အကောင်းဆုံး ကာကွယ်နည်းကတော့ ကိုယ်ဓာတ်မတည့်တာကို ဝေးဝေးက ရှောင်ဖို့ပါပဲ။ ဒီလူနာတွေက တရှောင်ရှောင် ဖြစ်နေတာမျိုး မဟုတ်ဘဲ မတည့်တာနဲ့တွေ့မှ ရောဂါထဖောက်တာမျိုးပါ။ သာမန်အချိန်တွေမှာတော့ လူကောင်းတစ်ယောက်လိုပါပဲ။ ဒါကြောင့် ဓာတ်မတည့်တာကို သိပြီး သတိထားရှောင်ဖို့က အဓိကပါပဲ။
ဥပမာ ပြောရရင် အိမ်မှာ ပိုးဟပ်မလာအောင် သန့်သန့်ရှင်းရှင်းထားတာမျိုး၊ ပိုးကောင်လေးတွေ အောင်းတတ်တဲ့ အိပ်ရာကို မကြာခဏ လျှော်ဖွပ်တာမျိုး၊ အိမ်က ပစ္စည်းတွေ မှိုမတက်အောင် မိုးတွင်းဆို ရေငွေ့စုပ်စက်လေးတွေ ထားတာ၊ အိမ်မွေးတိရစ္ဆာန်တွေနဲ့ ဝေးဝေးနေတာ၊ ဝတ်မှုန်လွင့်ချိန်ကျရင် လေနဲ့အတူ လွင့်မလာအောင် ကိုယ့်အခန်းတံခါးလေးတွေ ပိတ်ထားတာ၊ အပြင်ထွက်တဲ့အခါ နှာခေါင်းစည်းတပ်တာမျိုး လုပ်လို့ရပါတယ်။
ဓာတ်မတည့် ပန်းနာရင်ကျပ်ကို လုံးဝမဖြစ်အောင် ကာကွယ်လို့ မရပေမယ့် ဒီနည်းလမ်းလေးတွေနဲ့ဆိုရင်တော့ ဖြစ်တဲ့ အကြိမ်ရေ နည်းသွားမှာပါ။ မတော်တဆ ရောဂါဖောက်လာခဲ့ရင် လုပ်နိုင်ဖို့ ဆေးတွေဆောင်ထားပါ။ ဆေးရှူလို့ မသက်သာဘူးဆိုရင်တော့ ပြင်းထန်ဓာတ်မတည့်အခြေအနေ anaphylaxis ဖြစ်နိုင်လို့ ဆေးရုံကို အမြန်သွားဖို့ အကြံပြုလိုပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။