတယ်။ သူက H1N1 ထက် ၁၀ ဆ ပြင်းထန်တဲ့ တုပ်ကွေးတစ်ခုပါ။ တခြားရာသီတုပ်ကွေးတွေလိုပဲ နှာစီးချောင်းဆိုး၊ ဖျားနာတာအပြင် H5N1 ဟာ အဆုတ်ပိုးဝင်ခြင်းနဲ့ အဆုတ်ရောင်ခြင်းကို ပိုဖြစ်စေပါတယ်။ H5N1 ကြောင့်လူနာရဲ့ အခြေအနေကလည်း နေ့ချင်းညချင်း ဆုတ်ယုတ်လာပြီး ပြင်းထန်တဲ့ အဆုတ်ရောင်ခြင်း၊ အခြားသော ကိုယ်တွင်းအဂါၤများ ပျက်စီးခြင်းနဲ့ အသက်သေဆုံးခြင်းဟာ အချိန်တိုလေးအတွင်းမှာတင် ဖြစ်သွားနိုင်လောက်အောင် ကြောက်စရာကောင်းတဲ့ တုပ်ကွေးတစ်မျိုးပါ။

Influenza Virus B

Influenza B ဗိုင်းရပ်စ်ကတော့ လူတွေမှာပဲဖြစ်နိုင်ပြီး ရာသီတုပ်ကွေးလို့လည်း လူသိများပါတယ်။ လူတစ်ယောက်နဲ့ တစ်ယောက်ဆီကို ကူးစက်တာမြန်တတ်ပြီး လေထဲနေ ကူးစက်တဲ့ ရောဂါ တစ်ခုပါ။ Influenza B ဗိုင်းရပ်စ်က ထိန်းမနိုင်လောက်အောင်တော့ မပျံ့နှံ့တတ်ပါဘူး။ သူ့လက္ခဏာတွေကတော့

  • ဖျားမယ်၊
  • နှာစေးချောင်းဆိုးမယ်၊
  • လည်ချောင်းနာမယ်၊
  • ကိုယ်လက်ကိုက်ခဲမယ်၊
  • ခေါင်းကိုက်မယ် စတာတွေဖြစ်တတ်ပါတယ်။ ရာသီတုပ်ကွေးမိရင် ပိုးသတ်ဆေး သောက်စရာ မလိုပါဘူး၊ ခုခံအားကောင်းအောင် လုပ်တာနဲ့တင် ပြန်သက်သာသွားမှာပါ။

Influenza Virus C

Influenza C ဗိုင်းရပ်စ်ကတော့ လူတွေမှာပဲ တွေ့ရပြီး A နဲ့ Bလောက် မပြင်းထန်ပါဘူး။ လူတစ်ယောက်ကနေ တစ်ယောက်ကို ကူးစက်မှုကလည်း သိပ်မမြန်ပါဘူး။ နှာစေး၊ ချောင်းဆိုးတာလောက်ပဲ ဖြစ်တတ်ပါတယ်။ ပြီးရင် သူ့ဘာသာသူပြန်သက်သာသွားပါတယ်။

ပြောပြခဲ့တာတွေကတော့ လူတွေမှာ ဖြစ်တတ်တဲ့ တုပ်ကွေးတွေပဲဖြစ်ပါတယ်။ တုပ်ကွေးဆိုတာ ခုခံအားနည်းရင် ဝင်လာတတ်တာမို့ ခုခံအားကောင်းအောင် လုပ်ထားသင့်ပါတယ်။ ကိုယ့်ပတ်ဝန်းကျင်မှာ တုပ်ကွေးဖြစ်တဲ့ လူတွေရှိနေပြီဆိုတာနဲ့ အိမ်တွင်းဆေးတစ်ခွက်ဖြစ်တဲ့ ဂျင်းပြုတ်ရည်တွေသောက်တာ၊ ခုခံအားကောင်းအောင် အိပ်ရေးဝဝအိပ်တာ၊ အစားမှန်မှန်စားတာတွေ လုပ်ပေးသင့်ပါတယ်။ ကိုယ့်မှာ တုပ်ကွေးဖြစ်နေရင်လည်း အခြားသူတွေကို ထပ်မကူးစက်အောင် နှာစေးချောင်းဆိုးရင် လက်ကိုင်ပုဝါနဲ့ အုပ်ပြီး ဆိုးတာမျိုးတွေ လုပ်သင့်ပါတယ်။ ခုနောက်ပိုင်းဆေးပညာတိုးတက်လာတော့ တုပ်ကွေးကို ကြိုတင်ကာကွယ်နိုင်ဖို့ ကာကွယ်ဆေးတွေကြိုပြီးထိုးထားနိုင်ပါပြီ။ တုပ်ကွေးဆိုတာကလည်း တစ်နှစ်နဲ့ တစ်နှစ်ပြောင်းလဲနေတာမို့ တုပ်ကွေးကာကွယ်ဆေးကို တစ်နှစ်တစ်ခါ ထိုးသင့်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Types of Fluhttps://www.webmd.com/cold-and-flu/advanced-reading-types-of-flu-viruses#1 Accessed Date 21.9.2018

H1N1 Flu Virus (Swine Flu)https://www.webmd.com/cold-and-flu/flu-guide/h1n1-flu-virus-swine-flu#1-3 Accessed Date 21.9.2018

Should I worry about H5N1 bird flu?https://www.medicalnewstoday.com/articles/5556.php Accessed Date 21.9.2018

Top 10 Deadliest Viruses in Human Historyhttp://listamaze.com/top-10-deadliest-human-viruses-in-the-world/Accessed Date 21.9.2018

 

ယခုပုံစံ

11/07/2022

Dr. Thin Yadanar @ Frances မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

တုပ်ကွေး ကို ဘယ်လို ကာကွယ်ကြမယ်

တုပ်ကွေးကာကွယ်ဖို့ တစ်ကိုယ်ရေသန့်ရှင်းရေး ဂရုစိုက်စို့



Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 11/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement